Local News

မီတာ ၁,၂၀၀ အကြာအေဝးရွိ ပစ္မွတ္ကို အတြဲလိုက္ပစ္ခတ္ႏိုင္သည့္

မီတာ ၁,၂၀၀ အကြာအေဝးရွိ ပစ္မွတ္ကို အတြဲလိုက္ပစ္ခတ္ႏိုင္သည့္ တာေဝးပစ္လက္နက္ႀကီး ဒုံးပ်ံ PDF ထုတ္လုပ္ေအာင္ျမင္

စိုင္းခန္႔

(မဇၥ်ိမ)။ ။မီတာ ၁,၂၀၀ အကြာအေဝးရွိ ပစ္မွတ္ကို ထိေရာက္စြာ အတြဲလိုက္ ပစ္ခတ္ႏိုင္သည့္ တာေဝးပစ္လက္နက္ႀကီးအား ထုတ္လုပ္ေအာင္ျမင္ခဲ့ေၾကာင္း ဒုံးပ်ံ Local PDF တာဝန္ရွိသူက မဇၥ်ိမကို ေျပာသည္။

အတြဲလိုက္ျဖစ္ေစ၊ တစ္ခ်က္ခ်င္းျဖစ္ေစ ခ်ိန္ညႇိပစ္ခတ္ႏိုင္ကာ နည္းပညာအဆင့္ျမႇင့္တင္မႈမ်ား ျပဳလုပ္ထားသည့္ ဒုံးပ်ံ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕၏ တတိယေျမာက္ တာေဝးပစ္လက္နက္ႀကီးကို ယမန္ေန႔ ၾသဂုတ္လ ၁၀ ရက္ေန႔တြင္ အၿပီးသတ္ စမ္းသပ္ထုတ္လုပ္ေအာင္ျမင္ခဲ့ျခင္း ျဖစ္သည္။

“ ကြၽန္ေတာ္တို႔မွာက လက္နက္ႀကီးပဲ အားကိုးစရာရွိတယ္၊ ဒီဘက္မွာက လက္နက္ငယ္အေနနဲ႔ အားလုံးစုံစုံလင္လင္ မရွိၾကေသးဘူး၊ လက္နက္ႀကီးနဲ႔က် ဘာပဲျဖစ္ျဖစ္ အႏၲရာယ္ကင္းစြာ အလုပ္လုပ္ႏိုင္တယ္၊ ကြၽန္ေတာ္တို႔ တပ္သားေတြအတြက္ အႏၲရာယ္လည္း မျဖစ္ဘူး၊ အသာစီးကပဲ ပစ္လို႔ရတယ္၊ အဲ့ေတာ့ ကြၽန္ေတာ္တို႔က လက္နက္ႀကီးကို ပိုၿပီးေတာ့ ထုတ္ျဖစ္တယ္၊ ဒါနဲ႔ ဆိုရင္ အတြဲလိုက္တာေဝးပစ္ေတြ ထုတ္တာ သုံးစုံရွိပါၿပီ” ဟု ဒုံးပ်ံ Local PDF ေခါင္းေဆာင္ ကိုဒုံးပ်ံက မဇၥ်ိမကို ေျပာသည္။

ယခုတစ္ႀကိမ္ စမ္းသပ္ေအာင္ျမင္ခဲ့သည့္ ဒုံးပ်ံ PDF ၏ တာေဝးပစ္လက္နက္ႀကီးတြင္ ယခင္ထုတ္လုပ္ခဲ့သည့္ လက္နက္ႀကီးမ်ားထက္ နည္းပညာ ပိုမိုအဆင့္ျမႇင့္တင္မႈမ်ား ျပဳလုပ္ထားေၾကာင္း သိရသည္။

ပစ္ခတ္မႈမ်ား ျပဳလုပ္ရာတြင္ တစ္ႀကိမ္လွ်င္ ေျခာက္လုံးအထိ အတြဲလိုက္ပစ္ခတ္ႏိုင္မည္ ျဖစ္ၿပီး အတြဲလိုက္ပစ္ခတ္ရန္ မလ္ိုအပ္ပါကလည္း တစ္ခ်က္ခ်င္းစီ ပစ္ခတ္ႏိုင္ေစရန္ ခလုတ္မ်ားျဖင့္ ထိန္းခ်ဳပ္ထားသည္။

“ အခုထုတ္တဲ့ ဟာမွာ System ေတြက အေတာ္ျမင့္လာတယ္၊ အတြဲလိုက္မပစ္ခ်င္ဘူးဆိုရင္ တစ္လုံးခ်င္းဆီ ပစ္လို႔ရေအာင္ ခလုတ္ေတြနဲ႔ သုံးထားတယ္၊ Socket ေတြနဲ႔ သုံးထားတယ္၊ ကိုယ္လိုခ်င္တဲ့ အခ်က္ေရအတိုင္းပဲ ပစ္လို႔ရေအာင္လုပ္ထားတယ္၊ တစ္ခါတည္း သုံးခ်င္ရင္လည္း ခလုတ္ေျခာက္ခုလုံးကို ဖြင့္ထားၿပီး တစ္ခါတည္း ပစ္လို႔ရတယ္၊ ကိုယ္က တည္ေနရာတစ္ခုမွာ ေခြး(စကစ တပ္သား)ရွိလား မရွိလား စမ္းသပ္ခ်င္ရင္ တစ္ခ်က္ခ်င္း အသုံးျပဳလို႔ရေအာင္ လုပ္ထားတယ္၊ ပစၥည္းကို ေခြၽတာလိုက္တာေပါ့။ ” ဟု ကိုဒုံးပ်ံက ဆိုသည္။

အဆိုပါ တာေဝးပစ္လက္နက္ႀကီးကို ေရွာ့တိုက္နည္းျဖင့္ ပစ္ခတ္မည္ျဖစ္ၿပီး မီတာ ၁,၂၀၀ အကြာအေဝးအထိ ေရာက္ရွိႏိုင္မည္ျဖစ္ကာ ကားေပၚတြင္ တပ္ဆင္ၿပီး ေ႐ြ႕လ်ားပစ္ခတ္မႈမ်ား ျပဳလုပ္န္ိုင္ရန္အတြက္လည္း ထပ္မံစီစဥ္ထားေၾကာင္း သိရသည္။

လက္နက္ႀကီးမ်ားကို ထုတ္လုပ္ရာတြင္ ဒုံးပ်ံPDFက အျပင္သံထည္ပစၥည္းမ်ားထက္ သံသားႏွင့္ ခံႏိုင္ရည္အား ပိုမိုေကာင္းမြန္သည့္ အၾကမ္းဖက္စစ္တပ္ပ္ိုင္ မိုင္တဲတာဝါတိုင္မ်ားမွ သံထည္မ်ားကိုသာ အဓိက အသုံးျပဳထုတ္လုပ္ေနျခင္း ျဖစ္သည္။

စစ္ကိုင္းတိုင္းအတြင္းတြင္ အင္အားမ်ားစြာျဖင့္ စစ္ေၾကာင္းထိုးကာ မီးရႈိ႕ဖ်က္ဆီးမႈမ်ားျပဳလုပ္ေနသည့္ စစ္ေကာင္စီတပ္ကို ေဒသကာကြယ္ေရးတပ္ဖြဲ႕မ်ားက လက္လုပ္တစ္ေတာင့္ထိုး ေသနတ္အမ်ားစုျဖင့္ ရင္ဆိုင္ခုခံတိုက္ခိုက္လ်က္ရွိသည္။

ထိုအေျခအေနကို သိသည့္ စစ္ေကာင္စီတပ္က ကာကြယ္ေရးတပ္ဖြဲ႕မ်ား၏ လက္လုပ္တစ္ေထာင့္ထိုး ေသနတ္ ပစ္ခတ္ႏိုင္သည့္ အကြာအေဝးအတြင္း လာေရာက္ျခင္းမရွိဘဲ အေဝးမွသာ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္မႈမ်ားျပဳလုပ္ျခင္းေၾကာင့္ ကာကြယ္ေရးတပ္ဖြဲမ်ား ထိခိုက္မႈႏွင့္ က်ဆုံးမႈမ်ား ရွိခဲ့သည္။

သို႔ေသာ္ ယခုေနာက္ပိုင္းတြင္ ကာကြယ္ေရးတပ္ဖြဲ႕မ်ား ကိုယ္တိုင္ထုတ္လုပ္သည့္ လက္နက္ႀကီးမ်ား၏ နည္းပညာအဆင့္ျမင့္လာမႈႏွင့္ ထိေရာက္စြာ ပစ္ခတ္ႏိုင္သည့္အေျခအေနမ်ားေၾကာင့္ တန္ျပန္တိုက္ခိုက္မႈမ်ား ယခင္ကထက္ ပိိုမိုျပဳလုပ္လာႏိုင္ၿပီး အထိအခိုက္လည္း ေလ်ာ့နည္းလာေၾကာင္း ေျမျပင္ရွိ ေတာ္လွန္ေရးရဲေဘာ္တစ္ဦးက ေျပာၾကားထားသည္။

“ အခုလို ထုတ္လုပ္ႏိုင္တာကို ပီတိ ျဖစ္တယ္၊ ခ်ီးက်ဴးတာ ဘာညာထက္စာရင္ ျပည္သူေတြရဲ႕ ယုံၾကည္မႈကို လိုခ်င္တယ္၊ ယုံၾကည္မႈရေအာင္လည္း လုပ္ေနတယ္။ အခု ကြၽန္ေတာ္တို႔ ဘက္မွာဆိုလည္း ကာကြယ္ေရးတပ္ဖြဲ႕ေတြကို ေထာက္ပံ့မႈေလ်ာ့နည္းေအာင္ စစ္တပ္က ေက်း႐ြာေတြကို စစ္ေၾကာင္းထိုးၿပီး မီးရႈိ႕တာေတြ လုပ္ေနတယ္၊ အဲ့လိုေတြေၾကာင့္ ျပည္သူေတြကိုလည္း ေတာ္ေတာ္ အားနာတယ္၊ ကြၽန္ေတာ္တို႔လည္း ျပည္သူေတြကို တတ္ႏိုင္သေလာက္ ျပန္ၿပီး ကူညီေနပါတယ္။ ” ဟု ကိုဒုံးပ်ံက ဆက္ေျပာသည္။

အၾကမ္းဖက္ စစ္ေကာင္စီတပ္သည္ ယေန႔ ၾသဂုတ္လ ၁၁ ရက္ေန႔တြင္လည္း ဒီပဲယင္းၿမိဳ႕နယ္ လက္လုပ္ေက်း႐ြာအတြင္း အင္အား ၅၀ ဝန္းက်င္ျဖင့္ စစ္ေၾကာင္းထိုး ဝင္ေရာက္ကာ မီးရႈိ႕ဖ်က္ဆီးမႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။

ျမန္မာန္ိုင္ငံ အလယ္ပိုင္း၊ စစ္ကိုင္းတိုင္း အတြင္းရွိ ဒီပဲယင္း၊ ေရဦး၊ တန္႔ဆည္၊ အရာေတာ္ အစရွိသည့္ ၿမိဳ႕နယ္မ်ားကို စစ္ေကာင္စီတပ္က စစ္ေၾကာင္းထိုး ဝင္ေရာက္ကာ မီးရႈိ႕ဖ်က္ဆီးမႈမ်ား ျပဳလုပ္ေနျခင္းေၾကာင့္ ေဒသခံ ေထာင္ေပါင္းမ်ားစြာ ေဘးလြတ္ရာကို ထြက္ေျပးတိမ္းေရွာင္ေနၾကရသည္။

စာတည္း – သန္႔ေဇာ္(သန္လ်င္)

mizzima

မီတာ ၁,၂၀၀ အကွာအဝေးရှိ ပစ်မှတ်ကို အတွဲလိုက်ပစ်ခတ်နိုင်သည့် တာဝေးပစ်လက်နက်ကြီး ဒုံးပျံ PDF ထုတ်လုပ်အောင်မြင်

စိုင်းခန့်

(မဇ္ဈိမ)။ ။မီတာ ၁,၂၀၀ အကွာအဝေးရှိ ပစ်မှတ်ကို ထိရောက်စွာ အတွဲလိုက် ပစ်ခတ်နိုင်သည့် တာဝေးပစ်လက်နက်ကြီးအား ထုတ်လုပ်အောင်မြင်ခဲ့ကြောင်း ဒုံးပျံ Local PDF တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

အတွဲလိုက်ဖြစ်စေ၊ တစ်ချက်ချင်းဖြစ်စေ ချိန်ညှိပစ်ခတ်နိုင်ကာ နည်းပညာအဆင့်မြှင့်တင်မှုများ ပြုလုပ်ထားသည့် ဒုံးပျံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တတိယမြောက် တာဝေးပစ်လက်နက်ကြီးကို ယမန်နေ့ သြဂုတ်လ ၁၀ ရက်နေ့တွင် အပြီးသတ် စမ်းသပ်ထုတ်လုပ်အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော်တို့မှာက လက်နက်ကြီးပဲ အားကိုးစရာရှိတယ်၊ ဒီဘက်မှာက လက်နက်ငယ်အနေနဲ့ အားလုံးစုံစုံလင်လင် မရှိကြသေးဘူး၊ လက်နက်ကြီးနဲ့ကျ ဘာပဲဖြစ်ဖြစ် အန္တရာယ်ကင်းစွာ အလုပ်လုပ်နိုင်တယ်၊ ကျွန်တော်တို့ တပ်သားတွေအတွက် အန္တရာယ်လည်း မဖြစ်ဘူး၊ အသာစီးကပဲ ပစ်လို့ရတယ်၊ အဲ့တော့ ကျွန်တော်တို့က လက်နက်ကြီးကို ပိုပြီးတော့ ထုတ်ဖြစ်တယ်၊ ဒါနဲ့ ဆိုရင် အတွဲလိုက်တာဝေးပစ်တွေ ထုတ်တာ သုံးစုံရှိပါပြီ” ဟု ဒုံးပျံ Local PDF ခေါင်းဆောင် ကိုဒုံးပျံက မဇ္ဈိမကို ပြောသည်။

ယခုတစ်ကြိမ် စမ်းသပ်အောင်မြင်ခဲ့သည့် ဒုံးပျံ PDF ၏ တာဝေးပစ်လက်နက်ကြီးတွင် ယခင်ထုတ်လုပ်ခဲ့သည့် လက်နက်ကြီးများထက် နည်းပညာ ပိုမိုအဆင့်မြှင့်တင်မှုများ ပြုလုပ်ထားကြောင်း သိရသည်။

ပစ်ခတ်မှုများ ပြုလုပ်ရာတွင် တစ်ကြိမ်လျှင် ခြောက်လုံးအထိ အတွဲလိုက်ပစ်ခတ်နိုင်မည် ဖြစ်ပြီး အတွဲလိုက်ပစ်ခတ်ရန် မလိုအပ်ပါကလည်း တစ်ချက်ချင်းစီ ပစ်ခတ်နိုင်စေရန် ခလုတ်များဖြင့် ထိန်းချုပ်ထားသည်။

“ အခုထုတ်တဲ့ ဟာမှာ System တွေက အတော်မြင့်လာတယ်၊ အတွဲလိုက်မပစ်ချင်ဘူးဆိုရင် တစ်လုံးချင်းဆီ ပစ်လို့ရအောင် ခလုတ်တွေနဲ့ သုံးထားတယ်၊ Socket တွေနဲ့ သုံးထားတယ်၊ ကိုယ်လိုချင်တဲ့ အချက်ရေအတိုင်းပဲ ပစ်လို့ရအောင်လုပ်ထားတယ်၊ တစ်ခါတည်း သုံးချင်ရင်လည်း ခလုတ်ခြောက်ခုလုံးကို ဖွင့်ထားပြီး တစ်ခါတည်း ပစ်လို့ရတယ်၊ ကိုယ်က တည်နေရာတစ်ခုမှာ ခွေး(စကစ တပ်သား)ရှိလား မရှိလား စမ်းသပ်ချင်ရင် တစ်ချက်ချင်း အသုံးပြုလို့ရအောင် လုပ်ထားတယ်၊ ပစ္စည်းကို ချွေတာလိုက်တာပေါ့။ ” ဟု ကိုဒုံးပျံက ဆိုသည်။

အဆိုပါ တာဝေးပစ်လက်နက်ကြီးကို ရှော့တိုက်နည်းဖြင့် ပစ်ခတ်မည်ဖြစ်ပြီး မီတာ ၁,၂၀၀ အကွာအဝေးအထိ ရောက်ရှိနိုင်မည်ဖြစ်ကာ ကားပေါ်တွင် တပ်ဆင်ပြီး ရွေ့လျားပစ်ခတ်မှုများ ပြုလုပ်နိုင်ရန်အတွက်လည်း ထပ်မံစီစဉ်ထားကြောင်း သိရသည်။

လက်နက်ကြီးများကို ထုတ်လုပ်ရာတွင် ဒုံးပျံPDFက အပြင်သံထည်ပစ္စည်းများထက် သံသားနှင့် ခံနိုင်ရည်အား ပိုမိုကောင်းမွန်သည့် အကြမ်းဖက်စစ်တပ်ပိုင် မိုင်တဲတာဝါတိုင်များမှ သံထည်များကိုသာ အဓိက အသုံးပြုထုတ်လုပ်နေခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်းအတွင်းတွင် အင်အားများစွာဖြင့် စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက လက်လုပ်တစ်တောင့်ထိုး သေနတ်အများစုဖြင့် ရင်ဆိုင်ခုခံတိုက်ခိုက်လျက်ရှိသည်။

ထိုအခြေအနေကို သိသည့် စစ်ကောင်စီတပ်က ကာကွယ်ရေးတပ်ဖွဲ့များ၏ လက်လုပ်တစ်ထောင့်ထိုး သေနတ် ပစ်ခတ်နိုင်သည့် အကွာအဝေးအတွင်း လာရောက်ခြင်းမရှိဘဲ အဝေးမှသာ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများပြုလုပ်ခြင်းကြောင့် ကာကွယ်ရေးတပ်ဖွဲများ ထိခိုက်မှုနှင့် ကျဆုံးမှုများ ရှိခဲ့သည်။

သို့သော် ယခုနောက်ပိုင်းတွင် ကာကွယ်ရေးတပ်ဖွဲ့များ ကိုယ်တိုင်ထုတ်လုပ်သည့် လက်နက်ကြီးများ၏ နည်းပညာအဆင့်မြင့်လာမှုနှင့် ထိရောက်စွာ ပစ်ခတ်နိုင်သည့်အခြေအနေများကြောင့် တန်ပြန်တိုက်ခိုက်မှုများ ယခင်ကထက် ပိုမိုပြုလုပ်လာနိုင်ပြီး အထိအခိုက်လည်း လျော့နည်းလာကြောင်း မြေပြင်ရှိ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောကြားထားသည်။

“ အခုလို ထုတ်လုပ်နိုင်တာကို ပီတိ ဖြစ်တယ်၊ ချီးကျူးတာ ဘာညာထက်စာရင် ပြည်သူတွေရဲ့ ယုံကြည်မှုကို လိုချင်တယ်၊ ယုံကြည်မှုရအောင်လည်း လုပ်နေတယ်။ အခု ကျွန်တော်တို့ ဘက်မှာဆိုလည်း ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့မှုလျော့နည်းအောင် စစ်တပ်က ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး မီးရှို့တာတွေ လုပ်နေတယ်၊ အဲ့လိုတွေကြောင့် ပြည်သူတွေကိုလည်း တော်တော် အားနာတယ်၊ ကျွန်တော်တို့လည်း ပြည်သူတွေကို တတ်နိုင်သလောက် ပြန်ပြီး ကူညီနေပါတယ်။ ” ဟု ကိုဒုံးပျံက ဆက်ပြောသည်။

အကြမ်းဖက် စစ်ကောင်စီတပ်သည် ယနေ့ သြဂုတ်လ ၁၁ ရက်နေ့တွင်လည်း ဒီပဲယင်းမြို့နယ် လက်လုပ်ကျေးရွာအတွင်း အင်အား ၅၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံ အလယ်ပိုင်း၊ စစ်ကိုင်းတိုင်း အတွင်းရှိ ဒီပဲယင်း၊ ရေဦး၊ တန့်ဆည်၊ အရာတော် အစရှိသည့် မြို့နယ်များကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေခြင်းကြောင့် ဒေသခံ ထောင်ပေါင်းများစွာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသည်။

စာတည်း – သန့်ဇော်(သန်လျင်)

mizzima