Local News

ရေသ့ေတာင္ၿမိဳ႕နယ္ ခ်ိန္ခါလီေက်း႐ြာအနီးတြင္

ရေသ့ေတာင္ၿမိဳ႕နယ္ ခ်ိန္ခါလီေက်း႐ြာအနီးတြင္ AA ႏွင့္ အၾကမ္းဖက္ စစ္တပ္တို႔ ယ​ေန႔ တိုက္ပြဲျဖစ္​ေန

ရန္ကုန္၊ ၾသဂုတ္ ၁၃

ရခိုင္ျပည္ ရေသ့ေတာင္ၿမိဳ႕နယ္ ခ်ိန္ခါလီႏွင့္ ဒုံးပိတ္ ေက်း႐ြာၾကားတြင္ စစ္ေကာင္စီတပ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ AA တို႔ ယေန႔ ၾသဂုတ္ ၁၃ ရက္ နံနက္ပိုင္း၌ တိုက္ပြဲျဖစ္ပြားလ်က္ရွိေၾကာင္း ေဒသခံမ်ားကေျပာသည္။

တိုက္ပြဲမွာ နံနက္ ၈ နာရီအခ်ိန္ခန္႔မွ စတင္ျဖစ္ပြားျခင္းျဖစ္ၿပီး ခ်ိန္ခါလီႏွင့္ ဒုံးပိတ္ေက်း႐ြာသားမ်ားမွာ အနီးနားရွိ ကိုးတန္ေကာက္ေက်း႐ြာမ်ားသို႔ေရွာင္တိမ္းေနရသည္ဟု ခ်ိန္ခါလီေက်း႐ြာမွ ေဒသခံတစ္ဦးကေျပာသည္။

“တိုက္ပြဲက႐ြာနဲ႔ အနီးေလးမွာျဖစ္တာပါ။ က်ေနာ္တို႔႐ြာသားေတြ ကိုးတန္ေကာက္ကိုထြက္ေျပးလာရတယ္။ အဲ့မွာက ျမန္မာစစ္တပ္ကတပ္ခ်ထားေတြရွိတယ္။ AA နဲ႔ျဖစ္တာလို႔ထင္တယ္။ တစ္ျခားတပ္ေတြလည္းသိပ္မရွိဘူးေလ” ဟုေျပာသည္။

တိုက္ပြဲျဖစ္ပြားစဥ္တြင္ ဒုံးပိတ္ေက်း႐ြာမွ ႏြားေက်ာင္းသြားေနသည့္ သူတစ္ဦး တိုက္ပြဲၾကားတြင္ ေသနတ္မွန္၍ ေသဆုံးကာ တစ္ျခားေက်း႐ြာသားမ်ားလည္း ထိခိုက္မႈရွိေနသည္ဟု ေက်း႐ြာသားတစ္ဦးကေျပာသည္။

“ႏြားေက်ာင္းထြက္သြားတာ။ တိုက္ပြဲျဖစ္ေတာ့ ႐ြာထဲလည္းျပန္မဝင္ႏိုင္ေလာက္ဘူးနဲ႔တူပါတယ္။ ႏွစ္ဖက္ပစ္ေနတဲ့ၾကားမွာ က်ည္မွန္ၿပီးေသတယ္တဲ့။ တစ္ျခားလူေတြလည္း ထိခိုက္ထားတာေတြရွိတယ္” ဟုေျပာသည္။

အဆိုပါ ဧရိယာတြင္ တိုက္ပြဲျဖစ္ပြားေနမႈေၾကာင့္ ဘူးသီးေတာင္မွာ ထြက္လာသည့္ ခရီးသည္တင္ကားမ်ားမွာလည္း ရပ္ထားရသည္ဟု ခရီးသည္တစ္ဦးကေျပာသည္။

“ကားေတြအကုန္ရပ္ထားရတယ္။ ေရွ႕တိုးလို႔လည္းမရသလို ေနာက္ဆုတ္လို႔လည္းမရဘူး။ ေသနတ္သံေတြကေတာ့ ႏွစ္ဖက္ပစ္ခတ္မႈေတြ မနက္ပိုင္းကၾကားရတယ္ ၉ နာရီေနာက္ပိုင္း လက္နက္ႀကီးသံေတြပဲၾကားရေတာ့တယ္။ ဒီမွာက ျမန္မာစစ္တပ္က ခ်ထားတဲ့ဂိတ္ေတြေတာ့ လမ္းတစ္ေလွ်ာက္ပဲ” ဟုေျပာသည္။

ရခိုင္ေဒသတြင္ ယခုလပိုင္းအတြင္း ေမာင္ေတာေျမာက္ပိုင္းႏွင့္ ပလက္ဝဖက္တို႔တြင္ ရကၡိဳင့္တပ္ေတာ္ႏွင့္ စစ္ေကာင္စီတို႔ တိုက္ပြဲျဖစ္ပြားမႈမ်ားရွိေနၿပီး စစ္ေကာင္စီဘက္မွ ထိုးစစ္ဆင္မႈတို႔ဆက္တိုက္လုပ္ေဆာင္လာေနသည္ဟုလည္း ရကၡိဳင့္တပ္ေတာ္၏ စတုတၳအႀကိမ္ေျမာက္ သတင္းစာရွင္းလင္းပြဲတြင္ ဦးခိုင္သုခကေျပာဆိုခဲ့သည္။

(Western News-WNသည္ ရန္ကုန္​ေခတ္သစ္၏ မဟာမိတ္ျဖစ္သည္။)

ရသေ့တောင်မြို့နယ် ချိန်ခါလီကျေးရွာအနီးတွင် AA နှင့် အကြမ်းဖက် စစ်တပ်တို့ ယနေ့ တိုက်ပွဲဖြစ်နေ

ရန်ကုန်၊ သြဂုတ် ၁၃

ရခိုင်ပြည် ရသေ့တောင်မြို့နယ် ချိန်ခါလီနှင့် ဒုံးပိတ် ကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ ယနေ့ သြဂုတ် ၁၃ ရက် နံနက်ပိုင်း၌ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများကပြောသည်။

တိုက်ပွဲမှာ နံနက် ၈ နာရီအချိန်ခန့်မှ စတင်ဖြစ်ပွားခြင်းဖြစ်ပြီး ချိန်ခါလီနှင့် ဒုံးပိတ်ကျေးရွာသားများမှာ အနီးနားရှိ ကိုးတန်ကောက်ကျေးရွာများသို့ရှောင်တိမ်းနေရသည်ဟု ချိန်ခါလီကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။

“တိုက်ပွဲကရွာနဲ့ အနီးလေးမှာဖြစ်တာပါ။ ကျနော်တို့ရွာသားတွေ ကိုးတန်ကောက်ကိုထွက်ပြေးလာရတယ်။ အဲ့မှာက မြန်မာစစ်တပ်ကတပ်ချထားတွေရှိတယ်။ AA နဲ့ဖြစ်တာလို့ထင်တယ်။ တစ်ခြားတပ်တွေလည်းသိပ်မရှိဘူးလေ” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားစဉ်တွင် ဒုံးပိတ်ကျေးရွာမှ နွားကျောင်းသွားနေသည့် သူတစ်ဦး တိုက်ပွဲကြားတွင် သေနတ်မှန်၍ သေဆုံးကာ တစ်ခြားကျေးရွာသားများလည်း ထိခိုက်မှုရှိနေသည်ဟု ကျေးရွာသားတစ်ဦးကပြောသည်။

“နွားကျောင်းထွက်သွားတာ။ တိုက်ပွဲဖြစ်တော့ ရွာထဲလည်းပြန်မဝင်နိုင်လောက်ဘူးနဲ့တူပါတယ်။ နှစ်ဖက်ပစ်နေတဲ့ကြားမှာ ကျည်မှန်ပြီးသေတယ်တဲ့။ တစ်ခြားလူတွေလည်း ထိခိုက်ထားတာတွေရှိတယ်” ဟုပြောသည်။

အဆိုပါ ဧရိယာတွင် တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ဘူးသီးတောင်မှာ ထွက်လာသည့် ခရီးသည်တင်ကားများမှာလည်း ရပ်ထားရသည်ဟု ခရီးသည်တစ်ဦးကပြောသည်။

“ကားတွေအကုန်ရပ်ထားရတယ်။ ရှေ့တိုးလို့လည်းမရသလို နောက်ဆုတ်လို့လည်းမရဘူး။ သေနတ်သံတွေကတော့ နှစ်ဖက်ပစ်ခတ်မှုတွေ မနက်ပိုင်းကကြားရတယ် ၉ နာရီနောက်ပိုင်း လက်နက်ကြီးသံတွေပဲကြားရတော့တယ်။ ဒီမှာက မြန်မာစစ်တပ်က ချထားတဲ့ဂိတ်တွေတော့ လမ်းတစ်လျှောက်ပဲ” ဟုပြောသည်။

ရခိုင်ဒေသတွင် ယခုလပိုင်းအတွင်း မောင်တောမြောက်ပိုင်းနှင့် ပလက်ဝဖက်တို့တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားမှုများရှိနေပြီး စစ်ကောင်စီဘက်မှ ထိုးစစ်ဆင်မှုတို့ဆက်တိုက်လုပ်ဆောင်လာနေသည်ဟုလည်း ရက္ခိုင့်တပ်တော်၏ စတုတ္ထအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခကပြောဆိုခဲ့သည်။

(Western News-WNသည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)