Local News

ေနျပည္ေတာ္အတြင္းတြင္ပင္ လုံၿခဳံေရး စိတ္မခ်၍ စစ္ေကာင္စီအဖြဲ႕ဝင္မ်ား လွ်ိဳ႕ဝွက္ သြားလာေနရ၊ သြားလာရန္လည္း လုံၿခဳံေရး ေပးဖို႔ ေတာင္းခံၾက

ေနျပည္ေတာ္အတြင္းတြင္ပင္ လုံၿခဳံေရး စိတ္မခ်၍ စစ္ေကာင္စီအဖြဲ႕ဝင္မ်ား လွ်ိဳ႕ဝွက္ သြားလာေနရ၊ သြားလာရန္လည္း လုံၿခဳံေရး ေပးဖို႔ ေတာင္းခံၾက

ရန္ကုန္၊ ဩဂုတ္ ၁၃

အၾကမ္းဖက္စစ္ေကာင္စီက ထိန္းခ်ဳပ္ထားသည့္ ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္းတြင္ပင္ စစ္ေကာင္စီအဖြဲ႕ဝင္မ်ား လွ်ိဳ႕ဝွက္အစီအစဥ္ျဖင့္ သြားလာေနရေၾကာင္း ရန္ကုန္ေခတ္သစ္ထံသို႔ ေရာက္ရွိလာေသာ ဒုဝန္ႀကီးအဆင့္ ခရီးစဥ္ လွ်ိဳ႕ဝွက္စာ႐ြက္စာတမ္းအရ သိရွိရသည္။

စစ္ေကာင္စီ၏ ေမြးျမဴေရးႏွင့္ဆည္ေျမာင္း ဒုဝန္ႀကီး ေဒါက္တာေအာင္ႀကီးက ယေန႔ ဩဂုတ္လ ၁၃ ရက္ေန႔တြင္ ေနျပည္ေတာ္၊ ပ်ဥ္းမနား၊ လယ္ေဝး ၊ ေပါင္းေလာင္းဆည္ ေန႔ခ်င္းျပန္ သြားရန္အတြက္ ျပည္ထဲေရးဝန္ႀကီးဌာနထံတြင္ လုံၿခဳံေရး ေပးပါရန္ လွ်ိဳ႕ဝွက္ေတာင္းခံထားေၾကာင္း သိရွိရသည္။

ေနျပည္ေတာ္အတြင္းတြင္ပင္ ေဒါက္တာေအာင္ႀကီးက မိုးစပါး ဧက ၁၀၀ စံျပကြက္ စိုက္ပ်ိဳးျခင္း သ႐ုပ္ျပပြဲ၊ ေမြးျမဴေရးၿခံ သြားစစ္ေဆးျခင္း၊ ေပါင္းေလာင္းဆည္ ငါးေမြးျမဴေရး လုပ္ငန္း စစ္ေဆးျခင္းမ်ား သြားေရာက္ရန္ လုံၿခဳံေရး ေတာင္းခံျခင္းျဖစ္ေၾကာင္း၊ ခရီးစဥ္တြင္ စစ္ေကာင္စီ ဝန္ႀကီးဌာနမွ ၫႊန္ခ်ဳပ္၊ ဝန္ထမ္းမ်ား လိုက္ပါၾက မည္ျဖစ္ေၾကာင္း သိရွိရသည္။

“ေနျပည္ေတာ္ထဲမွာေတာ့ ဝန္ႀကီးဌာန႐ုံး၊ လမ္းဆုံလမ္းခြ ေနရာေတြတိုင္း ပတ္ကင္း၊ လွည့္ကင္း ၊ ကင္းပုန္း၊ ေပၚေပၚတင္တင္ ေသနတ္ကိုင္ေစာင့္တဲ့ ကင္းတဲေတြ ခ်ထားတယ္။ အိမ္ေတာ္နဲ႔ လႊတ္ေတာ္နားမွာဆိုရင္ ဂ်န္ဘာကားေတြပါ ခ်ထားတာ” ဟု ေနျပည္ေတာ္ေဒသခံတစ္ဦးက ေျပာဆိုသည္။

နေပြည်တော်အတွင်းတွင်ပင် လုံခြုံရေး စိတ်မချ၍ စစ်ကောင်စီအဖွဲ့ဝင်များ လျှို့ဝှက် သွားလာနေရ၊ သွားလာရန်လည်း လုံခြုံရေး ပေးဖို့ တောင်းခံကြ

ရန်ကုန်၊ ဩဂုတ် ၁၃

အကြမ်းဖက်စစ်ကောင်စီက ထိန်းချုပ်ထားသည့် နေပြည်တော်ကောင်စီနယ်မြေအတွင်းတွင်ပင် စစ်ကောင်စီအဖွဲ့ဝင်များ လျှို့ဝှက်အစီအစဉ်ဖြင့် သွားလာနေရကြောင်း ရန်ကုန်ခေတ်သစ်ထံသို့ ရောက်ရှိလာသော ဒုဝန်ကြီးအဆင့် ခရီးစဉ် လျှို့ဝှက်စာရွက်စာတမ်းအရ သိရှိရသည်။

စစ်ကောင်စီ၏ မွေးမြူရေးနှင့်ဆည်မြောင်း ဒုဝန်ကြီး ဒေါက်တာအောင်ကြီးက ယနေ့ ဩဂုတ်လ ၁၃ ရက်နေ့တွင် နေပြည်တော်၊ ပျဉ်းမနား၊ လယ်ဝေး ၊ ပေါင်းလောင်းဆည် နေ့ချင်းပြန် သွားရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာနထံတွင် လုံခြုံရေး ပေးပါရန် လျှို့ဝှက်တောင်းခံထားကြောင်း သိရှိရသည်။

နေပြည်တော်အတွင်းတွင်ပင် ဒေါက်တာအောင်ကြီးက မိုးစပါး ဧက ၁၀၀ စံပြကွက် စိုက်ပျိုးခြင်း သရုပ်ပြပွဲ၊ မွေးမြူရေးခြံ သွားစစ်ဆေးခြင်း၊ ပေါင်းလောင်းဆည် ငါးမွေးမြူရေး လုပ်ငန်း စစ်ဆေးခြင်းများ သွားရောက်ရန် လုံခြုံရေး တောင်းခံခြင်းဖြစ်ကြောင်း၊ ခရီးစဉ်တွင် စစ်ကောင်စီ ဝန်ကြီးဌာနမှ ညွှန်ချုပ်၊ ဝန်ထမ်းများ လိုက်ပါကြ မည်ဖြစ်ကြောင်း သိရှိရသည်။

“နေပြည်တော်ထဲမှာတော့ ဝန်ကြီးဌာနရုံး၊ လမ်းဆုံလမ်းခွ နေရာတွေတိုင်း ပတ်ကင်း၊ လှည့်ကင်း ၊ ကင်းပုန်း၊ ပေါ်ပေါ်တင်တင် သေနတ်ကိုင်စောင့်တဲ့ ကင်းတဲတွေ ချထားတယ်။ အိမ်တော်နဲ့ လွှတ်တော်နားမှာဆိုရင် ဂျန်ဘာကားတွေပါ ချထားတာ” ဟု နေပြည်တော်ဒေသခံတစ်ဦးက ပြောဆိုသည်။