Local News

ယေန႔ ညေ႐ႊျပည္သာ၊ အမွတ္ ၁၀ ရပ္ကြက္႐ုံး ထပ္မံေပါက္ကြဲ။ ဗုံးပစ္သူမ်ားအား လိုက္လံဖမ္းဆီးေန

ေ႐ႊျပည္သာ၊ အမွတ္ ၁၀ ရပ္ကြက္႐ုံး ထပ္မံေပါက္ကြဲ။ ဗုံးပစ္သူမ်ားအား လိုက္လံဖမ္းဆီးေန

ယေန႔ ည ေ႐ႊျပည္သာ ၇ ရပ္ကြက္႐ုံး ဓမၼာ႐ုံ ႏွင့္ ၁၀ ရပ္ကြက္႐ုံးတို႔တြင္ ဗုံးေပါက္ ကြဲမႈမ်ား ျဖစ္ ေပၚၿပီး ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕ ဝင္ တခ်ိဳ႕ ဒဏ္ရာရ ၊ အင္းစိန္ ႏွင့္ လႈိင္သာယာတို႔တြင္လည္း ဗုံးေပါက္

ရန္ကုန္၊ ဩဂုတ္ ၁၁

ရန္ကုန္တိုင္း၊ ေ႐ႊျပည္သာၿမိဳ႕နယ္ ၇ ရပ္ကြက္႐ုံးအျဖစ္ အသုံးျပဳရာ ရပ္ကြက္ ဓမၼာ႐ုံ၊ ၁၀ ရပ္ကြက္႐ုံးတို႔တြင္ ယေန႔ ညပိုင္း ဗုံးေပါက္ကြဲမႈမ်ားျဖစ္ပြားၿပီး ရပ္ ကြက္ အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္တခ်ိဳ႕ ဒဏ္ရာရရွိေၾကာင္း ေဒသခံမ်ားထံမွ သိရွိ ရ သည္။

ဩဂုတ္လ ၁၁ ရက္ေန႔ ည ၇ နာရီ ၃ မိနစ္အခ်ိန္တြင္ ေ႐ႊျပည္သာၿမိဳ႕နယ္၊ အမွတ္ ၇ ရပ္ကြက္၊ နဝရတ္လမ္းမေပၚရွိ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္မ်ား စုေဝးရာ ဆြမ္းခ်က္ ဓမၼာ႐ုံတြင္ ဗုံးေပါက္ကြဲေၾကာင္း၊ ရပ္ကြက္ အုပ္ခ်ဳပ္ ေရး အဖြဲ႕ဝင္ႏွင့္ အေပါင္းအပါ ၃ ဦးထိခိုက္ ဒဏ္ရာရရွိခဲ့ေၾကာင္း သိရွိရသည္။

“ဓမၼာ႐ုံမွာ စုေဝးေနၾကတဲ့အခ်ိန္ ဗုံးေပါက္တာ။ ဝါတြင္းဆြမ္းခ်က္တဲ့ ယာယီ ဓမၼာ႐ုံ လိုမ်ိဳးမွာ စုၿပီး ရွိေနၾကတဲ့အခ်ိန္မွာ ဗုံးေပါက္တာ။ လူနာတင္ ကားေတြ လာတယ္။ ထိတာကလည္း ရပ္ကြက္႐ုံးက လူေတြပဲ။ အလႉခံထြက္ရင္ပါ၊ ဧည့္ စာ ရင္း စစ္ရင္ ပါတဲ့သူေတြပါပဲ။ ၃ ဦးထိတယ္လို႔ေျပာတယ္” ဟု ေဒသခံ တစ္ဦးက ေျပာသည္။

အလားတူ ေ႐ႊျပည္သာ ၁၀ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး႐ုံးတြင္လည္း ယေန႔ ည ၇ နာရီ ၁၅ မိနစ္တြင္ ထပ္မံေပါက္ကြဲမႈ ျဖစ္ပြားေၾကာင္း၊ ဗုံးေပါက္ကြဲမႈေၾကာင့္ ရာ အိမ္ မႉး တစ္ဦး ဒဏ္ရာရရွိေၾကာင္း စစ္တပ္ႏွင့္ရဲမ်ားက ရပ္ကြက္မ်ားကို ပိတ္ ဆို႔ စစ္ေနေၾကာင္း သိရွိရသည္။

ေ႐ႊျပည္သာ ၇ ရပ္ကြက္ႏွင့္ ၁၀ ရပ္ကြက္ ဗုံးေပါက္ကြဲမႈသည္ နန္းထိုက္ေအာင္ စစ္ဆင္ ေရးအျဖစ္ အုပ္ခ်ဳပ္ေရးပစ္မွတ္အျဖစ္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ တပ္ ခြဲ (၃) တပ္စု (၁) ႏွင့္ YUGA(MO-7 Eagles) တို႔က လက္ပစ္ဗုံးမ်ားျဖင့္ ပစ္ ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ စစ္ေကာင္စီလက္ေအာက္ခံ အုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္ မ်ားအေနျဖင့္ ႏႈတ္ထြက္ၾကရန္ ၿမိဳ႕ျပေပ်ာက္က်ားတပ္ဖြဲ႕မ်ားက သတိ ေပး ထားသည္။

ထို႔ျပင္ အင္းစိန္ႏွင့္ လႈိင္သာယာတို႔တြင္လည္း ယခု ည ၇ နာရီႏွင့္ ည ၈ နာရီ ၃၁ မိနစ္တို႔တြင္ ေပါက္ကြဲမႈမ်ားျဖစ္ပြားေၾကာင္း သိရွိရသည္။

ဓာတ္ပုံ- ေ႐ႊျပည္သာၿမိဳ႕နယ္ အမွတ္ ၅ ရပ္ကြက္႐ုံးေရွ႕တြင္ အတားအဆီးမ်ား ခ်ထားစဥ္။

ရွှေပြည်သာ၊ အမှတ် ၁၀ ရပ်ကွက်ရုံး ထပ်မံပေါက်ကွဲ။ ဗုံးပစ်သူများအား လိုက်လံဖမ်းဆီးနေ

ယနေ့ ည ရွှေပြည်သာ ၇ ရပ်ကွက်ရုံး ဓမ္မာရုံ နှင့် ၁၀ ရပ်ကွက်ရုံးတို့တွင် ဗုံးပေါက် ကွဲမှုများ ဖြစ် ပေါ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ ဝင် တချို့ ဒဏ်ရာရ ၊ အင်းစိန် နှင့် လှိုင်သာယာတို့တွင်လည်း ဗုံးပေါက်

ရန်ကုန်၊ ဩဂုတ် ၁၁

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ၇ ရပ်ကွက်ရုံးအဖြစ် အသုံးပြုရာ ရပ်ကွက် ဓမ္မာရုံ၊ ၁၀ ရပ်ကွက်ရုံးတို့တွင် ယနေ့ ညပိုင်း ဗုံးပေါက်ကွဲမှုများဖြစ်ပွားပြီး ရပ် ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့ ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရှိ ရ သည်။

ဩဂုတ်လ ၁၁ ရက်နေ့ ည ၇ နာရီ ၃ မိနစ်အချိန်တွင် ရွှေပြည်သာမြို့နယ်၊ အမှတ် ၇ ရပ်ကွက်၊ နဝရတ်လမ်းမပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ စုဝေးရာ ဆွမ်းချက် ဓမ္မာရုံတွင် ဗုံးပေါက်ကွဲကြောင်း၊ ရပ်ကွက် အုပ်ချုပ် ရေး အဖွဲ့ဝင်နှင့် အပေါင်းအပါ ၃ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ဓမ္မာရုံမှာ စုဝေးနေကြတဲ့အချိန် ဗုံးပေါက်တာ။ ဝါတွင်းဆွမ်းချက်တဲ့ ယာယီ ဓမ္မာရုံ လိုမျိုးမှာ စုပြီး ရှိနေကြတဲ့အချိန်မှာ ဗုံးပေါက်တာ။ လူနာတင် ကားတွေ လာတယ်။ ထိတာကလည်း ရပ်ကွက်ရုံးက လူတွေပဲ။ အလှူခံထွက်ရင်ပါ၊ ဧည့် စာ ရင်း စစ်ရင် ပါတဲ့သူတွေပါပဲ။ ၃ ဦးထိတယ်လို့ပြောတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

အလားတူ ရွှေပြည်သာ ၁၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင်လည်း ယနေ့ ည ၇ နာရီ ၁၅ မိနစ်တွင် ထပ်မံပေါက်ကွဲမှု ဖြစ်ပွားကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် ရာ အိမ် မှူး တစ်ဦး ဒဏ်ရာရရှိကြောင်း စစ်တပ်နှင့်ရဲများက ရပ်ကွက်များကို ပိတ် ဆို့ စစ်နေကြောင်း သိရှိရသည်။

ရွှေပြည်သာ ၇ ရပ်ကွက်နှင့် ၁၀ ရပ်ကွက် ဗုံးပေါက်ကွဲမှုသည် နန်းထိုက်အောင် စစ်ဆင် ရေးအဖြစ် အုပ်ချုပ်ရေးပစ်မှတ်အဖြစ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ် ခွဲ (၃) တပ်စု (၁) နှင့် YUGA(MO-7 Eagles) တို့က လက်ပစ်ဗုံးများဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေး အဖွဲ့ဝင် များအနေဖြင့် နှုတ်ထွက်ကြရန် မြို့ပြပျောက်ကျားတပ်ဖွဲ့များက သတိ ပေး ထားသည်။

ထို့ပြင် အင်းစိန်နှင့် လှိုင်သာယာတို့တွင်လည်း ယခု ည ၇ နာရီနှင့် ည ၈ နာရီ ၃၁ မိနစ်တို့တွင် ပေါက်ကွဲမှုများဖြစ်ပွားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရွှေပြည်သာမြို့နယ် အမှတ် ၅ ရပ်ကွက်ရုံးရှေ့တွင် အတားအဆီးများ ချထားစဉ်။