Local News

အုပ္ခ်ဳပ္ေရးမႉး႐ုံး ပစ္ခတ္ခံရၿပီး ၿမိဳ႕ နယ္ စီမံ အုပ္ခ်ဳပ္ေရးမႉး ဗိုလ္မႉးေက်ာ္မင္းဟန္

Breaking News- ဗန္းေမာက္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး႐ုံး ပစ္ခတ္ခံရၿပီး ၿမိဳ႕ နယ္ စီမံ အုပ္ခ်ဳပ္ေရးမႉး ဗိုလ္မႉးေက်ာ္မင္းဟန္ ေသဆုံး၊ ၿမိဳ႕ေပၚ တိုက္ပြဲ ျဖစ္ၿပီး ျပည္သူမ်ား အုတ္ေအာ္ေသာင္းနင္း ေျပးလႊားေနရ

ရန္ကုန္၊ ဩဂုတ္ ၁၂

ကခ်င္ျပည္နယ္၊ ဗန္းေမာက္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးကို ယေန႔ နံနက္ပိုင္း ဝင္ေရာက္ပစ္ခတ္ခဲ့ရာ ၿမိဳ႕နယ္ စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ ဗိုလ္မႉး ေက်ာ္မင္းဟန္ ပြဲခ်င္းၿပီး ေသဆုံးသြားေၾကာင္း ဗန္းေမာက္ေဒသခံမ်ားထံမွ သိရွိရသည္။

ဩဂုတ္လ ၁၂ ရက္ေန႔ နံနက္ ၉ နာရီအခ်ိန္တြင္ ဗန္းေမာက္ၿမိဳ႕ ေထြအုပ္႐ုံးကို ဝင္ေရာက္ ပစ္ခတ္ျခင္းျဖစ္ၿပီး စစ္ေကာင္စီခန္႔ ၿမိဳ႕နယ္စီမံ အုပ္ခ်ဳပ္ေရး ေကာင္ စီအဖြဲ႕ဝင္ ဗိုလ္မႉးေက်ာ္မင္းဟန္ ေသဆုံးသြားေၾကာင္း၊

အေထြေထြ အုပ္ခ်ဳပ္ ေရး ဦးစီးဌာနမွ ဒုဦးစီးမ်ိဳးျမင့္ႏိူင္ ဖမ္းဆီးခံရေသာ္လည္း ျပန္လႊတ္ ေပးသျဖင့္ လြတ္ေျမာက္လာေၾကာင္း၊ ပစ္ခတ္မႈမ်ားႏွင့္ တိုက္ပြဲမ်ား ၿမိဳ႕တြင္း တြင္ ျဖစ္ပြားေနေၾကာင္း ေဒသတင္းရင္းျမစ္ႏွင့္ ေဒသခံမ်ားကထံမွ သိရွိရသည္။

“ေအာင္သာကုန္း တံတားနားမွာ တိုက္ပြဲျဖစ္ေနတယ္။ တစ္ၿမိဳ႕လုံးေတာ့ အုတ္ ေအာ္ေသာင္းနင္းျဖစ္ေနတယ္။ ေစ်းသည္ေတြေရာ အကုန္အိမ္ျပန္ေနၾကၿပီ။ ေျပးေနရတယ္” ဟု ေဒသခံတစ္ဦးက ေျပာ ဆိုသည္။

ရန္ကုန္ေခတ္သစ္အေနျဖင့္ ဗန္းေမာက္ၿမိဳ႕ေပၚ ပစ္ခတ္မႈမ်ား ႏွင့္တိုက္ပြဲ အေျခ အေနမ်ားကို ဆက္လက္ ေဖာ္ျပပါမည္။

ဓာတ္ပုံ- ဗန္းေမာက္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံး။

Breaking News- ဗန်းမောက်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရပြီး မြို့ နယ် စီမံ အုပ်ချုပ်ရေးမှူး ဗိုလ်မှူးကျော်မင်းဟန် သေဆုံး၊ မြို့ပေါ် တိုက်ပွဲ ဖြစ်ပြီး ပြည်သူများ အုတ်အော်သောင်းနင်း ပြေးလွှားနေရ

ရန်ကုန်၊ ဩဂုတ် ၁၂

ကချင်ပြည်နယ်၊ ဗန်းမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ယနေ့ နံနက်ပိုင်း ဝင်ရောက်ပစ်ခတ်ခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ကျော်မင်းဟန် ပွဲချင်းပြီး သေဆုံးသွားကြောင်း ဗန်းမောက်ဒေသခံများထံမှ သိရှိရသည်။

ဩဂုတ်လ ၁၂ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ဗန်းမောက်မြို့ ထွေအုပ်ရုံးကို ဝင်ရောက် ပစ်ခတ်ခြင်းဖြစ်ပြီး စစ်ကောင်စီခန့် မြို့နယ်စီမံ အုပ်ချုပ်ရေး ကောင် စီအဖွဲ့ဝင် ဗိုလ်မှူးကျော်မင်းဟန် သေဆုံးသွားကြောင်း၊

အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာနမှ ဒုဦးစီးမျိုးမြင့်နိူင် ဖမ်းဆီးခံရသော်လည်း ပြန်လွှတ် ပေးသဖြင့် လွတ်မြောက်လာကြောင်း၊ ပစ်ခတ်မှုများနှင့် တိုက်ပွဲများ မြို့တွင်း တွင် ဖြစ်ပွားနေကြောင်း ဒေသတင်းရင်းမြစ်နှင့် ဒေသခံများကထံမှ သိရှိရသည်။

“အောင်သာကုန်း တံတားနားမှာ တိုက်ပွဲဖြစ်နေတယ်။ တစ်မြို့လုံးတော့ အုတ် အော်သောင်းနင်းဖြစ်နေတယ်။ ဈေးသည်တွေရော အကုန်အိမ်ပြန်နေကြပြီ။ ပြေးနေရတယ်” ဟု ဒေသခံတစ်ဦးက ပြော ဆိုသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် ဗန်းမောက်မြို့ပေါ် ပစ်ခတ်မှုများ နှင့်တိုက်ပွဲ အခြေ အနေများကို ဆက်လက် ဖော်ပြပါမည်။

ဓာတ်ပုံ- ဗန်းမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး။