ရပ္/ေက်းအုပ္ခ်ဳပ္ေရးမႉးေတြ ေန႔တိုင္း အသ–တ္ခံေနရလို႔ အိမ္ျပင္မထြက္ဖို႔ စကစၫႊန္ၾကား
သာယာဝတီ၊ ဩဂုတ္ ၁၁၊ ၂၀၂၂။
ပဲခူးတိုင္း(အေနာက္ျခမ္း)၊ သာယာဝတီခ႐ိုင္အတြင္းက စစ္ေကာင္စီခန႔္ရပ္ကြက္/ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးေတြကို ေနအိမ္ျပင္ပမထြက္ဖို႔ ခ႐ိုင္စစ္ေကာင္စီက ဒီကေန႔မွာ ၫႊန္ၾကားလိုက္တယ္လို႔ သာယာဝတီခ႐ိုင္ အေထြေထြအုပ္ခ်ဳပ္ေရးဌာနနဲ႔ နီးစပ္တဲ့သူေတြဆီက သိရပါတယ္။
သာယာဝတီခ႐ိုင္အတြင္းက ရပ္/ေက်းအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ေတြ ေန႔စဥ္နီးပါး ပစ္သတ္ခံေနရလို႔ အုပ္ခ်ဳပ္ေရးမႉးနဲ႔အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ေတြကို အခုလိုၫႊန္ၾကားခဲ့တာလို႔ ေျပာပါတယ္။
“ႏႈတ္နဲ႔ေပါ့ေနာ္၊ အုပ္ႀကီးေတြနဲ႔ရာအိမ္မႉးေတြထဲက နည္းနည္းနာမည္ထြက္တဲ့သူေတြကိုေတာ့ အိမ္ျပင္လုံးဝမထြက္နဲ႔ေပါ့။ သူတို႔ အစည္းအေဝးေခၚလည္း လာစရာမလိုဘူး။
လိုအပ္ရင္ ဗီဒီယိုေကာနဲ႔ ေျပာမယ္ေပါ့။ တျခားအုပ္ႀကီးေတြလည္း သတိနဲ႔ေနၾက ဆိုတာမ်ိဳးၫႊန္ၾကားတယ္။ စာထုတ္ရင္ အျပင္ကို ေပါက္မွာစိုးလို႔ စာမထုတ္ဘူး။
ၿမိဳ႕နယ္ေထြအုပ္ေတြကေနဖုန္းနဲ႔ေျပာခိုင္းတာ” လို႔ သာယာဝတီခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးဌာနနဲ႔နီးစပ္တဲ့ ေဒသခံတဦးက ေျမလတ္အသံကို ေျပာပါတယ္။
ခ႐ိုင္တြင္းအုပ္ခ်ဳပ္ေရးမႉးေတြ ေန႔စဥ္ပစ္ခတ္ခံေနရတာနဲ႔ပတ္သက္ၿပီး ၿမိဳ႕နယ္အလိုက္ ရဲေတြလည္း ဖိအားေပးခံေနရတယ္လို႔ သူကဆက္ေျပာပါတယ္။
သာယာဝတီခ႐ိုင္အတြင္းမွာ သာယာဝတီ၊ သုံးဆယ္၊ လက္ပံတန္း၊ အုတ္ဖို၊ မင္းလွ၊ ႀကိဳ႕ပင္ေကာက္၊ မိုးညိဳနဲ႔ နတၱလင္း စတဲ့ၿမိဳ႕နယ္ေတြ ပါဝင္တာျဖစ္ၿပီး အဲ့ဒီၿမိဳ႕နယ္ေတြအတြင္းက စစ္ေကာင္စီခန႔္အုပ္ခ်ဳပ္ေရးမႉး၊ ရာအိမ္မႉးေတြဟာ ေန႔စဥ္သို႔မဟုတ္ ရက္ပိုင္းသာျခားၿပီး ပစ္သတ္ခံေနရတာျဖစ္ပါတယ္။
သာယာဝတီခ႐ိုင္အတြင္း ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြကေတာ့ စစ္ေကာင္စီေထာက္တိုင္နဲ႔ စစ္အုပ္စုေထာက္တိုင္ အမာခံသတင္းေပးေတြကို တိုက္ခိုက္ရွင္းလင္းတဲ့ ေဇယ်ာေသာ္စစ္ဆင္ေရးကို လုပ္ေဆာင္ေနတယ္လို႔ ထုတ္ျပန္ထားပါတယ္။
အခုလ ၾသဂုတ္ ၁၁ ရက္ေန႔ထိအတြင္းမွာဘဲ သာယာဝတီခ႐ိုင္အတြင္းက စစ္ေကာင္စီခန႔္အုပ္ခ်ဳပ္ေရးမႉးနဲ႔ ရာအိမ္မႉး ၆ ဦးထက္မနည္း ပစ္ခတ္ခံရလို႔ ေသဆုံးဒဏ္ရာရတာေတြရွိခဲ့တယ္လို႔ ေဒသခံေတြနဲ႔ PDF ထုတ္ျပန္ခ်က္ေတြအရသိရပါတယ္။
ေျမလတ္အသံ
ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ နေ့တိုင်း အသ–တ်ခံနေရလို့ အိမ်ပြင်မထွက်ဖို့ စကစညွှန်ကြား
သာယာဝတီ၊ ဩဂုတ် ၁၁၊ ၂၀၂၂။
ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်အတွင်းက စစ်ကောင်စီခန့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို နေအိမ်ပြင်ပမထွက်ဖို့ ခရိုင်စစ်ကောင်စီက ဒီကနေ့မှာ ညွှန်ကြားလိုက်တယ်လို့ သာယာဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးဌာနနဲ့ နီးစပ်တဲ့သူတွေဆီက သိရပါတယ်။
သာယာဝတီခရိုင်အတွင်းက ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ နေ့စဉ်နီးပါး ပစ်သတ်ခံနေရလို့ အုပ်ချုပ်ရေးမှူးနဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို အခုလိုညွှန်ကြားခဲ့တာလို့ ပြောပါတယ်။
“နှုတ်နဲ့ပေါ့နော်၊ အုပ်ကြီးတွေနဲ့ရာအိမ်မှူးတွေထဲက နည်းနည်းနာမည်ထွက်တဲ့သူတွေကိုတော့ အိမ်ပြင်လုံးဝမထွက်နဲ့ပေါ့။ သူတို့ အစည်းအဝေးခေါ်လည်း လာစရာမလိုဘူး။
လိုအပ်ရင် ဗီဒီယိုကောနဲ့ ပြောမယ်ပေါ့။ တခြားအုပ်ကြီးတွေလည်း သတိနဲ့နေကြ ဆိုတာမျိုးညွှန်ကြားတယ်။ စာထုတ်ရင် အပြင်ကို ပေါက်မှာစိုးလို့ စာမထုတ်ဘူး။
မြို့နယ်ထွေအုပ်တွေကနေဖုန်းနဲ့ပြောခိုင်းတာ” လို့ သာယာဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဌာနနဲ့နီးစပ်တဲ့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
ခရိုင်တွင်းအုပ်ချုပ်ရေးမှူးတွေ နေ့စဉ်ပစ်ခတ်ခံနေရတာနဲ့ပတ်သက်ပြီး မြို့နယ်အလိုက် ရဲတွေလည်း ဖိအားပေးခံနေရတယ်လို့ သူကဆက်ပြောပါတယ်။
သာယာဝတီခရိုင်အတွင်းမှာ သာယာဝတီ၊ သုံးဆယ်၊ လက်ပံတန်း၊ အုတ်ဖို၊ မင်းလှ၊ ကြို့ပင်ကောက်၊ မိုးညိုနဲ့ နတ္တလင်း စတဲ့မြို့နယ်တွေ ပါဝင်တာဖြစ်ပြီး အဲ့ဒီမြို့နယ်တွေအတွင်းက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေဟာ နေ့စဉ်သို့မဟုတ် ရက်ပိုင်းသာခြားပြီး ပစ်သတ်ခံနေရတာဖြစ်ပါတယ်။
သာယာဝတီခရိုင်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ စစ်ကောင်စီထောက်တိုင်နဲ့ စစ်အုပ်စုထောက်တိုင် အမာခံသတင်းပေးတွေကို တိုက်ခိုက်ရှင်းလင်းတဲ့ ဇေယျာသော်စစ်ဆင်ရေးကို လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုလ သြဂုတ် ၁၁ ရက်နေ့ထိအတွင်းမှာဘဲ သာယာဝတီခရိုင်အတွင်းက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ၆ ဦးထက်မနည်း ပစ်ခတ်ခံရလို့ သေဆုံးဒဏ်ရာရတာတွေရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ PDF ထုတ်ပြန်ချက်တွေအရသိရပါတယ်။
မြေလတ်အသံ