Local News

ဒီပဲယင္းျပည္သူေတြ စစ္ေကာင္စီမွဝင္ေရာက္ထိုးစစ္ဆင္လာလို႔ ညတြင္းျခင္းထြက္ေျပးတိမ္းေရွာင္ေနရ

ဒီပဲယင္းျပည္သူေတြ စစ္ေကာင္စီမွဝင္ေရာက္ထိုးစစ္ဆင္လာလို႔ ညတြင္းျခင္းထြက္ေျပးတိမ္းေရွာင္ေနရ

စစ္ေကာင္စီတပ္စစ္ေၾကာင္းထိုးလာမႈေၾကာင့္ဒီပဲယင္းျပည္သူမ်ား ညတြင္းခ်င္းထြက္ေျပးတိမ္းေရွာင္ရ

ၾသဂုတ္ ၁၁ ၊ ၂၀၂၂ ။

စစ္ကိုင္းတိုင္းေဒသႀကီး ၊ ဒီပဲယင္းအေရွ႕ျခမ္းေက်း႐ြာမ်ားသို႔ စစ္ေကာင္စီတပ္ စစ္ေၾကာင္းထိုးလာမႈေၾကာင့္ ျပည္သူမ်ား ညတြင္းခ်င္း ထြက္ေျပးတိမ္းေရွာင္ရသည္ဟု ေဒသခံမ်ားထံမွသိရသည္။

ဒီပဲယင္းေတာင္ဘက္ျခမ္း မူးကမ္း႐ြာမွ အင္အား ၁၅၀ ခန႔္ပါစစ္ေကာင္စီတပ္ စစ္ေၾကာင္းသည္ ယမန္ေန႔တြင္ ဒီပဲယင္းအေရွ႕ျခမ္း တည္ေတာ၊ အုပ္ဆည္၊ ေခ်ာင္းၿမီးတို၊ ကြၽဲတိုးၿခဳံ၊ က်ဴေတာ၊ ယဥ္ေက်း၊နမ်ား၊ဘန္႔ေဘြး႐ြာမ်ားကိုဝင္ေရာက္ေမႊေႏွာက္ခဲ့သည္။

အဆိုပါစစ္ေၾကာင္းသည္ထိုေက်း႐ြာမ်ားမွတစ္ဆင့္ ယေန႔တြင္ ဒီပဲယင္းအေရွ႕ျခမ္း ေညာင္လွ၊ ကုန္းႀကီး၊ ဝဲႀကီး၊သရက္ေတာေက်း႐ြာမ်ားသို႔ဆက္လက္ စစ္ေၾကာင္းထိုးလာရာ ေဒသခံမ်ားေထာင္ခ်ီ၍ ထြက္ေျပးတိမ္းေရွာင္ၾကရသည္ဟု သိရသည္။

ထိုစစ္ၾကာင္းသည္ ေက်း႐ြာမ်ားအတြင္းဝင္ေရာက္ကာ ဆိုင္ကယ္မ်ား မီးရႈိ႕ဖ်က္ဆီးျခင္း၊ ႐ြာသားတခ်ိဳ႕အား(အေရအတြက္စုံစမ္းဆဲ) ဖမ္းဆီးသတ္ျဖတ္ျခင္းမ်ား လုပ္ေဆာင္ခဲ့သည္ဟု ဒီပဲယင္းၿမိဳ႕နယ္ စစ္ေရွာင္ေထာက္ပံ့ေရးအဖြဲ႕ကေဖာ္ျပထားသည္။

ယေန႔ၾသဂုတ္လ၁၁ ရက္တြင္ ေညာင္လွေက်း႐ြာအတြင္းဝင္ေရာက္ေမႊေႏွာက္ခဲ့သည့္စစ္ေကာင္စီတပ္က ျပည္သူတစ္ဦးကိုဆိုင္ကယ္ႏွင့္အတူမီးရႈိ႕သတ္ျဖတ္ခဲ့ၿပီး အနီးရွိဖိနပ္ဆိုင္ကိုလည္းမီးရႈိ႕ဖ်က္ဆီးသြားသည္ဟုသိရသည္။

စစ္ေကာင္စီတပ္ကမီးရႈိ႕သတ္ျဖတ္သြားခဲ့သည့္ ျပည္သူတစ္ဦး၏႐ုပ္အေလာင္းအ​ႂကြင္းအက်န္မ်ားကို ေဒသခံမ်ားက ဓာတ္ပုံႏွင့္ဗီဒီယိုမွတ္တမ္းမ်ားရယူထားႏိုင္ေသာ္ လည္းမည္သူမည္ဝါျဖစ္ေၾကာင္းကိုမူ လက္တေလာ၌အတည္မျပဳႏိုင္ေသးဟု ေဒသခံမ်ားကေျပာသည္။

ဓာတ္ပုံ-ဒီပဲယင္းၿမိဳ႕နယ္စစ္ေရွာင္ေထာက္ပံ့ေရးအဖြဲ႕

ဒီပဲယင်းပြည်သူတွေ စစ်ကောင်စီမှဝင်ရောက်ထိုးစစ်ဆင်လာလို့ ညတွင်းခြင်းထွက်ပြေးတိမ်းရှောင်နေရ

စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာမှုကြောင့်ဒီပဲယင်းပြည်သူများ ညတွင်းချင်းထွက်ပြေးတိမ်းရှောင်ရ

သြဂုတ် ၁၁ ၊ ၂၀၂၂ ။

စစ်ကိုင်းတိုင်းဒေသကြီး ၊ ဒီပဲယင်းအရှေ့ခြမ်းကျေးရွာများသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာမှုကြောင့် ပြည်သူများ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ရသည်ဟု ဒေသခံများထံမှသိရသည်။

ဒီပဲယင်းတောင်ဘက်ခြမ်း မူးကမ်းရွာမှ အင်အား ၁၅၀ ခန့်ပါစစ်ကောင်စီတပ် စစ်ကြောင်းသည် ယမန်နေ့တွင် ဒီပဲယင်းအရှေ့ခြမ်း တည်တော၊ အုပ်ဆည်၊ ချောင်းမြီးတို၊ ကျွဲတိုးခြုံ၊ ကျူတော၊ ယဉ်ကျေး၊နများ၊ဘန့်ဘွေးရွာများကိုဝင်ရောက်မွှေနှောက်ခဲ့သည်။

အဆိုပါစစ်ကြောင်းသည်ထိုကျေးရွာများမှတစ်ဆင့် ယနေ့တွင် ဒီပဲယင်းအရှေ့ခြမ်း ညောင်လှ၊ ကုန်းကြီး၊ ဝဲကြီး၊သရက်တောကျေးရွာများသို့ဆက်လက် စစ်ကြောင်းထိုးလာရာ ဒေသခံများထောင်ချီ၍ ထွက်ပြေးတိမ်းရှောင်ကြရသည်ဟု သိရသည်။

ထိုစစ်ကြာင်းသည် ကျေးရွာများအတွင်းဝင်ရောက်ကာ ဆိုင်ကယ်များ မီးရှို့ဖျက်ဆီးခြင်း၊ ရွာသားတချို့အား(အရေအတွက်စုံစမ်းဆဲ) ဖမ်းဆီးသတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ကဖော်ပြထားသည်။

ယနေ့သြဂုတ်လ၁၁ ရက်တွင် ညောင်လှကျေးရွာအတွင်းဝင်ရောက်မွှေနှောက်ခဲ့သည့်စစ်ကောင်စီတပ်က ပြည်သူတစ်ဦးကိုဆိုင်ကယ်နှင့်အတူမီးရှို့သတ်ဖြတ်ခဲ့ပြီး အနီးရှိဖိနပ်ဆိုင်ကိုလည်းမီးရှို့ဖျက်ဆီးသွားသည်ဟုသိရသည်။

စစ်ကောင်စီတပ်ကမီးရှို့သတ်ဖြတ်သွားခဲ့သည့် ပြည်သူတစ်ဦး၏ရုပ်အလောင်းအကြွင်းအကျန်များကို ဒေသခံများက ဓာတ်ပုံနှင့်ဗီဒီယိုမှတ်တမ်းများရယူထားနိုင်သော် လည်းမည်သူမည်ဝါဖြစ်ကြောင်းကိုမူ လက်တလော၌အတည်မပြုနိုင်သေးဟု ဒေသခံများကပြောသည်။

ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့