Lifestyle

ေခြးတစ္ေကာင္အားေသနတ္ျဖင့္ပစ္သည္ကို PDF မ်ားဝင္လာသည္အထင္ျဖင့္ ပိတ္ဆို႔စစ္ေဆးမႈမ်ားျပဳလုပ္

ေခြးတစ္ေကာင္အားေသနတ္ျဖင့္ပစ္သည္ကို PDF မ်ားဝင္လာသည္အထင္ျဖင့္ ပိတ္ဆို႔စစ္ေဆးမႈမ်ားျပဳလုပ္

မင္းထက္

(မဇၥ်ိမ) ။ ။ ဧရာဝတီတိုင္း၊ ဟိုင္းႀကီးကြၽန္းၿမိဳ႕တြင္ စစ္ေကာင္စီတပ္သားက ေခြးတစ္ေကာင္အား ေသနတ္ျဖင့္ပစ္သည္ကို PDF မ်ားဝင္လာသည္အထင္ျဖင့္ ပိတ္ဆို႔စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း ေဒသခံမ်ားထံက သိရသည္။

ၾသဂုတ္လ ၉ ရက္ေန႔ နံနက္ နံနက္ ၅ နာရီ ၃၀ မိနစ္ခန႔္အခ်ိန္တြင္ ဟိုင္းႀကီးကြၽန္းၿမိဳ႕ေပၚ KTV တစ္ခုမွျပန္လာသည့္ ၾကည္းတပ္မွအရာရွိတစ္ဦးက လမ္းေဘး၌အိပ္ေနသည့္ ေခြးတစ္ေကာင္အား အရက္မူးကာ ေသနတ္ျဖင့္ပစ္ခတ္ခဲ့ျခင္းျဖစ္သည္။

ထို႔ေနာက္ ဟိုင္းႀကီးေရတပ္ရွိ စစ္ေကာင္စီတပ္မ်ားမွ ပိတ္ဆို႔စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ျခင္းျဖစ္သည္ဟု ေဒသခံတစ္ဦးကေျပာသည္။

“တပ္မေတာ္ေရေန႔ ႐ုပ္ရွင္႐ိုက္တဲ့အဖြဲ႕ေတြနဲ႔အတူ KTV ကျပန္လာတဲ့ ၾကည္းတပ္အရာရွိက ဟိုင္းႀကီးျပန္ဆက္႐ုံးနားမွာ ေခြးကို ေသနတ္နဲ႔ပစ္တယ္။ အဲ့တာကို သူတို႔လူပစ္တာကိုမသိဘဲနဲ႔ ရန္းသမ္းၿပီးလာစစ္ၾကတာပါ” ဟု ေဒသခံကဆိုသည္။

ထို႔ေနာက္ ဟိုင္းႀကီးကြၽန္းၿမိဳ႕ အမွတ္ (၁)၊ (၂ )၊(၃) ရပ္ကြက္မ်ားတြင္ လက္နက္အျပည့္အစုံျဖင့္ ပိတ္ဆို႔စစ္ေဆးမႈမ်ားျပဳလုပ္ၿပီး ေဒသခံႏွစ္ဦးကိုလည္း ဖမ္းဆီးစစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ပစ္ခတ္မႈျဖစ္ၿပီးေနာက္ပိုင္း ဟိုင္းႀကီးကြၽန္းၿမိဳ႕ေပၚတြင္ ခၾကာခဏဆိုသလို ပိတ္ဆို႔စစ္ေဆးမႈမ်ား ျပဳလုပ္ေနသည္ဟု ေဒသခံမ်ား၏ ေျပာၾကားခ်က္အရသိရသည္။

စာတည္း ။ ။ Alden

စာမူတည္းျဖတ္ ။ ။ ေအာင္ေက်ာ္ၿဖိဳး

ခွေးတစ်ကောင်အားသေနတ်ဖြင့်ပစ်သည်ကို PDF များဝင်လာသည်အထင်ဖြင့် ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်

မင်းထက်

(မဇ္ဈိမ) ။ ။ ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့တွင် စစ်ကောင်စီတပ်သားက ခွေးတစ်ကောင်အား သေနတ်ဖြင့်ပစ်သည်ကို PDF များဝင်လာသည်အထင်ဖြင့် ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

သြဂုတ်လ ၉ ရက်နေ့ နံနက် နံနက် ၅ နာရီ ၃၀ မိနစ်ခန့်အချိန်တွင် ဟိုင်းကြီးကျွန်းမြို့ပေါ် KTV တစ်ခုမှပြန်လာသည့် ကြည်းတပ်မှအရာရှိတစ်ဦးက လမ်းဘေး၌အိပ်နေသည့် ခွေးတစ်ကောင်အား အရက်မူးကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဟိုင်းကြီးရေတပ်ရှိ စစ်ကောင်စီတပ်များမှ ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

“တပ်မတော်ရေနေ့ ရုပ်ရှင်ရိုက်တဲ့အဖွဲ့တွေနဲ့အတူ KTV ကပြန်လာတဲ့ ကြည်းတပ်အရာရှိက ဟိုင်းကြီးပြန်ဆက်ရုံးနားမှာ ခွေးကို သေနတ်နဲ့ပစ်တယ်။ အဲ့တာကို သူတို့လူပစ်တာကိုမသိဘဲနဲ့ ရန်းသမ်းပြီးလာစစ်ကြတာပါ” ဟု ဒေသခံကဆိုသည်။

ထို့နောက် ဟိုင်းကြီးကျွန်းမြို့ အမှတ် (၁)၊ (၂ )၊(၃) ရပ်ကွက်များတွင် လက်နက်အပြည့်အစုံဖြင့် ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ပြီး ဒေသခံနှစ်ဦးကိုလည်း ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း ဟိုင်းကြီးကျွန်းမြို့ပေါ်တွင် ခကြာခဏဆိုသလို ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ် ။ ။ အောင်ကျော်ဖြိုး