From Zero To Hero ကာကြယ္ေရးအဖြဲ႕မွ ေခါင္းေဆာင္ အပါအဝင္ ၃ ဦး ဖမ္းဆီးခံရၿပီးေနာက္ ၂ဦး ေသဒဏ္ခ်မွတ္ခံရ
OAK
ရန္ကုန္(မဇၨ်ိမ)။ ။
ရန္ကုန္အေျခစိုက္ ကာကြယ္ေရးအဖြဲ႕တစ္ခုျဖစ္ေသာ From Zero To Hero အဖြဲ႕မွ ေခါင္းေဆာင္ႏွင့္ အဖြဲ႕ဝင္တစ္ဦး၊ ယာဥ္ေမာင္းတစ္ဦးတို႔အား ေမလ ၂၄ ရက္ေန႔ မနက္ပိုင္းအခ်ိန္တြင္ စစ္ေကာင္စီက ဖမ္းဆီးခဲ့သည္ဟု သိရသည္။
လက္နက္ဝယ္ယူၿပီးအျပန္ အျမန္လမ္း ဇီး႐ိုးမိုင္တြင္ ၎တို႔အား စစ္ေကာင္စီက ဖမ္းဆီးခဲ့သည္ဟု သိရသည္။
“သူတို႔လက္နက္သြားယူၿပီး အျပန္မွာ ဖမ္းမိတာ ႏွစ္ေယာက္ကေတာ့ ေသဒဏ္ခ်ခံရတယ္။ ကားသမားကေတာ့ ေသဒဏ္မဟုတ္ဘူး။ တစ္ေယာက္က ေခါင္းေဆာင္မွန္းလည္းသိေရာ အေသႏွိပ္စက္ထားၾကတယ္လို႔ ၾကားတယ္။
ၿပီးေတာ့ သူတို႔က ရန္ကုန္ကလည္းမဟုတ္ေတာ့ ကူညီေပးမည့္လူကလည္း မရွိဘူးျဖစ္ေနတယ္။ အဲ့ဒါေၾကာင့္ AAPP တို႔ဘာတို႔သိရင္ နဲနဲသက္သာမလားလို႔ပါ”ဟု From Zero To Hero အဖြဲ႕တာဝန္ရွိသူကေျပာသည္။
ေသဒဏ္က်ခံရသည့္ ရဲေဘာ္ႏွစ္ဦးမွာ မ်ိဳးေက်ာ္ဝင္း(ေခၚ)မႏၲေလးသားႏွင့္ ရဲေက်ာ္ေအာင္(ေခၚ) ကုလားေလးတို႔ျဖစ္ၿပီး ၎တို႔ႏွစ္ဦးအတြက္ အကူအညီလိုအပ္ေနသည္ဟု သိရသည္။
စာတည္း။ ။ ဖူးသိမ္က်
စာမူတည္းျဖတ္ ။ ။ ေအာင္ေက်ာ္ၿဖိဳး
From Zero To Hero ကာကွယ်ရေးအဖွဲ့မှ ခေါင်းဆောင် အပါအဝင် ၃ ဦး ဖမ်းဆီးခံရပြီးနောက် ၂ဦး သေဒဏ်ချမှတ်ခံရ
OAK
ရန်ကုန်(မဇ္ဇျိမ)။ ။
ရန်ကုန်အခြေစိုက် ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သော From Zero To Hero အဖွဲ့မှ ခေါင်းဆောင်နှင့် အဖွဲ့ဝင်တစ်ဦး၊ ယာဉ်မောင်းတစ်ဦးတို့အား မေလ ၂၄ ရက်နေ့ မနက်ပိုင်းအချိန်တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်ဟု သိရသည်။
လက်နက်ဝယ်ယူပြီးအပြန် အမြန်လမ်း ဇီးရိုးမိုင်တွင် ၎င်းတို့အား စစ်ကောင်စီက ဖမ်းဆီးခဲ့သည်ဟု သိရသည်။
“သူတို့လက်နက်သွားယူပြီး အပြန်မှာ ဖမ်းမိတာ နှစ်ယောက်ကတော့ သေဒဏ်ချခံရတယ်။ ကားသမားကတော့ သေဒဏ်မဟုတ်ဘူး။ တစ်ယောက်က ခေါင်းဆောင်မှန်းလည်းသိရော အသေနှိပ်စက်ထားကြတယ်လို့ ကြားတယ်။
ပြီးတော့ သူတို့က ရန်ကုန်ကလည်းမဟုတ်တော့ ကူညီပေးမည့်လူကလည်း မရှိဘူးဖြစ်နေတယ်။ အဲ့ဒါကြောင့် AAPP တို့ဘာတို့သိရင် နဲနဲသက်သာမလားလို့ပါ”ဟု From Zero To Hero အဖွဲ့တာဝန်ရှိသူကပြောသည်။
သေဒဏ်ကျခံရသည့် ရဲဘော်နှစ်ဦးမှာ မျိုးကျော်ဝင်း(ခေါ်)မန္တလေးသားနှင့် ရဲကျော်အောင်(ခေါ်) ကုလားလေးတို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးအတွက် အကူအညီလိုအပ်နေသည်ဟု သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ် ။ ။ အောင်ကျော်ဖြိုး