Local News

ရခုိင္ျပည္ ရေသ႔ေတာင္ျမိ့ဳနယ္ထဲ

စစ္ေကာင္စီႏွင့္ AA တိုက္ပြဲျဖစ္၊ စစ္ေကာင္စီ ၄ ဦးထက္မနည္းဖမ္းမိၿပီး ေက်း႐ြာသား ၂ ဦး ေသဆုံး

ေျမလတ္အသံ၊ ဩဂုတ္ ၁၃၊ ၂၀၂၂။

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ခ်ိန္ခါလီႏွင့္ ဒုံးပိတ္ေက်း႐ြာ၊ ေက်ာ္လမ္းေျမာင္ေခ်ာင္းအၾကားတြင္ ယေန႔ဩဂုတ္ ၁၃ ရက္ နံနက္ ၈ နာရီေက်ာ္အခ်ိန္ခန႔္တြင္ စစ္ေကာင္စီႏွင့္ ရကၡိဳင့္တပ္ေတာ္ (AA)တို႔ တိုက္ပြဲျဖစ္ပြားခဲ့သည္ဟု သိရသည္။

အဆိုပါတိုက္ပြဲအတြင္း AA ဖက္မွအေရးသာခဲ့ၿပီး စစ္ေကာင္စီတပ္သား ၄ ဦးထက္မနည္း ဖမ္းမိခဲ့သလို လက္နက္အမ်ားအျပားကိုလည္း သိမ္းဆည္းရမိခဲ့သည္ဟု ေျမျပင္သတင္းရင္းျမစ္တဦးက ေျမလတ္အသံကို ေျပာသည္။

“တိုက္ပြဲက ၂နာရီနီးပါးျဖစ္ခဲ့ပါတယ္။ AAဖက္ ကေတာ့ လုံးဝအထိအခိုက္မရွိခဲ့ပါဘူး။ စစ္ေကာင္စီဖက္က အင္အား ၃၀ ေက်ာ္ပါတယ္လို႔သိရတယ္။ ၿပီးေတာ့ စစ္ေကာင္စီဖက္ကထိခိုက္ေသဆုံးမႈေတြလည္း ရွိခဲ့ပါတယ္။ လက္နက္၊ ခဲယမ္းေတြလည္း ေတာ္ေတာ္မ်ားမ်ား ရခဲ့ပါတယ္” ဟုဆိုသည္။

ယင္းအျပင္ တိုက္ပြဲအတြင္း လယ္ျပင္၌ႏြား ေက်ာင္းေနသည့္ ဒုံးပိတ္ေက်း႐ြာသား ၂ ဦး က်ည္ထိမွန္ခဲ့ကာ ေသဆုံးခဲ့သည္ဟု ေအာင္ဆိပ္ ေက်း႐ြာမွအမ်ိဳးသမီးတဦးကေျပာသည္။

“ဒုံးပိတ္႐ြာနဲ႔ကြၽန္မတို႔႐ြာက နီးနီးေလးပါ။ တိုက္ပြဲ ျဖစ္ေနတဲ့အခ်ိန္မွာ ႏြားေက်ာင္းေနၾကတဲ့႐ြာသား ႏွစ္ေယာက္ကို စစ္ေကာင္စီဖက္က ေသနတ္နဲ႔ပစ္ သတ္သြားတယ္လို႔ သိရပါတယ္။ အခုနားက ဆိုရင္ တိုက္ပြဲျဖစ္တဲ့ေနရာဖက္ကို ဘူးသီးေတာင္ဖက္က ေလယာဥ္တစီးထြက္သြားတာကို ျမင္လိုက္ရတယ္။”ဟုဆိုသည္။

လက္ရွိရခိုင္ျပည္နယ္တြင္ စစ္ေကာင္စီႏွင့္ ရကၡိဳင့္ တပ္ေတာ္(AA)တို႔အၾကား ထိေတြ႕တိုက္ပြဲမ်ား ေန႔စဥ္ဆိုသလို ျဖစ္ပြားလွ်က္ရွိေတသည္ဟု ဩဂုတ္ ၁၁ရက္ေန႔တြင္ ျပဳလုပ္ခဲ့သည့္သတင္း စာ ရွင္းလင္းပြဲတြင္ AA၏ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခကေျပာဆိုခဲ့သည္။

အလားတူ ၿပီးခဲ့သည့္ ဇူလိုင္ ၁၉ရက္ေန႔တြင္ ျဖစ္ပြားခဲ့သည့္ ေမာင္ေတာၿမိဳ႕နယ္တိုက္ပြဲတြင္ စစ္ေကာင္စီဖက္မွ ၁၆ဦးေသဆုံးခဲ့သလို နယ္ ျခားေစာင့္ရဲတပ္ဖြဲ႕ဝင္ ၁၄ဦးဖမ္းဆီးရမိခဲ့သည္ဟုဇူလိုင္ ၂၀ရက္ေန႔တြင္ AAက ထုတ္ျပန္ခဲ့သည္။

ေျမလတ္အသံ

စစ်ကောင်စီနှင့် AA တိုက်ပွဲဖြစ်၊ စစ်ကောင်စီ ၄ ဦးထက်မနည်းဖမ်းမိပြီး ကျေးရွာသား ၂ ဦး သေဆုံး

မြေလတ်အသံ၊ ဩဂုတ် ၁၃၊ ၂၀၂၂။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီနှင့် ဒုံးပိတ်ကျေးရွာ၊ ကျော်လမ်းမြောင်ချောင်းအကြားတွင် ယနေ့ဩဂုတ် ၁၃ ရက် နံနက် ၈ နာရီကျော်အချိန်ခန့်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါတိုက်ပွဲအတွင်း AA ဖက်မှအရေးသာခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ဦးထက်မနည်း ဖမ်းမိခဲ့သလို လက်နက်အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောသည်။

“တိုက်ပွဲက ၂နာရီနီးပါးဖြစ်ခဲ့ပါတယ်။ AAဖက် ကတော့ လုံးဝအထိအခိုက်မရှိခဲ့ပါဘူး။ စစ်ကောင်စီဖက်က အင်အား ၃၀ ကျော်ပါတယ်လို့သိရတယ်။ ပြီးတော့ စစ်ကောင်စီဖက်ကထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။ လက်နက်၊ ခဲယမ်းတွေလည်း တော်တော်များများ ရခဲ့ပါတယ်” ဟုဆိုသည်။

ယင်းအပြင် တိုက်ပွဲအတွင်း လယ်ပြင်၌နွား ကျောင်းနေသည့် ဒုံးပိတ်ကျေးရွာသား ၂ ဦး ကျည်ထိမှန်ခဲ့ကာ သေဆုံးခဲ့သည်ဟု အောင်ဆိပ် ကျေးရွာမှအမျိုးသမီးတဦးကပြောသည်။

“ဒုံးပိတ်ရွာနဲ့ကျွန်မတို့ရွာက နီးနီးလေးပါ။ တိုက်ပွဲ ဖြစ်နေတဲ့အချိန်မှာ နွားကျောင်းနေကြတဲ့ရွာသား နှစ်ယောက်ကို စစ်ကောင်စီဖက်က သေနတ်နဲ့ပစ် သတ်သွားတယ်လို့ သိရပါတယ်။ အခုနားက ဆိုရင် တိုက်ပွဲဖြစ်တဲ့နေရာဖက်ကို ဘူးသီးတောင်ဖက်က လေယာဉ်တစီးထွက်သွားတာကို မြင်လိုက်ရတယ်။”ဟုဆိုသည်။

လက်ရှိရခိုင်ပြည်နယ်တွင် စစ်ကောင်စီနှင့် ရက္ခိုင့် တပ်တော်(AA)တို့အကြား ထိတွေ့တိုက်ပွဲများ နေ့စဉ်ဆိုသလို ဖြစ်ပွားလျှက်ရှိတေသည်ဟု ဩဂုတ် ၁၁ရက်နေ့တွင် ပြုလုပ်ခဲ့သည့်သတင်း စာ ရှင်းလင်းပွဲတွင် AA၏ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကပြောဆိုခဲ့သည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင် ၁၉ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မောင်တောမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီဖက်မှ ၁၆ဦးသေဆုံးခဲ့သလို နယ် ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၄ဦးဖမ်းဆီးရမိခဲ့သည်ဟုဇူလိုင် ၂၀ရက်နေ့တွင် AAက ထုတ်ပြန်ခဲ့သည်။

မြေလတ်အသံ