Local News

ရန္ကုန္ႏွင့္ မႏၲေလးတို႔တြင္ ၿမိဳ႕ျပစစ္ေရး မ်ားလုပ္ေဆာင္ေနေသာ FLA ေျပာက္က်ားတပ္ဒုတာဝန္ခံ

ရန္ကုန္ႏွင့္ မႏၲေလးတို႔တြင္ ၿမိဳ႕ျပစစ္ေရးတိုက္ခိုက္မႈမ်ားလုပ္ေဆာင္ေနေသာ FLA ေျပာက္က်ားတပ္ဒုတာဝန္ခံ စစ္ေၾကာေရးတြင္ က်ဆုံး…..ဇနီးသည္တြင္ ကိုယ္ဝန္ခုနစ္လျဖင့္ က်န္ရစ္

ေက်ာ္ေဇာ/People’s Spring

ရန္ကုန္ႏွင့္ မႏၲေလးၿမိဳ႕တို႔တြင္ ၿမိဳ႕ျပစစ္ေရးတိုက္ခိုက္မႈမ်ားလုပ္ေဆာင္လွ်က္ ရွိေသာ Freeland Attack Force – FLA ေျပာက္က်ားတပ္မွ ဒုတာဝန္ခံ ရဲေဘာ္စြန္ရဲ(ခ)ရဲေဘာ္ေကာင္ေလး စစ္ေကာင္စီစစ္ေၾကာေရးတြင္ ျမင့္ျမတ္စြာ က်ဆုံးသြားေၾကာင္း FLA က အသိေပးထုတ္ျပန္သည္။

FLA ဒုတာဝန္ခံ ရဲေဘာ္စြန္ရဲအပါအဝင္တပ္ဖြဲ႕ဝင္ခုနစ္ဦးသည္ စစ္ေရးတိုက္ခိုက္ မႈနစ္ခုအတြက္ ျပင္ဆင္ေနစဥ္ ဇူလိုင္ ၄ရက္တြင္ စစ္ေကာင္စီ၏ဖမ္းဆီးျခင္းခံခဲ့ ရျခင္းျဖစ္ေၾကာင္း ေဖာ္ျပသည္။

“အဆက္သြယ္ ျပတ္သြားတာ ၾကာၿပီ။ ျပန္ရခ်ိန္မွာ သူသင္တန္းေပးတဲ့ တပ္မဟာဘက္ကေန က်ဆုံးေၾကာင္းအတည္ျပဳေပးခဲ့ပါတယ္။ ေတာ္ေတာ္ ေလးကို ေတာ္တဲ့သူဗ်ာ။ အရမ္းရဲလြန္းလို႔ ထပ္ခါထပ္ခါ သတိေပးေနတဲ့ၾကားက ျဖစ္သြားတာပဲ”ဟု FLA ေျပာက္က်ားတပ္မွ တာဝန္ခံျဖစ္သူ ကိုေနမ်ိဳးႏြယ္က ေျပာသည္။

ၿပီးခဲ့သည့္ ဇူလိုင္ ၁ ရက္ညေန ၅ နာရီခြဲခန္႔က မႏၲေလးၿမိဳ႕ တံတားဦးၿမိဳ႕နယ္မွ ၿမိဳ႕သာဘက္ ထြက္လာေသာ စစ္ေကာင္စီတပ္ယာဥ္ႏွစ္စီးကို တံတားဦးႏွင့္ ၿမိဳ႕သာအစပ္တြင္ မိုင္းဆြဲတိုက္ခိုက္ ခဲ့သည့္ စစ္ေရးတိုက္ခိုက္မႈ (mission)ကို ရဲေဘာ္စြန္ရဲမွ ဦးေဆာင္ခဲ့ျခင္းျဖစ္ၿပီး ယင္းတိုက္ခိုက္မႈအၿပီး သုံးရက္ေျမာက္ တြင္ ဖမ္းဆီးခံခဲ့ရျခင္းျဖစ္ေၾကာင္း ကိုေနမ်ိဳးႏြယ္က အတည္ျပဳသည္။

ရဲေဘာ္စြန္ရဲႏွင့္အတူ ဖမ္းဆီးခံခဲ့ရေသာ ေတာ္လွန္ေရးရဲေဘာ္ေျခာက္ဦးကို စစ္ေကာင္စီက တံတားဦးၿမိဳ႕နယ္တရား႐ုံး၌ ႐ုံးထုတ္လွ်က္ရွိေၾကာင္း ၎က ဆက္ေျပာသည္။

“FLA ကို ကြပ္ကဲတာ က်ေနာ္ပါ။ က်ေနာ္သူ႔ကိုတိုက္ ႐ိုက္တာ၀န္ေပးတာပါ။ သူက ဒုတာ၀န္ခံေလ ဒါေပမဲ့ သူမေဖာ္သြားဘူး။ သူပဲ ကြဲကဲဦးစီးတယ္ဆိုၿပီး အစားခံသြားတယ္”ဟု ကိုေနမ်ိဳးႏြယ္က ဆိုသည္။

ရဲေဘာ္စြန္ရဲအား ဖမ္းမိခ်ိန္တြင္ စစ္ေကာင္စီတပ္က စစ္ေၾကာေရးသို႔ပို႔ေဆာင္ စစ္ေရးခဲ့ရာ လူမဆန္စြာညႇင္းပမ္းႏွိပ္စက္မႈမ်ားေၾကာင့္ ထိခိုက္ဒဏ္ရာမ်ား ရရွိၿပီး ကုသမႈခံယူရန္ စစ္ေဆး႐ုံသို႔ပို႔စဥ္ ဇူလိုင္ ၅ ရက္ နံနက္ ၁၀နာရီ (အဖမ္းခံရၿပီးေနာက္ေန႔မနက္)ခန္႔တြင္ က်ဆုံးသြားၿပီဟု သိရေၾကာင္း FLA ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထား သည္။

စစ္ေၾကာေရး၌ က်ဆုံးခဲ့ရေသာ ရဲေဘာ္စြန္ရဲသည္ FLA ၏ ဒုတာဝန္ခံတစ္ဦး ျဖစ္သကဲ့သို႔ ျမန္မာ့လြတ္လပ္ေရးတပ္ဖြဲ႕(MIU)တပ္ဖြဲ႕တြင္ တပ္စုမႉး၊ စစ္သင္တန္းနည္းျပ၊ လက္နက္ထုတ္လုပ္ေရးအဖြဲ႕ဝင္၊ မိုင္းနည္းျပ၊ ေဖာက္ခြဲ တိုက္ခိုက္ေရးတာဝန္ခံ စသည့္တာဝန္မ်ားကို ထမ္းေဆာင္ေန ေသာ ေတာ္လွန္ေရးရဲေဘာ္တစ္ဦးလည္း ျဖစ္သည္။

ရဲ​ေဘာ္စြန္ရဲ(ခ)ရဲေဘာ္ေကာင္ေလး က်ဆုံးခ်ိန္တြင္ ၎၏ ဇနီးျဖစ္သူမွာ ကိုယ္ဝန္ခုနစ္လျဖင့္ က်န္ရစ္ခဲ့ေၾကာင္း FLA ေျပာက္က်ားတပ္ဖြဲ႕ထံမွ သိရသည္။

FLA အေနျဖင့္ ရဲေဘာ္စြန္ရဲ႕၏ ကိုယ္ဝန္သည္ဇနီးျဖစ္သူအပါအဝင္ ဖမ္းဆီးခံ ထားရေသာ ရဲေဘာ္မ်ားအား ဆက္လက္တာဝန္ယူ ေထာက္ပံ့ေပးသြားမည္ ျဖစ္ေၾကာင္း ရဲေဘာ္စြန္ရဲ၏ မိတ္ေဆြမ်ားအပါအဝင္ မိသားစုဝင္မ်ားအား ဝမ္းနည္းစြာအသိေပးအပ္ပါသည္ဟု ေဖာ္ျပထားသည္။

(Freeland Attack Force – FLA ေျပာက္က်ားတပ္မွ ဒုတာဝန္ခံ ရဲေဘာ္စြန္ရဲ (ခ) ရဲေဘာ္ေကာင္ေလးအား ေတြ႕ရစဥ္)

ရန်ကုန်နှင့် မန္တလေးတို့တွင် မြို့ပြစစ်ရေးတိုက်ခိုက်မှုများလုပ်ဆောင်နေသော FLA ပြောက်ကျားတပ်ဒုတာဝန်ခံ စစ်ကြောရေးတွင် ကျဆုံး…..ဇနီးသည်တွင် ကိုယ်ဝန်ခုနစ်လဖြင့် ကျန်ရစ်

ကျော်ဇော/People’s Spring

ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် မြို့ပြစစ်ရေးတိုက်ခိုက်မှုများလုပ်ဆောင်လျှက် ရှိသော Freeland Attack Force – FLA ပြောက်ကျားတပ်မှ ဒုတာဝန်ခံ ရဲဘော်စွန်ရဲ(ခ)ရဲဘော်ကောင်လေး စစ်ကောင်စီစစ်ကြောရေးတွင် မြင့်မြတ်စွာ ကျဆုံးသွားကြောင်း FLA က အသိပေးထုတ်ပြန်သည်။

FLA ဒုတာဝန်ခံ ရဲဘော်စွန်ရဲအပါအဝင်တပ်ဖွဲ့ဝင်ခုနစ်ဦးသည် စစ်ရေးတိုက်ခိုက် မှုနစ်ခုအတွက် ပြင်ဆင်နေစဉ် ဇူလိုင် ၄ရက်တွင် စစ်ကောင်စီ၏ဖမ်းဆီးခြင်းခံခဲ့ ရခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“အဆက်သွယ် ပြတ်သွားတာ ကြာပြီ။ ပြန်ရချိန်မှာ သူသင်တန်းပေးတဲ့ တပ်မဟာဘက်ကနေ ကျဆုံးကြောင်းအတည်ပြုပေးခဲ့ပါတယ်။ တော်တော် လေးကို တော်တဲ့သူဗျာ။ အရမ်းရဲလွန်းလို့ ထပ်ခါထပ်ခါ သတိပေးနေတဲ့ကြားက ဖြစ်သွားတာပဲ”ဟု FLA ပြောက်ကျားတပ်မှ တာဝန်ခံဖြစ်သူ ကိုနေမျိုးနွယ်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၁ ရက်ညနေ ၅ နာရီခွဲခန့်က မန္တလေးမြို့ တံတားဦးမြို့နယ်မှ မြို့သာဘက် ထွက်လာသော စစ်ကောင်စီတပ်ယာဉ်နှစ်စီးကို တံတားဦးနှင့် မြို့သာအစပ်တွင် မိုင်းဆွဲတိုက်ခိုက် ခဲ့သည့် စစ်ရေးတိုက်ခိုက်မှု (mission)ကို ရဲဘော်စွန်ရဲမှ ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုအပြီး သုံးရက်မြောက် တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ကိုနေမျိုးနွယ်က အတည်ပြုသည်။

ရဲဘော်စွန်ရဲနှင့်အတူ ဖမ်းဆီးခံခဲ့ရသော တော်လှန်ရေးရဲဘော်ခြောက်ဦးကို စစ်ကောင်စီက တံတားဦးမြို့နယ်တရားရုံး၌ ရုံးထုတ်လျှက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

“FLA ကို ကွပ်ကဲတာ ကျနော်ပါ။ ကျနော်သူ့ကိုတိုက် ရိုက်တာဝန်ပေးတာပါ။ သူက ဒုတာဝန်ခံလေ ဒါပေမဲ့ သူမဖော်သွားဘူး။ သူပဲ ကွဲကဲဦးစီးတယ်ဆိုပြီး အစားခံသွားတယ်”ဟု ကိုနေမျိုးနွယ်က ဆိုသည်။

ရဲဘော်စွန်ရဲအား ဖမ်းမိချိန်တွင် စစ်ကောင်စီတပ်က စစ်ကြောရေးသို့ပို့ဆောင် စစ်ရေးခဲ့ရာ လူမဆန်စွာညှင်းပမ်းနှိပ်စက်မှုများကြောင့် ထိခိုက်ဒဏ်ရာများ ရရှိပြီး ကုသမှုခံယူရန် စစ်ဆေးရုံသို့ပို့စဉ် ဇူလိုင် ၅ ရက် နံနက် ၁၀နာရီ (အဖမ်းခံရပြီးနောက်နေ့မနက်)ခန့်တွင် ကျဆုံးသွားပြီဟု သိရကြောင်း FLA ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

စစ်ကြောရေး၌ ကျဆုံးခဲ့ရသော ရဲဘော်စွန်ရဲသည် FLA ၏ ဒုတာဝန်ခံတစ်ဦး ဖြစ်သကဲ့သို့ မြန်မာ့လွတ်လပ်ရေးတပ်ဖွဲ့(MIU)တပ်ဖွဲ့တွင် တပ်စုမှူး၊ စစ်သင်တန်းနည်းပြ၊ လက်နက်ထုတ်လုပ်ရေးအဖွဲ့ဝင်၊ မိုင်းနည်းပြ၊ ဖောက်ခွဲ တိုက်ခိုက်ရေးတာဝန်ခံ စသည့်တာဝန်များကို ထမ်းဆောင်နေ သော တော်လှန်ရေးရဲဘော်တစ်ဦးလည်း ဖြစ်သည်။

ရဲဘော်စွန်ရဲ(ခ)ရဲဘော်ကောင်လေး ကျဆုံးချိန်တွင် ၎င်း၏ ဇနီးဖြစ်သူမှာ ကိုယ်ဝန်ခုနစ်လဖြင့် ကျန်ရစ်ခဲ့ကြောင်း FLA ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

FLA အနေဖြင့် ရဲဘော်စွန်ရဲ့၏ ကိုယ်ဝန်သည်ဇနီးဖြစ်သူအပါအဝင် ဖမ်းဆီးခံ ထားရသော ရဲဘော်များအား ဆက်လက်တာဝန်ယူ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ရဲဘော်စွန်ရဲ၏ မိတ်ဆွေများအပါအဝင် မိသားစုဝင်များအား ဝမ်းနည်းစွာအသိပေးအပ်ပါသည်ဟု ဖော်ပြထားသည်။

(Freeland Attack Force – FLA ပြောက်ကျားတပ်မှ ဒုတာဝန်ခံ ရဲဘော်စွန်ရဲ (ခ) ရဲဘော်ကောင်လေးအား တွေ့ရစဉ်)