Local News

ဆိုင္ကယ္မ်ားျဖင့္ တာဝါတိုင္ ကင္းပတ္ထြက္လာသည့္ စစ္ေကာင္စီတပ္

ဆိုင္ကယ္မ်ားျဖင့္ တာဝါတိုင္ ကင္းပတ္ထြက္လာသည့္ စစ္ေကာင္စီတပ္ မိုင္းဆြဲတိုက္ခိုက္ခံရ ၆ ဦးေသဆုံး

စိုင္းခန္႔

(မဇၥ်ိမ)။ ။ မႏၲေလးတိုင္း၊ ျမင္းၿခံၿမိဳ႕နယ္တြင္ ဆိုင္ကယ္မ်ားျဖင့္ တာဝါတိုင္ကင္းပတ္ထြက္လာသည့္ စစ္ေကာင္စီတပ္ မိုင္းဆြဲတိုက္ခိုက္ခံရၿပီး ေျခာက္ဦးေသဆုံးခဲ့ေၾကာင္း ေနာင္႐ိုးအထူးေျပာက္က်ားတပ္ဖြဲ႕ – NYSGF ထံမွ သိရသည္။

ျမင္းၿခံၿမိဳ႕နယ္၊ ဆီမီးခုံၿမိဳ႕ရွိ စာသင္ေက်ာင္းတြင္ တပ္စြဲထားသည့္ စစ္ေကာင္စီတပ္မွ တပ္ဖြဲ႕ဝင္မ်ား ဆီမီးခုံ-နဘူးအိုင္ကားလမ္းေဘးတြင္ တည္ရွိသည့္ တာဝါတိုင္ကို ဆိုင္ကယ္မ်ားျဖင့္ ကင္းပတ္ထြက္လာစဥ္ ယမန္ေန႔ ၾသဂုတ္လ ၁၁ ရက္ ည ၉ နာရီအခ်ိန္တြင္ မိုင္းဆြဲတိုက္ခိုက္ခံလိုက္ရျခင္း ျဖစ္သည္။

“ စာသင္ေက်ာင္းမွာတပ္စြဲထားတဲ့ စစ္ေကာင္စီတပ္က တပ္ဖြဲ႕ဝင္ေတြ ဒီတာဝါတ္ိုင္ကို ကင္းပတ္ေနတာ လခ်ီၾကာေနၿပီ၊ ကပ္လို႔မရလို႔ အခုမွ ကပ္တာ၊ ဆိုင္ကယ္တစ္စီးမွာ ႏွစ္ေယာက္စီးၿပီး စုစုေပါင္း ေလးစီးနဲ႔ ကင္းပတ္တာျဖစ္ပါတယ္။

ပေဒသာမိုင္း ငါးလုံးတြဲနဲ႔ တိုက္ခိုက္လိုက္တာမွာ ဆိုင္ကယ္သုံးစီး ေလေပၚပ်ံတက္သြားပါတယ္။” ဟု NYSGF တပ္ဖြဲ႕ တာဝန္ရွိသူက မဇၥ်ိမကို ကိုေျပာသည္။

စစ္ေကာင္စီတပ္ဖြဲ႕ ဆိုင္ကယ္မ်ားျဖင့္ တာဝါတိုင္ကို ကင္းပတ္ေနေၾကာင္း စုံစမ္းသိရသည့္အတြက္ အဆိုပါ လမ္းေပၚတြင္ ကာကြယ္ေရးတပ္ဖြဲ႕မ်ားက မိုင္းမ်ားအသင့္ ျပင္ဆင္ထားကာ တိုက္ခိုက္ႏိုင္ရန္ အခ်ိန္တစ္ပတ္ေက်ာ္ၾကာ ေစာင့္ဆိုင္းခဲ့ရေၾကာင္း သိရသည္။

ယမန္ေန႔ည မိုင္းဆြဲတိုက္ခိုက္မႈတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား စီးနင္းလာသည့္ ဆိုင္ကယ္မ်ားအနက္ သုံးစီး ထိမွန္ကာ လိုက္ပါလာသည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ေျခာက္ဦး ေနရာတြင္ပင္ ပြဲခ်င္းၿပီးေသဆုံးခဲ့ေၾကာင္း ေျပာက္က်ားတပ္ဖြဲ႕က ဆိုသည္။

ထို႔အျပင္ မိုင္းဆြဲတိုက္ခိုက္မႈမွ လြတ္ေျမာက္ခဲ့သည့္ ဆိုင္ကယ္တစ္စီးေပၚက စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ႏွစ္ဦးမွာလည္း တိုက္ခိုက္မႈျဖစ္စဥ္ ျဖစ္ပြားၿပီးေနာက္ ေၾကာက္လန္႔တၾကားေအာ္ဟစ္ကာ အနီးပတ္ဝန္းက်င္ကို ရမ္းသန္းပစ္ခတ္မႈမ်ား ရွိခဲ့ေၾကာင္း သိရသည္။

သို႔ေသာ္ ကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႕မ်ား အထိအခိုက္မရွိ ျပန္လည္ဆုတ္ခြာႏိုင္ခဲ့ေၾကာင္း ေနာင္႐ိုးအထူးေျပာက္က်ားတပ္ဖြဲ႕ -NYSGF တာဝန္ရွိသူက ဆက္ေျပာသည္။

အဆိုပါ တိုက္ခိုက္မႈကို ျမင္းၿခံခ႐ိုင္ တပ္ရင္းအမွတ္ (၆) တပ္ခြဲ(၁) ေနာင္႐ိုးအထူးေျပာက္က်ားတပ္ -NYSGF ေျမာင္ၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးႏွင့္လုံၿခဳံေရးအဖြဲ႕-CDSOM ႏွင့္ ေျမာင္အမ်ိဳးသမီး စစ္သည္ေတာ္တပ္ရင္း-M2W အစရွိသည့္ မဟာမိတ္ညီေနာင္ သုံးဖြဲ႕ ပူးေပါင္းလုပ္ေဆာင္ခဲ့ျခင္း ျဖစ္သည္။

လက္ရွိအခ်ိန္တြင္ စစ္ေကာင္စီတပ္ဖြဲ႕က မိုင္းဆြဲတိုက္ခိုက္ခံခဲ့ရသည့္ ေနရာအနီးတစ္ဝိုက္ရွိ ေက်း႐ြာမ်ားတြင္ စစ္ေဆးမႈမ်ား ႏွင့္ ေတာနင္းရွာေဖြမႈမ်ား ျပဳလုပ္ေနၿပီး ဆီမီးခုံကားလမ္းမေပၚတြင္ ျဖတ္သန္းသြားလာသူမ်ားကိုလည္း ဖမ္းဆီးစစ္ေဆးမႈမ်ား ရွိေနေၾကာင္း ကာကြယ္ေရးတပ္ဖြဲ႕ထံမွ သိရသည္။

စာတည္း – သန္႔ေဇာ္(သန္လ်င္) mizzima

ဆိုင်ကယ်များဖြင့် တာဝါတိုင် ကင်းပတ်ထွက်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ ၆ ဦးသေဆုံး

စိုင်းခန့်

(မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ဆိုင်ကယ်များဖြင့် တာဝါတိုင်ကင်းပတ်ထွက်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ခြောက်ဦးသေဆုံးခဲ့ကြောင်း နောင်ရိုးအထူးပြောက်ကျားတပ်ဖွဲ့ – NYSGF ထံမှ သိရသည်။

မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့ရှိ စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်များ ဆီမီးခုံ-နဘူးအိုင်ကားလမ်းဘေးတွင် တည်ရှိသည့် တာဝါတိုင်ကို ဆိုင်ကယ်များဖြင့် ကင်းပတ်ထွက်လာစဉ် ယမန်နေ့ သြဂုတ်လ ၁၁ ရက် ည ၉ နာရီအချိန်တွင် မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရခြင်း ဖြစ်သည်။

“ စာသင်ကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင်တွေ ဒီတာဝါတိုင်ကို ကင်းပတ်နေတာ လချီကြာနေပြီ၊ ကပ်လို့မရလို့ အခုမှ ကပ်တာ၊ ဆိုင်ကယ်တစ်စီးမှာ နှစ်ယောက်စီးပြီး စုစုပေါင်း လေးစီးနဲ့ ကင်းပတ်တာဖြစ်ပါတယ်။

ပဒေသာမိုင်း ငါးလုံးတွဲနဲ့ တိုက်ခိုက်လိုက်တာမှာ ဆိုင်ကယ်သုံးစီး လေပေါ်ပျံတက်သွားပါတယ်။” ဟု NYSGF တပ်ဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကို ကိုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ ဆိုင်ကယ်များဖြင့် တာဝါတိုင်ကို ကင်းပတ်နေကြောင်း စုံစမ်းသိရသည့်အတွက် အဆိုပါ လမ်းပေါ်တွင် ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းများအသင့် ပြင်ဆင်ထားကာ တိုက်ခိုက်နိုင်ရန် အချိန်တစ်ပတ်ကျော်ကြာ စောင့်ဆိုင်းခဲ့ရကြောင်း သိရသည်။

ယမန်နေ့ည မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလာသည့် ဆိုင်ကယ်များအနက် သုံးစီး ထိမှန်ကာ လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

ထို့အပြင် မိုင်းဆွဲတိုက်ခိုက်မှုမှ လွတ်မြောက်ခဲ့သည့် ဆိုင်ကယ်တစ်စီးပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးမှာလည်း တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် ကြောက်လန့်တကြားအော်ဟစ်ကာ အနီးပတ်ဝန်းကျင်ကို ရမ်းသန်းပစ်ခတ်မှုများ ရှိခဲ့ကြောင်း သိရသည်။

သို့သော် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း နောင်ရိုးအထူးပြောက်ကျားတပ်ဖွဲ့ -NYSGF တာဝန်ရှိသူက ဆက်ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်းအမှတ် (၆) တပ်ခွဲ(၁) နောင်ရိုးအထူးပြောက်ကျားတပ် -NYSGF မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM နှင့် မြောင်အမျိုးသမီး စစ်သည်တော်တပ်ရင်း-M2W အစရှိသည့် မဟာမိတ်ညီနောင် သုံးဖွဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည့် နေရာအနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် စစ်ဆေးမှုများ နှင့် တောနင်းရှာဖွေမှုများ ပြုလုပ်နေပြီး ဆီမီးခုံကားလမ်းမပေါ်တွင် ဖြတ်သန်းသွားလာသူများကိုလည်း ဖမ်းဆီးစစ်ဆေးမှုများ ရှိနေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်) mizzima