Local News



မဲခေါင်၊ သြဂုတ် ၁၁





MeKongNews

အကြမ်းဖက်စစ်သားများ ခိုးယူခဲ့သော ပစ္စည်းအား ပြည်သူ့ထံ ပြန်လည်ပေးလိုသဖြင့် အထောက်အထားဖြင့် လာရောက် ဆက်သွယ်နိုင်ကြောင်း ကြေညာ

မဲခေါင်၊ သြဂုတ် ၁၁

အရာတော်မြို့နယ် မင်းရွာကြီးကျေးရွာကို မီးရှို့ခဲ့သော အကြမ်းဖက်စစ်သားများသည် ဇီးပင်ဝိုင်းကျေးရွာတွင် တပ်စွဲခဲ့‌ပြီး‌နောက် ယမန်နေ့ မနက်က လေကြောင်းဖြင့် ပြန်လည်ထွက်ခွါရာ ဆုတ်လမ်းအား

အရာတော်မြို့နယ်တော်လှန်ရေးတပ်‌ပေါင်းစု ရဲဘော်များမှ နယ်မြေရှင်းလင်းလုံခြုံရေးဆောင်ရွက်စဉ် လက်ဝတ်ရတနာပစ္စည်း ကို ကောက်ယူ တွေ့ရှိ၍ အခြား တွေ့ရှိသော ပစ္စည်းများနှင့်အတူ ကောင်းမွန်စွာ မှတ်တမ်းတင်သိမ်းဆည်းထားရှိသည်ဟု ထုတ်ပြန်သည်။

အကြမ်းဖက်စစ်သားများ ခိုးယူလာခဲ့သော ၎င်းလက်ဝတ်ရတနာပစ္စည်းအား ပြည်သူ့ထံ ပြန်လည်အပ်နှံလိုပါသဖြင့် ပိုင်ဆိုင်ခဲ့သော အထောက်အထားပြနိုင်ပါက အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ Facebook စာမျက်နှာသို့လည်းကောင်း၊

အရာတော် ဒေသခံတော်လှန်ရေး အဖွဲ့အစည်းများသို့လည်းကောင်း ဆက်သွယ်ပေးပါရန် အသိပေးအကြောင်းကြားထားသည်။

MeKongNews