Local News

သဃၤန္းကြၽန္းၿမိဳ႕နယ္ လ၀က႐ုံး

သဃၤန္းကြၽန္းၿမိဳ႕နယ္ လ၀က႐ုံး ဝင္ပ-စ္ခတ္ခံရၿပီး လ၀က ဒုဦးစီးမႉး ေက်ာ္မိုး ေ-သဆုံး၊ လ၀က ဦးစီးအရာရွိ ဒဏ္ရာရ

ရန္ကုန္၊ ဩဂုတ္ ၁၂

ရန္ကုန္တိုင္း သဃၤန္းကြၽန္းၿမိဳ႕နယ္ လူဝင္မႈႀကီး‌ၾကပ္ေရး႐ုံး ပစ္ခတ္ခံရၿပီး လက၀ ဦးစီးအရာရွိ ဒဏ္ရာရရွိကာ လ၀က ဒုဦးစီးမႉး ေက်ာ္မိုး ေသဆုံး သြား ေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။

ဩဂုတ္လ ၁၂ ရက္ေန႔ ညေန ၃ နာရီဝန္းက်င္တြင္ ပစ္ခတ္မႈျဖစ္ျခင္းျဖစ္ၿပီး စစ္တပ္ႏွင့္ရဲမ်ားက သဃၤန္းကြၽန္းတစ္ၿမိဳ႕နယ္လုံးကို ပိတ္ဆို႔ ရွာေဖြလ်က္ ရွိေၾကာင္း သိရွိရသည္။

သဃၤန္းကြၽန္း လဝက႐ုံးပစ္ခတ္ခံရၿပီး ဦးစီးမႉး ထိတယ္။ဒဏ္ရာရတယ္။ ဒုဦးစီးမႉး ေသသြားၿပီတဲ့ခင္ဗ်ာ။ ဘီအိုစီလမ္းအခ်ိဳ႕ ပိတ္ဆို႔ စစ္ေဆးေနပါတယ္။” ဟု ေဒသခံတစ္ဦးက ေျပာသည္။

ပစ္ခတ္မႈေၾကာင့္ ေသဆုံးသြားေသာ လ၀ကဒုဦးစီးမႉးမွာ ေအာင္ေက်ာ္မိုး (ခ)ေက်ာ္မိုး ျဖစ္ၿပီး ဒဏ္ရာရရွိေသာ လ၀က ဦးစီးမႉး အရာရွိမွာ မၾကာ ေသး ခင္ကမွ အသစ္ ေျပာင္း လာသူျဖစ္ေၾကာင္း ၊ လ၀က ဦးစီးမႉးကို ပစ္ ခတ္ သည္ကို ဝန္ထမ္းေအာင္ေက်ာ္ မိုးက ဝင္လုံးသျဖင့္ ပစ္ခတ္ခံရၿပီး ေသဆုံး သြားျခင္းျဖစ္ေၾကာင္း သိရွိရသည္။

ဓာတ္ပုံ- သဃၤန္းကြၽန္းၿမိဳ႕နယ္ လ၀က႐ုံး ျမင္ကြင္း။

သင်္ဃန်းကျွန်းမြို့နယ် လဝကရုံး ဝင်ပ-စ်ခတ်ခံရပြီး လဝက ဒုဦးစီးမှူး ကျော်မိုး ေ-သဆုံး၊ လဝက ဦးစီးအရာရှိ ဒဏ်ရာရ

ရန်ကုန်၊ ဩဂုတ် ၁၂

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် လူဝင်မှုကြီး‌ကြပ်ရေးရုံး ပစ်ခတ်ခံရပြီး လက၀ ဦးစီးအရာရှိ ဒဏ်ရာရရှိကာ လဝက ဒုဦးစီးမှူး ကျော်မိုး သေဆုံး သွား ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဩဂုတ်လ ၁၂ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ခြင်းဖြစ်ပြီး စစ်တပ်နှင့်ရဲများက သင်္ဃန်းကျွန်းတစ်မြို့နယ်လုံးကို ပိတ်ဆို့ ရှာဖွေလျက် ရှိကြောင်း သိရှိရသည်။

သင်္ဃန်းကျွန်း လဝကရုံးပစ်ခတ်ခံရပြီး ဦးစီးမှူး ထိတယ်။ဒဏ်ရာရတယ်။ ဒုဦးစီးမှူး သေသွားပြီတဲ့ခင်ဗျာ။ ဘီအိုစီလမ်းအချို့ ပိတ်ဆို့ စစ်ဆေးနေပါတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပစ်ခတ်မှုကြောင့် သေဆုံးသွားသော လဝကဒုဦးစီးမှူးမှာ အောင်ကျော်မိုး (ခ)ကျော်မိုး ဖြစ်ပြီး ဒဏ်ရာရရှိသော လဝက ဦးစီးမှူး အရာရှိမှာ မကြာ သေး ခင်ကမှ အသစ် ပြောင်း လာသူဖြစ်ကြောင်း ၊ လဝက ဦးစီးမှူးကို ပစ် ခတ် သည်ကို ဝန်ထမ်းအောင်ကျော် မိုးက ဝင်လုံးသဖြင့် ပစ်ခတ်ခံရပြီး သေဆုံး သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- သင်္ဃန်းကျွန်းမြို့နယ် လဝကရုံး မြင်ကွင်း။