Local News

ေနျပည္ေတာ္ ေလဆိပ္တြင္ စစ္ေကာင္စီတပ္သား အခ်င္းခ်င္းပစ္

ေနျပည္ေတာ္ ေလဆိပ္တြင္ စစ္ေကာင္စီတပ္သား အခ်င္းခ်င္းပစ္၊ ၂ ဦးေသဆုံး

လုံၿခဳံေရးအလြန္တင္းက်ပ္ထားသည့္ ေနျပည္ေတာ္ေလဆိပ္ ေလယာဥ္ကြင္းပတ္လည္တြင္ တာဝန္က်ေသာ စစ္ေကာင္စီတပ္သားအခ်င္းခ်င္း ဩဂုတ္ ၁၀ နံနက္ပိုင္းက ပစ္ခတ္ရာမွ ၂ ဦး ေသဆုံးသြားသည္ဟု Myanmar Now က စုံစမ္းသိရသည္။

ကြင္းလုံၿခဳံေရးယူထားသည့္ တပ္သားမ်ား အရက္ေသာက္ အမူးလြန္ရာမွ တပ္သားတစ္ဦးက ပစ္ခတ္ရာ ၁ တစ္ဦး ေသဆုံး၊ ၁ ဦး ဒဏ္ရာရခဲ့သည္။ ထို႔အျပင္ ပစ္ခတ္သူ စစ္သားကိုယ္တိုင္လည္း ကိုယ့္ကိုယ္ကိုယ္ ေသနတ္ျဖင့္ အဆုံးစီရင္ခဲ့သည္ဟု ေနျပည္ေတာ္ေလယာဥ္ကြင္းႏွင့္ နီးစပ္သည့္ သတင္းရင္းျမစ္တစ္ခုက ေျပာသည္။

“အရက္ေသာက္ စကားမ်ားၿပီး ေသနတ္နဲ႔ ပစ္လိုက္တာ၊ ရဲေဘာ္တစ္ေယာက္ထိသြားေတာ့ အဲဒါကို မေက်နပ္လို႔ အထက္လူႀကီးကို သြားတိုင္တဲ့သူတစ္ေယာက္ကိုလည္း ပစ္လိုက္တာ၊ မူးေနေတာ့ ပါးကို မွန္သြားတယ္။ ၿပီးေတာ့ ပစ္သတ္တဲ့ ရဲေဘာ္ကလည္း သူ႔ဘာသာသူ အဆုံးစီရင္သြားတယ္” ဟု အထက္ပါ သတင္းရင္းျမစ္က ေျပာသည္။

ပစ္ခတ္မႈႏွင့္ ပတ္သက္ၿပီး Myanmar Now က သီးျခား အတည္ျပဳႏိုင္ရန္ ႀကိဳးပမ္းေနသည္။ စစ္ေကာင္စီက တပ္တြင္းပဋိပကၡကို သတင္းထုတ္ျပန္ေလ့မရွိေပ။

ေနျပည္ေတာ္မွ ေဒသခံတစ္ဦးကမူ ၾသဂုတ္ ၁၀ရက္ နံနက္ပိုင္းက ရဲကားႏွင့္ စစ္ကားမ်ား ငါစီးထက္မနည္း အခင္းျဖစ္ပြားရာေနရာသို႔ လာေရာက္သည္ကို ေတြ႕ျမင္ခဲ့ေၾကာင္း ေျပာသည္။

ေဒသအေခၚ ေအလာေလယာဥ္ကြင္း ပတ္ပတ္လည္ ၿခံစည္း႐ိုးအျပင္စည္းတြင္ အေျမာက္တပ္၊ ေလေၾကာင္းရန္ကာကြယ္ေရးတပ္မ်ား ရွိေနၿပီး ေလယာဥ္ကြင္းအတြင္းစည္းတြင္ ရဲတပ္ဖြဲ႕၊ ေလတပ္၊ ေလဆိပ္လုံၿခဳံေရးဝန္ထမ္းမ်ားက ေစာင့္ၾကပ္ၾကသည္။

ေနျပည္ေတာ္တြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ရဲကား စစ္ကားမ်ားျဖင့္ လွည့္လည္ေနတတ္ၿပီး ျပည္ပဧည့္သည္မ်ားႏွင့္ စစ္တပ္ေခါင္းေဆာင္မ်ား အမ်ားဆုံးသြားလာသည့္ေနရာမ်ိဳးတြင္ လက္နက္ကိုင္လုံၿခဳံေရးတပ္သားအျပင္ CCTV မ်ား တပ္ဆင္ ေစာင့္ၾကည့္ေလ့ရွိသည္။ ထိုသို႔ လုံၿခဳံေရးတင္းက်ပ္သည့္ ေနျပည္ေတာ္တြင္ စစ္ေကာင္စီကို ဆန္႔က်င္လႈပ္ရွားမႈမ်ားမွာ နည္းပါးလွသည္။

အာဏာသိမ္းၿပီးေနာက္ စစ္ေကာင္စီကို ဆန႔္က်င္သည့္ ေဒသကာကြယ္ေရး တပ္ဖြဲ႕မ်ား ရာႏွင့္ခ်ီေပၚေပါက္လာကာ ရန္ကုန္၊ မႏၲေလး ၿမိဳ႕ႀကီးမ်ားတြင္သာမက စစ္ကိုင္း၊ မေကြး၊ ကယား၊ ကရင္တို႔တြင္ စစ္ေကာင္စီတပ္သားမ်ားကို တိုက္ခိုက္လ်က္ရွိသည္။ ထိုကဲ့သို႔ စစ္မ်က္ႏွာျပင္ က်ယ္ျပန႔္လာၿပီး စစ္ပမ္းေနသည့္ အေျခအေနတြင္ တပ္တြင္းစည္းလုံးေရး အထူးအေရးႀကီးေၾကာင္း ယခုႏွစ္ မတ္ ၂၇ တြင္ အာဏာသိမ္းစစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္က သူ႔တပ္သားမ်ားကို သတိေပးထားသည္။

source-ျမန္မာေနာင္း

နေပြည်တော် လေဆိပ်တွင် စစ်ကောင်စီတပ်သား အချင်းချင်းပစ်၊ ၂ ဦးသေဆုံး

လုံခြုံရေးအလွန်တင်းကျပ်ထားသည့် နေပြည်တော်လေဆိပ် လေယာဉ်ကွင်းပတ်လည်တွင် တာဝန်ကျသော စစ်ကောင်စီတပ်သားအချင်းချင်း ဩဂုတ် ၁၀ နံနက်ပိုင်းက ပစ်ခတ်ရာမှ ၂ ဦး သေဆုံးသွားသည်ဟု Myanmar Now က စုံစမ်းသိရသည်။

ကွင်းလုံခြုံရေးယူထားသည့် တပ်သားများ အရက်သောက် အမူးလွန်ရာမှ တပ်သားတစ်ဦးက ပစ်ခတ်ရာ ၁ တစ်ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရခဲ့သည်။ ထို့အပြင် ပစ်ခတ်သူ စစ်သားကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့် အဆုံးစီရင်ခဲ့သည်ဟု နေပြည်တော်လေယာဉ်ကွင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက ပြောသည်။

“အရက်သောက် စကားများပြီး သေနတ်နဲ့ ပစ်လိုက်တာ၊ ရဲဘော်တစ်ယောက်ထိသွားတော့ အဲဒါကို မကျေနပ်လို့ အထက်လူကြီးကို သွားတိုင်တဲ့သူတစ်ယောက်ကိုလည်း ပစ်လိုက်တာ၊ မူးနေတော့ ပါးကို မှန်သွားတယ်။ ပြီးတော့ ပစ်သတ်တဲ့ ရဲဘော်ကလည်း သူ့ဘာသာသူ အဆုံးစီရင်သွားတယ်” ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

ပစ်ခတ်မှုနှင့် ပတ်သက်ပြီး Myanmar Now က သီးခြား အတည်ပြုနိုင်ရန် ကြိုးပမ်းနေသည်။ စစ်ကောင်စီက တပ်တွင်းပဋိပက္ခကို သတင်းထုတ်ပြန်လေ့မရှိပေ။

နေပြည်တော်မှ ဒေသခံတစ်ဦးကမူ သြဂုတ် ၁၀ရက် နံနက်ပိုင်းက ရဲကားနှင့် စစ်ကားများ ငါစီးထက်မနည်း အခင်းဖြစ်ပွားရာနေရာသို့ လာရောက်သည်ကို တွေ့မြင်ခဲ့ကြောင်း ပြောသည်။

ဒေသအခေါ် အေလာလေယာဉ်ကွင်း ပတ်ပတ်လည် ခြံစည်းရိုးအပြင်စည်းတွင် အမြောက်တပ်၊ လေကြောင်းရန်ကာကွယ်ရေးတပ်များ ရှိနေပြီး လေယာဉ်ကွင်းအတွင်းစည်းတွင် ရဲတပ်ဖွဲ့၊ လေတပ်၊ လေဆိပ်လုံခြုံရေးဝန်ထမ်းများက စောင့်ကြပ်ကြသည်။

နေပြည်တော်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရဲကား စစ်ကားများဖြင့် လှည့်လည်နေတတ်ပြီး ပြည်ပဧည့်သည်များနှင့် စစ်တပ်ခေါင်းဆောင်များ အများဆုံးသွားလာသည့်နေရာမျိုးတွင် လက်နက်ကိုင်လုံခြုံရေးတပ်သားအပြင် CCTV များ တပ်ဆင် စောင့်ကြည့်လေ့ရှိသည်။ ထိုသို့ လုံခြုံရေးတင်းကျပ်သည့် နေပြည်တော်တွင် စစ်ကောင်စီကို ဆန့်ကျင်လှုပ်ရှားမှုများမှာ နည်းပါးလှသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ဆန့်ကျင်သည့် ဒေသကာကွယ်ရေး တပ်ဖွဲ့များ ရာနှင့်ချီပေါ်ပေါက်လာကာ ရန်ကုန်၊ မန္တလေး မြို့ကြီးများတွင်သာမက စစ်ကိုင်း၊ မကွေး၊ ကယား၊ ကရင်တို့တွင် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်လျက်ရှိသည်။ ထိုကဲ့သို့ စစ်မျက်နှာပြင် ကျယ်ပြန့်လာပြီး စစ်ပမ်းနေသည့် အခြေအနေတွင် တပ်တွင်းစည်းလုံးရေး အထူးအရေးကြီးကြောင်း ယခုနှစ် မတ် ၂၇ တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့တပ်သားများကို သတိပေးထားသည်။

source-မြန်မာနောင်း