Local News

သမိုင္းဝင္စံခ်ိန္သစ္တင္သြားတဲ့ ယေန႔ ေရႊေစ်း

သမိုင္းဝင္စံခ်ိန္သစ္တင္သြားတဲ့ ယေန႔ ေရႊေစ်း

အေခါက္ေ႐ႊတစ္က်ပ္သား ၂၅ သိန္းေရာက္ရွိေ႐ႊႏွင့္ေဒၚလာ ေစ်းအျမင့္ေပးလွ်င္ပင္ ဝယ္မရ

အေခါက္ေ႐ႊတစ္က်ပ္သား ၂၅ သိန္းေရာက္ရွိၿပီး အေမရိကန္တစ္ေဒၚလာ ၂၇၅၀ က်ပ္ေစ်းေပါက္ေန၊ ေ႐ႊႏွင့္ေဒၚလာ ေစ်းအျမင့္ေပးလွ်င္ပင္ ဝယ္မရ

ရန္ကုန္၊ ဩဂုတ္ ၁၁

ျပည္တြင္းစီးပြားေရးေစ်းကြက္တြင္ အကယ္ဒမီမီးလင္းေ႐ႊတစ္က်ပ္သားလွ်င္ ေငြက်ပ္ ၂၅ သိန္း ယေန႔ နံနက္ပိုင္း ေရာက္ရွိသြားၿပီျဖစ္ၿပီး အေမရိကန္ တစ္ ေဒၚ လာ လွ်င္လည္း ၂၇၅၀ က်ပ္ေစ်းေပါက္ေနေၾကာင္း ေစ်းကြက္ အတြင္း မွ စုံစမ္းသိရွိရသည္။

“ဒီေန႔ေစ်းဖြင့္တာ ေငြေစ်းက တစ္ေဒၚလာ ၂၆၈၀ က်ပ္နဲ႔ ေစ်းဖြင့္တယ္။ ေစ်း ကြက္ ဖြင့္ၿပီးတာနဲ႔ ေဒၚလာေစ်းက တျဖည္းျဖည္းတက္လာတာအခု တစ္ေဒၚ လာ ကို ၂၇၀၀ နဲ႔ ၂၇၅၀ အၾကား ေစ်းေပါက္ေနတယ္။ မေန႔ကလည္း ေစ်းေတြ က တက္လိုက္၊ က်လိုက္နဲ႔ ေစ်းကြက္မၿငိမ္ဘူး။ ဒီေန႔လည္း အတက္ၾကမ္း တယ္ ေျပာရမယ္။ ေစ်းက နာရီပိုင္းအတြင္းကို တက္ေနတာ” ဟု ရန္ကုန္ၿမိဳ႕မွ ေဒၚလာဝယ္ေရာင္းလက္ႀကီးဒိုင္တစ္ဦးက ေျပာသည္။

အလားတူ ေ႐ႊေစ်းကြက္တြင္လည္း ကမာၻ႔ေ႐ႊေစ်းတည္ၿငိမ္ေသာ္လည္း ျမန္မာ့ ေ႐ႊ ေစ်း မွာ ၁၆ ပဲရည္ အကယ္ဒမီ မီးလင္းေ႐ႊ တစ္က်ပ္သားလွ်င္ ေငြက်ပ္ ၂၅ သိန္းေရာက္ရွိသြားၿပီျဖစ္ေၾကာင္း သိရွိရသည္။

“ေ႐ႊက ေစ်းဖြင့္တာက ၂၄ သိန္း ၇ ေသာင္းေလာက္နဲ႔ေစ်းစဖြင့္တယ္။ အခု ၂၄ သိန္း ၉ ေသာင္း။ တကယ္ ေတ့ေတ့ ဆိုင္ဆိုင္ဝယ္မယ္ဆိုရင္ ၂၅ သိန္း အထက္ မွာ‌ ေစ်းေပးဝယ္ရတယ္။

ဝယ္လက္တစ္ဦးက တစ္က်ပ္သားကို ၂၅ သိန္း ၁ ေသာင္း နဲ႔ ၇ ပိုင္း ဝယ္သြားတယ္။ ကိုယ္လိုခ်င္ရင္ ေစ်းပိုေပးဝယ္ရင္ရမယ္။ လိုခ်င္ တိုင္းလည္းမရဘူး။ အခုက ေစ်းက ေျပးတက္၊ ျဖည္းျဖည္းဆင္း၊ ေဆာင့္ တက္ ျဖည္းျဖည္း ျပန္က် ျဖစ္ေနတာ” ဟု ျပည္တြင္းေ႐ႊကုန္သည္တစ္ဦးက ေျပာသည္။

လက္ရွိေစ်းကြက္တြင္ ေ႐ႊႏွင့္ေဒၚလာ ဝယ္လိုအား သာရွိၿပီး ေရာင္းလိုသူ နည္း ပါး ေၾကာင္း၊ အခ်င္းခ်င္း ခ်ိတ္ဆက္ ေရာင္းဝယ္ၾကေၾကာင္း ေစ်းကြက္ အတြင္း မွ စုံစမ္းသိရွိရသည္။

ဓာတ္ပုံ- တစ္ေန႔တစ္ျခားတန္ဖိုးထိုးက်ေနေသာ ျမန္မာက်ပ္ေငြ။

Photo- AFP

အခေါက်ရွှေတစ်ကျပ်သား ၂၅ သိန်းရောက်ရှိရွှေနှင့်ဒေါ်လာ ဈေးအမြင့်ပေးလျှင်ပင် ဝယ်မရ

အခေါက်ရွှေတစ်ကျပ်သား ၂၅ သိန်းရောက်ရှိပြီး အမေရိကန်တစ်ဒေါ်လာ ၂၇၅၀ ကျပ်ဈေးပေါက်နေ၊ ရွှေနှင့်ဒေါ်လာ ဈေးအမြင့်ပေးလျှင်ပင် ဝယ်မရ

ရန်ကုန်၊ ဩဂုတ် ၁၁

ပြည်တွင်းစီးပွားရေးဈေးကွက်တွင် အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၂၅ သိန်း ယနေ့ နံနက်ပိုင်း ရောက်ရှိသွားပြီဖြစ်ပြီး အမေရိကန် တစ် ဒေါ် လာ လျှင်လည်း ၂၇၅၀ ကျပ်ဈေးပေါက်နေကြောင်း ဈေးကွက် အတွင်း မှ စုံစမ်းသိရှိရသည်။

“ဒီနေ့ဈေးဖွင့်တာ ငွေဈေးက တစ်ဒေါ်လာ ၂၆၈၀ ကျပ်နဲ့ ဈေးဖွင့်တယ်။ ဈေး ကွက် ဖွင့်ပြီးတာနဲ့ ဒေါ်လာဈေးက တဖြည်းဖြည်းတက်လာတာအခု တစ်ဒေါ် လာ ကို ၂၇၀၀ နဲ့ ၂၇၅၀ အကြား ဈေးပေါက်နေတယ်။ မနေ့ကလည်း ဈေးတွေ က တက်လိုက်၊ ကျလိုက်နဲ့ ဈေးကွက်မငြိမ်ဘူး။ ဒီနေ့လည်း အတက်ကြမ်း တယ် ပြောရမယ်။ ဈေးက နာရီပိုင်းအတွင်းကို တက်နေတာ” ဟု ရန်ကုန်မြို့မှ ဒေါ်လာဝယ်ရောင်းလက်ကြီးဒိုင်တစ်ဦးက ပြောသည်။

အလားတူ ရွှေဈေးကွက်တွင်လည်း ကမ္ဘာ့ရွှေဈေးတည်ငြိမ်သော်လည်း မြန်မာ့ ရွှေ ဈေး မှာ ၁၆ ပဲရည် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၂၅ သိန်းရောက်ရှိသွားပြီဖြစ်ကြောင်း သိရှိရသည်။

“ရွှေက ဈေးဖွင့်တာက ၂၄ သိန်း ၇ သောင်းလောက်နဲ့ဈေးစဖွင့်တယ်။ အခု ၂၄ သိန်း ၉ သောင်း။ တကယ် တေ့တေ့ ဆိုင်ဆိုင်ဝယ်မယ်ဆိုရင် ၂၅ သိန်း အထက် မှာ‌ ဈေးပေးဝယ်ရတယ်။

ဝယ်လက်တစ်ဦးက တစ်ကျပ်သားကို ၂၅ သိန်း ၁ သောင်း နဲ့ ၇ ပိုင်း ဝယ်သွားတယ်။ ကိုယ်လိုချင်ရင် ဈေးပိုပေးဝယ်ရင်ရမယ်။ လိုချင် တိုင်းလည်းမရဘူး။ အခုက ဈေးက ပြေးတက်၊ ဖြည်းဖြည်းဆင်း၊ ဆောင့် တက် ဖြည်းဖြည်း ပြန်ကျ ဖြစ်နေတာ” ဟု ပြည်တွင်းရွှေကုန်သည်တစ်ဦးက ပြောသည်။

လက်ရှိဈေးကွက်တွင် ရွှေနှင့်ဒေါ်လာ ဝယ်လိုအား သာရှိပြီး ရောင်းလိုသူ နည်း ပါး ကြောင်း၊ အချင်းချင်း ချိတ်ဆက် ရောင်းဝယ်ကြကြောင်း ဈေးကွက် အတွင်း မှ စုံစမ်းသိရှိရသည်။

ဓာတ်ပုံ- တစ်နေ့တစ်ခြားတန်ဖိုးထိုးကျနေသော မြန်မာကျပ်ငွေ။

Photo- AFP