Local News

အင္းစိန္တြင္ စစ္အာဏာရွင္ ဆန႔္က်င္ေရး လူငယ္မ်ားကို စစ္တပ္ႏွင့္ ပူးေပါင္း ဖမ္းဆီး ခဲ့ေသာ လႈိင္မင္းထြန္း

အင္းစိန္တြင္ စစ္အာဏာရွင္ ဆန႔္က်င္ေရး လူငယ္မ်ားကို စစ္တပ္ႏွင့္ ပူးေပါင္း ဖမ္းဆီး ခဲ့ေသာ အရန္မီးသတ္ေခါင္းေဆာင္ လႈိင္မင္းထြန္း ပစ္ခတ္ခံရၿပီး ေသ ဆုံး၊ မိုးညိဳၿမိဳ႕နယ္၊ ျမင္းမူႏွင့္ မတၱရာတို႔တြင္ အုပ္ခ်ဳပ္ေရး၊ ပ်ဴေစာထီး ၇ ဦး ပစ္ ခတ္ ခံရၿပီး ေသဆုံး

ရန္ကုန္၊ ဩဂုတ္ ၁၂

ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္၊ န္ကုန္တိုင္း၊အင္းစိန္ၿမိဳနယ္၊ဒညင္းကုန္း ရပ္ ကြက္ ၊စက္မႈဇုန္ ၃၊ ျမတ္ဧရာ ၂ လမ္း သြယ္ တြင္ေနထိုင္ေသာ အရန္ မီးသတ္ ေခါင္း ေဆာင္ လႈိင္မင္းထြန္း ယေန႔ နံနက္ပိုင္းတြင္ ပစ္ခတ္ခံရၿပီး ေသဆုံးသြား ေၾကာင္း သိရွိရသည္။

ဩဂုတ္လ ၁၂ ရက္၊ နံနက္ ၇ နာရီ မိနစ္ ၅၀ အခ်ိန္ အရန္မီးသတ္ တပ္ဖြဲ႕မႉး လႈိင္ မင္းထြန္းႏွင့္ ခင္ေမာင္ၿငိမ္းတို႔ ၂ ဦး ကားျပင္ေနစဥ္ ေသနတ္ သမားတခ်ိဳ႕ က ပစ္ခတ္သြားျခင္းျဖစ္ေၾကာင္း၊ ပစ္ခတ္မႈေၾကာင့္ အရန္မီးသတ္ ေခါင္းေဆာင္ လႈိင္မင္းထြန္း ေသဆုံးသြားေၾကာင္း၊ လႈိင္မင္းထြန္းသည္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ မ်ားအား ပါဝင္ကူညီေနသူျဖစ္ၿပီး ဆိုင္ကယ္ဖမ္းဆီးျခင္း၊ ဧည့္စာရင္း စစ္ေဆး ျခင္းႏွင့္ ျပည္သူမ်ားကို ဖမ္းဆီးခဲ့သူျဖစ္ေၾကာင္း သိရွိရသည္။

အလားတူ သာယာဝတီခ႐ိုင္တပ္ရင္း ၃၈၀၂ တပ္ခြဲ ၄ လက္ေအာက္ရွိ မိုးညိဳၿမိဳ႕ နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ က ဩဂတ္လ ၁၀ရက္ ညေန ၇ နာရီ ၂၅ မိနစ္ တြင္ မိုးညိဳၿမိဳ႕နယ္ကရင္ေခ်ာင္အုပ္စုေတာရကုန္း႐ြာ ရပ္ေက်း လက္ ေထာက္ အုပ္ခ်ဳပ္ေရးမႉး ၿမိဳ႕နယ္သမအလုပ္အမႈေဆာင္ ပ်ဴေစာထီး ျမင့္စိုး လင္မယားႏွစ္ေယာက္ကို ပစ္ခတ္ရာမွ ေသဆုံးသြားေၾကာင္း မိုးညိဳၿမိဳ႕နယ္ ျပည္သူ႔ ကာကြယ္ေရးတပ္ဖြဲ႕က သတင္းထုတ္ျပန္သည္။

“သမေခ်းေငြေတြမဆပ္ႏိုင္ပါက ပစၥည္းသိမ္းမယ္ ခ်ိတ္ပိတ္မယ္ စသျဖင့္ စစ္တပ္ ေခၚဖိအားေပးတဲ့အတြက္ မခံမရပ္ႏိုင္တဲ့ျပည္သူေတြဆီက တိုင္ၾကားစာေတြ ရရွိထားတာၾကာ ၿပီ ျဖစ္တဲ့အတြက္ အေရးယူ ေဆာင္႐ြက္ရ တာျဖစ္ပါတယ္။ေနာက္ထပ္ လည္း ျပည္သူ လူထုက တိုင္ၾကားလာခဲ့ရင္ မည္သည့္ စစ္ေကာင္စီေဒါက္တိုင္ကိုမဆို ၿဖိဳခ်ဖ်က္ဆီး သြားဖို႔အဆင့္ သင့္ရွိ တယ္” ဟု မိုးညိဳ PDF စစ္ဆင္ေရးတာဝန္ခံ ဗိုလ္အားမာန္က ေျပာသည္။

ထို႔ျပင္ စစ္ကိုင္းတိုင္းျမင္းမူၿမိဳ႕နယ္ အလႅကပၸေက်း႐ြာရွိ ပ်ဴေစာထီး ႏွင့္ဒလန္ မ်ား ျဖစ္ၾကသည့္ ဝဲေက်ာ္၊ ထြန္းႏိုင္ ႂကြက္နီ၊ ပိုလီယို တို႔ကို Leopard defense force မွဦးေဆာင္၍ Zarmani Revolution force ႏွင့္ Nway Oo Dakho ၃ ဖြဲ႕က ဩဂုတ္လ ၅ ရက္ေန႔ ပစ္ခတ္ခဲ့ရာ ေသဆုံးသြားေၾကာင္း သိရွိရသည္။

မႏၲေလးတိုင္း၊ မတၱရာၿမိဳ႕နယ္၊ ေအာက္ေတာင္ကိုင္း႐ြာမွ စစ္တပ္သတင္းေပး ဟု သတ္မွတ္ခံရသူ မတင္ေအး ကို ABRF Madaya က ဩဂုတ္လ ၁၁ ရက္ေန႔ ည ၁၀ နာရီခြဲအခ်ိန္တြင္ ပစ္ခတ္ရာ ေသဆုံးသြားေၾကာင္း သိရွိရသည္။

“ေသနတ္နဲ႔ ပစ္သြားတယ္။ ႐ြာမွာ အကုန္လုံးေပ်ာ္ေနၾကတာ။ မတင္ေအးက မတည့္တဲ့သူဆို စစ္သားေတြနဲ႔ ဖမ္းခိုင္းတာ။ တအားဂ်ိဳႂကြ။ ဒီမနက္ လူနာတင္ ကားနဲ႔ စစ္ကားႏွစ္စီးေလာက္ ေရာက္လာၿပီး အေလာင္းလာသယ္တယ္။

႐ြာ ထဲမွာ အစိမ္းေဘာမေတြပဲရွိေတာ့တာ။ က်န္တဲ့သူေတြကေတာ့ တ ျခား႐ြာေတြ ေရွာင္ေနၾကတယ္။ အဲဒီ ႐ြာရဲ႕ သုံးပုံ ႏွစ္ပုံက ေဘာမ ေတြ ခ်ည္းပဲ။ မေန႔ည ၁၁နာရီ လာပစ္တာ” ဟု ေဒသခံတစ္ဦးက ေျပာဆိုသည္။

အင်းစိန်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လူငယ်များကို စစ်တပ်နှင့် ပူးပေါင်း ဖမ်းဆီး ခဲ့သော အရန်မီးသတ်ခေါင်းဆောင် လှိုင်မင်းထွန်း ပစ်ခတ်ခံရပြီး သေ ဆုံး၊ မိုးညိုမြို့နယ်၊ မြင်းမူနှင့် မတ္တရာတို့တွင် အုပ်ချုပ်ရေး၊ ပျူစောထီး ၇ ဦး ပစ် ခတ် ခံရပြီး သေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၂

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ န်ကုန်တိုင်း၊အင်းစိန်မြိုနယ်၊ဒညင်းကုန်း ရပ် ကွက် ၊စက်မှုဇုန် ၃၊ မြတ်ဧရာ ၂ လမ်း သွယ် တွင်နေထိုင်သော အရန် မီးသတ် ခေါင်း ဆောင် လှိုင်မင်းထွန်း ယနေ့ နံနက်ပိုင်းတွင် ပစ်ခတ်ခံရပြီး သေဆုံးသွား ကြောင်း သိရှိရသည်။

ဩဂုတ်လ ၁၂ ရက်၊ နံနက် ၇ နာရီ မိနစ် ၅၀ အချိန် အရန်မီးသတ် တပ်ဖွဲ့မှူး လှိုင် မင်းထွန်းနှင့် ခင်မောင်ငြိမ်းတို့ ၂ ဦး ကားပြင်နေစဉ် သေနတ် သမားတချို့ က ပစ်ခတ်သွားခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုကြောင့် အရန်မီးသတ် ခေါင်းဆောင် လှိုင်မင်းထွန်း သေဆုံးသွားကြောင်း၊ လှိုင်မင်းထွန်းသည် စစ်ကောင်စီ တပ်ဖွဲ့ဝင် များအား ပါဝင်ကူညီနေသူဖြစ်ပြီး ဆိုင်ကယ်ဖမ်းဆီးခြင်း၊ ဧည့်စာရင်း စစ်ဆေး ခြင်းနှင့် ပြည်သူများကို ဖမ်းဆီးခဲ့သူဖြစ်ကြောင်း သိရှိရသည်။

အလားတူ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ လက်အောက်ရှိ မိုးညိုမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ဩဂတ်လ ၁၀ရက် ညနေ ၇ နာရီ ၂၅ မိနစ် တွင် မိုးညိုမြို့နယ်ကရင်ချောင်အုပ်စုတောရကုန်းရွာ ရပ်ကျေး လက် ထောက် အုပ်ချုပ်ရေးမှူး မြို့နယ်သမအလုပ်အမှုဆောင် ပျူစောထီး မြင့်စိုး လင်မယားနှစ်ယောက်ကို ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း မိုးညိုမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

“သမချေးငွေတွေမဆပ်နိုင်ပါက ပစ္စည်းသိမ်းမယ် ချိတ်ပိတ်မယ် စသဖြင့် စစ်တပ် ခေါ်ဖိအားပေးတဲ့အတွက် မခံမရပ်နိုင်တဲ့ပြည်သူတွေဆီက တိုင်ကြားစာတွေ ရရှိထားတာကြာ ပြီ ဖြစ်တဲ့အတွက် အရေးယူ ဆောင်ရွက်ရ တာဖြစ်ပါတယ်။နောက်ထပ် လည်း ပြည်သူ လူထုက တိုင်ကြားလာခဲ့ရင် မည်သည့် စစ်ကောင်စီဒေါက်တိုင်ကိုမဆို ဖြိုချဖျက်ဆီး သွားဖို့အဆင့် သင့်ရှိ တယ်” ဟု မိုးညို PDF စစ်ဆင်ရေးတာဝန်ခံ ဗိုလ်အားမာန်က ပြောသည်။

ထို့ပြင် စစ်ကိုင်းတိုင်းမြင်းမူမြို့နယ် အလ္လကပ္ပကျေးရွာရှိ ပျူစောထီး နှင့်ဒလန် များ ဖြစ်ကြသည့် ဝဲကျော်၊ ထွန်းနိုင် ကြွက်နီ၊ ပိုလီယို တို့ကို Leopard defense force မှဦးဆောင်၍ Zarmani Revolution force နှင့် Nway Oo Dakho ၃ ဖွဲ့က ဩဂုတ်လ ၅ ရက်နေ့ ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း သိရှိရသည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အောက်တောင်ကိုင်းရွာမှ စစ်တပ်သတင်းပေး ဟု သတ်မှတ်ခံရသူ မတင်အေး ကို ABRF Madaya က ဩဂုတ်လ ၁၁ ရက်နေ့ ည ၁၀ နာရီခွဲအချိန်တွင် ပစ်ခတ်ရာ သေဆုံးသွားကြောင်း သိရှိရသည်။

“သေနတ်နဲ့ ပစ်သွားတယ်။ ရွာမှာ အကုန်လုံးပျော်နေကြတာ။ မတင်အေးက မတည့်တဲ့သူဆို စစ်သားတွေနဲ့ ဖမ်းခိုင်းတာ။ တအားဂျိုကြွ။ ဒီမနက် လူနာတင် ကားနဲ့ စစ်ကားနှစ်စီးလောက် ရောက်လာပြီး အလောင်းလာသယ်တယ်။

ရွာ ထဲမှာ အစိမ်းဘောမတွေပဲရှိတော့တာ။ ကျန်တဲ့သူတွေကတော့ တ ခြားရွာတွေ ရှောင်နေကြတယ်။ အဲဒီ ရွာရဲ့ သုံးပုံ နှစ်ပုံက ဘောမ တွေ ချည်းပဲ။ မနေ့ည ၁၁နာရီ လာပစ်တာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။