ရင္ေပါင္တိုင္႐ြာ တိုက္ခိုက္ခံရမႈ ဒလံသတင္းေပးမႈေၾကာင့္သာျဖစ္တယ္လို႔ ဗိုလ္နဂါးေျပာ
ယင္းမာပင္၊ ၾသဂုတ္ ၁၂၊ ၂၀၂၂။
ယင္းမာပင္ၿမိဳ႕နယ္ ရင္ေပါင္တိုင္ေက်း႐ြာကို ၾသဂုတ္လ ၁၁ရက္မေန႔က စစ္ေကာင္စီ ေလယာဥ္၆စီးနီးပါးနဲ႔ ပစ္ခတ္ၿပီး ေျမျပင္မွာလည္း အင္အားအလုံးအရင္းနဲ႔ တိုက္ခိုက္ခံရျခင္းဟာ ဒလံသတင္းေပးမႈေၾကာင့္သာျဖစ္တယ္လို႔ ဗိုလ္နဂါးက ေျပာပါတယ္။
အဲ့ဒီတိုက္ခိုက္မႈဟာ ေဒါက္တာအၿငိမ္းနဲ႔ ဗိုလ္နဂါးတို႔ ေတြ႕ဆုံၿပီးေနာက္ပိုင္း ယင္းမာပင္ပုလဲနယ္မွာ အင္အားသုံးတိုက္ခိုက္ခံရတဲ့ တိုက္ပြဲျဖစ္လို႔ ျပည္သူလူထုၾကားမွာ ေဒါက္တာအၿငိမ္းေၾကာင့္ဆိုတဲ့ ေဝဖန္မႈေတြ ထြက္ေပၚလာခဲ့ပါတယ္။
အဲ့ဒီကိစၥဟာ ျပည္သူလူထုက စိုးရိမ္မႈနဲ႔ သံသယစိတ္ေတြေၾကာင့္ ဆက္စပ္ေတြးေခၚရင္း ျဖစ္ေပၚလာတဲ့ သတင္းေတြသာ ျဖစ္တယ္လို႔ ျမန္မာ့ေတာ္ဝင္နဂါးတပ္ေတာ္ရဲ႕ ေခါင္းေဆာင္ ဗိုလ္နဂါးက ေျပာပါတယ္။
” လူေတြကအထင္နဲ႔ စိုးရိမ္မႈတခုခုေၾကာင့္ သံသယတခုခုကိုဆက္စပ္ေတြးေတာရာကေနသူတို႔ယူဆမိတဲ့အေျဖပါ၊တကယ္တမ္းကၾကေတာ့ ဒီဥစၥာက မေန႔ကမွေရာက္လာတဲ့ဟာ၊ မေန႔ကမွ ပစၥည္းသယ္ၿပီးေတာ့မွအဲဒီ႐ြာကိုဝင္တာ၊လမ္းေၾကာင္းတေလွ်ာက္မွာလည္း ပစ္ခတ္ခံရၿပီးလာခဲ့ရတာလို႔ၾကားတယ္” လို႔ ေျပာပါတယ္။
လက္နက္သယ္ၿပီးျပန္လာတဲ့ ခ်င္းတပ္ဖြဲ႕တခုက ရင္ေပါင္တိုင္႐ြာအေရာက္မွာ ခဏနားေနတဲ့အခ်ိန္ ဒလံရဲ႕ သတင္းေပးမႈေၾကာင့္ နမခ က ေလယာဥ္၄ စီးနဲ႔ လာေရာက္ပစ္ခတ္ခဲ့သလို ေျမျပင္မွာလည္း စစ္ေၾကာင္းထိုး ပိတ္ဆို႔ၿပီး တိုက္ခိုက္ခံခဲ့ရတာျဖစ္တယ္လို႔ ဆိုပါတယ္။
” အဲဒီဒလန္လည္းဖမ္းမိထားတယ္လို႔ၾကားတယ္၊ အၿငိမ္းနဲ႔က ဘာမွမဆိုင္ပါဘူး၊အၿငိမ္းကျပန္သြားတာေတာင္မွၾကာၿပီပဲ၊လက္နက္သယ္လာတဲ့လူေတြကမေန႔ကမွအဲဒီ႐ြာကိုေရာက္တယ္၊အဲဒီ႐ြာမွာခ်က္ျခင္းသူတို႔နားေနတုန္းမွာဝင္ပစ္ခံရတယ္၊အမွန္ေတာ့ သံသယနဲ႔စိုးရိမ္စိတ္ေတြနဲ႔ဆက္စပ္ေတြးေတာ့ၿပီး ယူဆတဲ့အေနအထားပဲေနမွာပါ၊မဆိုင္ပါဘူး” လို႔ ဗိုလ္နဂါးက ေျပာပါတယ္။
အဲ့ဒီတိုက္ခံခံရမႈမွာ PDF ၇ဦး က်ဆုံးခဲ့သလို လက္နက္ခဲယမ္းေတြလည္း သိမ္းခံလိုက္ရတဲ့အျပင္ ေဒသခံျပည္သူ အမ်ိဳးသားတဦးနဲ႔ အမ်ိဳးသမီး ၁ဦး လက္နက္ႀကီးက်ည္ထိမွန္ေသဆုံးခဲ့ပါတယ္။
ၾသဂုတ္လ ၁၂ရက္ ဒီေန႔ ညေနပိုင္းမွာလည္း စစ္ေကာင္စီက ရင္ေပါင္တိုင္႐ြာကို ရဟတ္ယာဥ္နဲ႔ အင္အားထပ္ခ်ခဲ့ၿပီး ႐ြာကိုပါ မီးထပ္ရႈိ႕ခဲ့ေသးတဲ့အျပင္ အင္အား ၁၀၀ ေက်ာ္နဲ႔ အဲ့ဒီ႐ြာထဲမွာ တပ္စြဲထားတယ္လို႔ သိရပါတယ္။
ေျမလတ္အသံ
ရင်ပေါင်တိုင်ရွာ တိုက်ခိုက်ခံရမှု ဒလံသတင်းပေးမှုကြောင့်သာဖြစ်တယ်လို့ ဗိုလ်နဂါးပြော
ယင်းမာပင်၊ သြဂုတ် ၁၂၊ ၂၀၂၂။
ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ကျေးရွာကို သြဂုတ်လ ၁၁ရက်မနေ့က စစ်ကောင်စီ လေယာဉ်၆စီးနီးပါးနဲ့ ပစ်ခတ်ပြီး မြေပြင်မှာလည်း အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ခံရခြင်းဟာ ဒလံသတင်းပေးမှုကြောင့်သာဖြစ်တယ်လို့ ဗိုလ်နဂါးက ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုဟာ ဒေါက်တာအငြိမ်းနဲ့ ဗိုလ်နဂါးတို့ တွေ့ဆုံပြီးနောက်ပိုင်း ယင်းမာပင်ပုလဲနယ်မှာ အင်အားသုံးတိုက်ခိုက်ခံရတဲ့ တိုက်ပွဲဖြစ်လို့ ပြည်သူလူထုကြားမှာ ဒေါက်တာအငြိမ်းကြောင့်ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။
အဲ့ဒီကိစ္စဟာ ပြည်သူလူထုက စိုးရိမ်မှုနဲ့ သံသယစိတ်တွေကြောင့် ဆက်စပ်တွေးခေါ်ရင်း ဖြစ်ပေါ်လာတဲ့ သတင်းတွေသာ ဖြစ်တယ်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော်ရဲ့ ခေါင်းဆောင် ဗိုလ်နဂါးက ပြောပါတယ်။
” လူတွေကအထင်နဲ့ စိုးရိမ်မှုတခုခုကြောင့် သံသယတခုခုကိုဆက်စပ်တွေးတောရာကနေသူတို့ယူဆမိတဲ့အဖြေပါ၊တကယ်တမ်းကကြတော့ ဒီဥစ္စာက မနေ့ကမှရောက်လာတဲ့ဟာ၊ မနေ့ကမှ ပစ္စည်းသယ်ပြီးတော့မှအဲဒီရွာကိုဝင်တာ၊လမ်းကြောင်းတလျှောက်မှာလည်း ပစ်ခတ်ခံရပြီးလာခဲ့ရတာလို့ကြားတယ်” လို့ ပြောပါတယ်။
လက်နက်သယ်ပြီးပြန်လာတဲ့ ချင်းတပ်ဖွဲ့တခုက ရင်ပေါင်တိုင်ရွာအရောက်မှာ ခဏနားနေတဲ့အချိန် ဒလံရဲ့ သတင်းပေးမှုကြောင့် နမခ က လေယာဉ်၄ စီးနဲ့ လာရောက်ပစ်ခတ်ခဲ့သလို မြေပြင်မှာလည်း စစ်ကြောင်းထိုး ပိတ်ဆို့ပြီး တိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
” အဲဒီဒလန်လည်းဖမ်းမိထားတယ်လို့ကြားတယ်၊ အငြိမ်းနဲ့က ဘာမှမဆိုင်ပါဘူး၊အငြိမ်းကပြန်သွားတာတောင်မှကြာပြီပဲ၊လက်နက်သယ်လာတဲ့လူတွေကမနေ့ကမှအဲဒီရွာကိုရောက်တယ်၊အဲဒီရွာမှာချက်ခြင်းသူတို့နားနေတုန်းမှာဝင်ပစ်ခံရတယ်၊အမှန်တော့ သံသယနဲ့စိုးရိမ်စိတ်တွေနဲ့ဆက်စပ်တွေးတော့ပြီး ယူဆတဲ့အနေအထားပဲနေမှာပါ၊မဆိုင်ပါဘူး” လို့ ဗိုလ်နဂါးက ပြောပါတယ်။
အဲ့ဒီတိုက်ခံခံရမှုမှာ PDF ၇ဦး ကျဆုံးခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းခံလိုက်ရတဲ့အပြင် ဒေသခံပြည်သူ အမျိုးသားတဦးနဲ့ အမျိုးသမီး ၁ဦး လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့ပါတယ်။
သြဂုတ်လ ၁၂ရက် ဒီနေ့ ညနေပိုင်းမှာလည်း စစ်ကောင်စီက ရင်ပေါင်တိုင်ရွာကို ရဟတ်ယာဉ်နဲ့ အင်အားထပ်ချခဲ့ပြီး ရွာကိုပါ မီးထပ်ရှို့ခဲ့သေးတဲ့အပြင် အင်အား ၁၀၀ ကျော်နဲ့ အဲ့ဒီရွာထဲမှာ တပ်စွဲထားတယ်လို့ သိရပါတယ်။
မြေလတ်အသံ