Local News

မီးရထားဝန္ထမ္း ဦးစိုးဝင္းေနအိမ္မွ က်ပ္သိန္း ၁၃၀ ေက်ာ္ႏွင့္ ေ႐ႊ ၆ က်ပ္သား ဓားျပတိုက္ခံရ

မီးရထားဝန္ထမ္းတဦးေနအိမ္မွ က်ပ္သိန္း ၁၃၀ ေက်ာ္ႏွင့္ ေ႐ႊ ၆ က်ပ္သား ဓားျပတိုက္ခံရ

မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ စက္ဆန္းရပ္ကြက္၊ စက္ဆန္းမီးရထားဝင္းအတြင္းက ဝန္ထမ္းတဦး ေနအိမ္မွာ ၾသဂုတ္ ၁၁ ရက္ ညေန ၅ နာရီက ဓားျပတိုက္ခံရၿပီး ေငြက်ပ္သိန္း ၁၃၀ ေက်ာ္နဲ႔ ေ႐ႊေတြပါသြားတယ္လို႔ ရပ္ကြက္ေနသူေတြက ေျပာပါတယ္။

မေန႔ ညေန ၅ နာရီေလာက္က မီးရထားဝင္း လိုင္းအမွတ္ ၈၀၊ အခန္း A ေန တံတားေဘာင္ အလုပ္႐ုံမွ အလုပ္ၾကပ္ ဦးစိုးဝင္း ေနအိမ္ကို အမ်ိဳးသား ေျခာက္ဦး ကားတစီးနဲ႔ ေရာက္လာၿပီး ဓားျပတိုက္ခဲ့တယ္လို႔ ရပ္ကြက္ေနသူတဦးက ေျပာပါတယ္။

“ကားနဲ႔ဓားျပ လာတိုက္တာ၊ ပစ္တာခတ္တာ မရွိေတာ့ ရပ္ကြက္ထဲက လူေတြလည္း မသိဘူး။ အိမ္ကို လာလည္တဲ့ ဧည့္သည္ပဲထင္ၾကတာ၊ ေနာက္မွ ဓားျပတိုက္ခံရမွန္း သိတာ။”

ဦးစိုးဝင္းဟာ ညီမျဖစ္သူနဲ႔အတူ လိုင္းခန္းမွာ ရွိေနခ်ိန္ ဓားျပ တိုက္ခံရတာျဖစ္ၿပီး ထိုးႀကိတ္ ႐ိုက္ႏွက္ခံရမႈေၾကာင့္ ဦးစိုးဝင္း နဲ႔ ညီမျဖစ္သူတို႔ ထိခိုက္ဒဏ္ရာေတြ ရရွိခဲ့တယ္လို႔ အုပ္ခ်ဳပ္ေရးနဲ႔ နီးစပ္သူတဦးက ေျပာပါတယ္။

“ပ႐ိုေဘာက္အျဖဴေရာင္နဲ႔ လူေျခာက္ေယာက္ေရာက္လာၿပီး တေယာက္က ညီမျဖစ္သူကို ဓားနဲ႔ေထာက္ထားတယ္။ က်န္တဲ့သူ ငါးေယာက္က ဦးစိုးဝင္းပါးစပ္ကို တိတ္နဲ႔ကပ္ၿပီး ဝိုင္းၿပီး ထိုးႀကိတ္ၿပီး အိပ္ခန္းထဲက ေငြသိန္း ၁၃၀ ေက်ာ္နဲ႔ေ႐ႊေျခာက္က်ပ္သားကို ယူသြားတယ္။”

ဓားျပတိုက္မႈျဖစ္ၿပီးေနာက္ စစ္ေကာင္စီတပ္နဲ႔ ရဲေတြဟာ စက္ဆန္းမီးရထားဝင္းမွာ ပိတ္ဆို႔ ရွာေဖြခဲ့ေပမဲ့ ဖမ္းဆီးရမိျခင္း မရွိဘူးလို႔ ရပ္ကြက္ေနသူေတြက ေျပာပါတယ္။

လတ္တေလာမွာ ဓားျပတိုက္မႈနဲ႔ ပတ္သက္လို႔ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ ရဲစခန္းမွာ အမႈဖြင့္လွစ္ထားတယ္လို႔ ဆိုပါတယ္။

source-DVB

မီးရထားဝန်ထမ်းတဦးနေအိမ်မှ ကျပ်သိန်း ၁၃၀ ကျော်နှင့် ရွှေ ၆ ကျပ်သား ဓားပြတိုက်ခံရ

မင်္ဂလာတောင်ညွန့်မြို့နယ် စက်ဆန်းရပ်ကွက်၊ စက်ဆန်းမီးရထားဝင်းအတွင်းက ဝန်ထမ်းတဦး နေအိမ်မှာ သြဂုတ် ၁၁ ရက် ညနေ ၅ နာရီက ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း ၁၃၀ ကျော်နဲ့ ရွှေတွေပါသွားတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

မနေ့ ညနေ ၅ နာရီလောက်က မီးရထားဝင်း လိုင်းအမှတ် ၈၀၊ အခန်း A နေ တံတားဘောင် အလုပ်ရုံမှ အလုပ်ကြပ် ဦးစိုးဝင်း နေအိမ်ကို အမျိုးသား ခြောက်ဦး ကားတစီးနဲ့ ရောက်လာပြီး ဓားပြတိုက်ခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“ကားနဲ့ဓားပြ လာတိုက်တာ၊ ပစ်တာခတ်တာ မရှိတော့ ရပ်ကွက်ထဲက လူတွေလည်း မသိဘူး။ အိမ်ကို လာလည်တဲ့ ဧည့်သည်ပဲထင်ကြတာ၊ နောက်မှ ဓားပြတိုက်ခံရမှန်း သိတာ။”

ဦးစိုးဝင်းဟာ ညီမဖြစ်သူနဲ့အတူ လိုင်းခန်းမှာ ရှိနေချိန် ဓားပြ တိုက်ခံရတာဖြစ်ပြီး ထိုးကြိတ် ရိုက်နှက်ခံရမှုကြောင့် ဦးစိုးဝင်း နဲ့ ညီမဖြစ်သူတို့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ပရိုဘောက်အဖြူရောင်နဲ့ လူခြောက်ယောက်ရောက်လာပြီး တယောက်က ညီမဖြစ်သူကို ဓားနဲ့ထောက်ထားတယ်။ ကျန်တဲ့သူ ငါးယောက်က ဦးစိုးဝင်းပါးစပ်ကို တိတ်နဲ့ကပ်ပြီး ဝိုင်းပြီး ထိုးကြိတ်ပြီး အိပ်ခန်းထဲက ငွေသိန်း ၁၃၀ ကျော်နဲ့ရွှေခြောက်ကျပ်သားကို ယူသွားတယ်။”

ဓားပြတိုက်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ စက်ဆန်းမီးရထားဝင်းမှာ ပိတ်ဆို့ ရှာဖွေခဲ့ပေမဲ့ ဖမ်းဆီးရမိခြင်း မရှိဘူးလို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

လတ်တလောမှာ ဓားပြတိုက်မှုနဲ့ ပတ်သက်လို့ မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းမှာ အမှုဖွင့်လှစ်ထားတယ်လို့ ဆိုပါတယ်။

source-DVB