Local News

မႏၲေလးၿမိဳ႕ေပၚက ဓာတ္ဆီဆိုင္ေတြ ငါးနာရီအတြင္း ျပည္သူေတြကို ဆီအလုံအေလာက္ ေရာင္းခ်ေပးဖို႔ MDY-PDF သတိေပး

မႏၲေလးၿမိဳ႕ေပၚက ဓာတ္ဆီဆိုင္ေတြ ငါးနာရီအတြင္း ျပည္သူေတြကို ဆီအလုံအေလာက္ ေရာင္းခ်ေပးဖို႔ MDY-PDF သတိေပး

MFP ၊ ဩဂုတ္ – ၁၃

မႏၲေလးၿမိဳ႕ေပၚက ဓာတ္ဆီအေရာင္းဆိုင္ေတြအေနနဲ႔ ငါးနာရီအတြင္း ျပည္သူေတြကို ဆီအလုံအေလာက္ ေရာင္းခ်ေပးဖို႔ ဗိုလ္နကၡတ္ရဲ႕ MDY-PDF က ဒီေန႔ ဩဂုတ္လ (၁၃)ရက္ ညေန သုံးနာရီခြဲအခ်ိန္ေလာက္မွာ သတိေပးခ်က္ ထုတ္ျပန္ပါတယ္။

စစ္အုပ္စု၏မတရားအာဏာသိမ္းမႉေၾကာင့္ျပည္သူမ်ား စီးပြားေရး က်န္းမာေရး ပညာေရး အစစအရာရာ ဒုကၡေရာက္ေနခ်ိန္တြင္ ျပည္သူလူထု၏အခက္ခဲကိုမစာနာပဲ ဝိသမာေလာဘတတ္၍ေရာင္းခ်ေနေသာ ဆီဆိုင္မ်ားႏွင့္ ဆီေဈးကြက္ကိုကစားေနေသာ စစ္ေကာင္စီေထာက္တိုင္ဆိုင္မ်ား(ဥပမာ။။Denko ႏွင့္ Boc)အားေနာက္ဆုံးႀကိမ္သတိေပးခ်က္လို႔ သူတို႔ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

“ BOC နဲ႔ DenKo ဆိုင္ေတြဟာ စကစရဲ႕ေထာက္တိုင္ေတြျဖစ္‌သလို လက္ရွိေဈးကြက္ကစားရာမွာလဲ ပါ၀င္ေနလို႔ပါ၊ လက္ရွိဆိုရင္လည္း တစ္ၿမိဳ႕လုံး သူတို႔ဆိုင္ေတြနဲ႔ 360 ဆိုင္တစ္ခ်ိဳ႕သာ ဆီရတာကို သိၿပီးျဖစ္မွာပါ “ လို႔ MDY-PDF ေခါင္းေဆာင္ ဗိုလ္နကၡတ္က ေျပာပါတယ္။

မႏၲေလးၿမိဳ႕ေပၚမွာ စက္သုံးဆီအခက္အခဲေၾကာင့္ ျပည္သူေတြ ဒုကၡေရာက္ေနၾကၿပီး ဘယ္အေၾကာင္းေၾကာင့္ပဲ ဆီျပတ္လပ္တျဖစ္ေစ၊ အဲဒီျပႆနာကို ေျဖရွင္းဖို႔ မႏၲေလးၿမိဳ႕က ဆီဆိုင္အားလုံးကို အခ်ိန္ (၅)နာရီေပးၿပီး ဆီလိုသေလာက္ ရေနတာကို ျမင္ခ်င္တယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

“ ယခုမွစ၍ ဆီဆိုင္အားလုံး 5နာရီပိတ္ႏိုင္သည္၊ ဆီဆိုင္မ်ားတြင္ လက္ရွိဆီတန္းေနေသာ ျပည္သူမ်ား အား ဆီျပန္လည္ ေရာင္းခ်ေပးပါရန္ သတိေပးလိုက္ပါသည္။ (Denko ႏွင့္ BOC ဆိုင္မ်ားခ်က္ခ်င္းပိတ္ရန္) “ လို႔ ဆက္လက္ေဖာ္ျပထားပါတယ္။

စက္သုံးဆီေဈးႏႈန္းႀကီးျမင့္မႈနဲ႔ အလုံအေလာက္ မရမႈေတြေၾကာင့္ အေျခခံလူတန္းစားေတြ ပိုမိုထိခိုက္တယ္လို႔ မႏၲေလးၿမိဳ႕ခံေတြဆီက သိရပါတယ္။

မန္တလေးမြို့ပေါ်က ဓာတ်ဆီဆိုင်တွေ ငါးနာရီအတွင်း ပြည်သူတွေကို ဆီအလုံအလောက် ရောင်းချပေးဖို့ MDY-PDF သတိပေး

MFP ၊ ဩဂုတ် – ၁၃

မန္တလေးမြို့ပေါ်က ဓာတ်ဆီအရောင်းဆိုင်တွေအနေနဲ့ ငါးနာရီအတွင်း ပြည်သူတွေကို ဆီအလုံအလောက် ရောင်းချပေးဖို့ ဗိုလ်နက္ခတ်ရဲ့ MDY-PDF က ဒီနေ့ ဩဂုတ်လ (၁၃)ရက် ညနေ သုံးနာရီခွဲအချိန်လောက်မှာ သတိပေးချက် ထုတ်ပြန်ပါတယ်။

စစ်အုပ်စု၏မတရားအာဏာသိမ်းမှူကြောင့်ပြည်သူများ စီးပွားရေး ကျန်းမာရေး ပညာရေး အစစအရာရာ ဒုက္ခရောက်နေချိန်တွင် ပြည်သူလူထု၏အခက်ခဲကိုမစာနာပဲ ဝိသမာလောဘတတ်၍ရောင်းချနေသော ဆီဆိုင်များနှင့် ဆီဈေးကွက်ကိုကစားနေသော စစ်ကောင်စီထောက်တိုင်ဆိုင်များ(ဥပမာ။။Denko နှင့် Boc)အားနောက်ဆုံးကြိမ်သတိပေးချက်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ BOC နဲ့ DenKo ဆိုင်တွေဟာ စကစရဲ့ထောက်တိုင်တွေဖြစ်‌သလို လက်ရှိဈေးကွက်ကစားရာမှာလဲ ပါဝင်နေလို့ပါ၊ လက်ရှိဆိုရင်လည်း တစ်မြို့လုံး သူတို့ဆိုင်တွေနဲ့ 360 ဆိုင်တစ်ချို့သာ ဆီရတာကို သိပြီးဖြစ်မှာပါ “ လို့ MDY-PDF ခေါင်းဆောင် ဗိုလ်နက္ခတ်က ပြောပါတယ်။

မန္တလေးမြို့ပေါ်မှာ စက်သုံးဆီအခက်အခဲကြောင့် ပြည်သူတွေ ဒုက္ခရောက်နေကြပြီး ဘယ်အကြောင်းကြောင့်ပဲ ဆီပြတ်လပ်တဖြစ်စေ၊ အဲဒီပြဿနာကို ဖြေရှင်းဖို့ မန္တလေးမြို့က ဆီဆိုင်အားလုံးကို အချိန် (၅)နာရီပေးပြီး ဆီလိုသလောက် ရနေတာကို မြင်ချင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ ယခုမှစ၍ ဆီဆိုင်အားလုံး 5နာရီပိတ်နိုင်သည်၊ ဆီဆိုင်များတွင် လက်ရှိဆီတန်းနေသော ပြည်သူများ အား ဆီပြန်လည် ရောင်းချပေးပါရန် သတိပေးလိုက်ပါသည်။ (Denko နှင့် BOC ဆိုင်များချက်ချင်းပိတ်ရန်) “ လို့ ဆက်လက်ဖော်ပြထားပါတယ်။

စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုနဲ့ အလုံအလောက် မရမှုတွေကြောင့် အခြေခံလူတန်းစားတွေ ပိုမိုထိခိုက်တယ်လို့ မန္တလေးမြို့ခံတွေဆီက သိရပါတယ်။