Local News

ဆီေစ်း ၁၄၀၀ ေအာက္ျဖစ္မယ္လို႔မွန္းတဲ့သူ နဲ႔ ထြက္ရွင္းတဲ့ ေဇာ္မဲလုံး ! ….

ဆီေစ်း ၁၄၀၀ ေအာက္ျဖစ္မယ္လို႔မွန္းတဲ့သူ နဲ႔ ထြက္ရွင္းတဲ့ ေဇာ္မဲလုံး ! ….

တစ္ႏိုင္ငံလုံး စက္သုံးဆီေစ်း ဆက္တက္ေနေသာ္လည္း လိုသေလာက္ဝယ္မရ

စက္သုံးဆီ ျပတ္လပ္ေနတာေၾကာင့္ ရန္ကုန္တိုင္းက စက္သုံးဆီဆိုင္တခ်ိဳ႕ ပိတ္ထားရသလို ဖြင့္ထားတဲ့ ဆိုင္အခ်ိဳ႕မွာလည္း 92 အမ်ိဳးအစား ဓာတ္ဆီတစ္မ်ိဳးတည္းသာ ရတယ္လို႔ အငွားယာဥ္ေမာင္းေတြက ေျပာပါတယ္။

ဩဂုတ္လ ၁၃ ရက္ ဒီေန႔မွာ 92 အမ်ိဳးအစား ဓာတ္ဆီ တစ္လီတာေပါက္ေဈး က်ပ္ ၂၄၀၀ ေက်ာ္ ရွိေနၿပီး ကားတစ္စီးကို ဆီတစ္ေသာင္းဖိုးပဲ ထည့္ေပးတယ္လို႔ အငွားယာဥ္ေမာင္း ဦးသန္းေဆြက ဆိုပါတယ္။

“ဆီက တစ္ေသာင္းဖိုး ထည့္လို႔ရတယ္။ 95 ကေတာ့ ဆိုင္တိုင္းမရွိ။ က်ေနာ္ထင္တယ္ သုံးပုံ ႏွစ္ပုံေလာက္က ပိတ္ထားတဲ့ ဆိုင္ေတြခ်ည္းပဲ။ ဆီတစ္ေသာင္းဖိုးနဲ႔ ကားဆြဲလို႔လည္း မရေတာ့ ဒီေန႔ေတာ့ ကားထြက္ဆြဲတာ နားလိုက္တယ္”အခ်ိဳ႕ဆိုင္ေတြမွာ အနည္းငယ္ ဝယ္လို႔ရေပမယ့္ တစ္ဆိုင္နဲ႔တစ္ဆိုင္ ေရာင္းတဲ့ေဈးေတြ မတူဘူးလို႔လည္း ဆိုပါတယ္။

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕မွာလည္း 92 တစ္လီတာကို က်ပ္၂၈၀၀ ကေန ၃၀၀၀ အထိ ေပးဝယ္ယူရၿပီး ဩဂုတ္လ ၁၂ ရက္ မေန႔ကစလို႔ စက္သုံးဆီဆိုင္ (၁၃) ဆိုင္နီးပါး ပိတ္ထားရပါတယ္။ဒီေန႔မွာလည္း ျမစ္ႀကီးနားတစ္ၿမိဳ႕လုံးက စက္သုံးဆီဆိုင္ အကုန္နီးပါး ပိတ္ထားရတယ္လို႔ ျမစ္ႀကီးနားေဒသခံ ကိုေနာ္ေနာ္က RFA ကိုေျပာပါတယ္။

“လမ္းေပၚကို ၾကည့္လိုက္ရင္ အကုန္ ဆိုင္ကယ္တြန္းေနတဲ့ သူခ်ည္းပဲ။ ဆီလိုက္ရွာ ဝယ္ေနၾကတာ ဟုတ္တယ္။ ေနာက္ႏွစ္ရက္ေလာက္အထိ ဆီျပတ္ေနရင္ေတာ့ လမ္းပဲ ေလွ်ာက္ရမယ္ ထင္တယ္။ က်ေနာ္ျဖစ္ေစခ်င္တာက ဆီဆိုင္ေတြက လူတစ္ဦးတစ္ေသာင္းဖိုး ေရာင္းမယ္၊ လူဦးေရတစ္ရာပဲရမယ္။ အဲလိုဆိုလည္း ေတာ္ေသးတယ္။ အခုက ဆိုင္ၾကဖြင့္ထားတယ္ သြားထည့္ရင္ ဆီမရွိဘူး”

လမ္းေဘးမွာ ေမွာင္ခိုေရာင္းခ်တဲ့ ဆီဆိုင္ေတြမွာဆိုရင္ ဓာတ္ဆီ ေရသန႔္တစ္ဘူးကို က်ပ္တစ္ေသာင္းအထိ ေပးဝယ္ေနရတယ္လို႔လည္း ဆိုပါတယ္။ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရႈိးၿမိဳ႕မွာေတာ့ ဆီအနည္းငယ္ ဝယ္လို႔ရေနေပမယ့္ က်န္တဲ့ၿမိဳ႕နယ္ေတြက စက္သုံးဆီဆိုင္ အကုန္နီးပါးကေတာ့ ပိတ္ထားရတယ္လို႔ မူဆယ္ေဒသခံတစ္ဦးက ေျပာပါတယ္။

မူဆယ္ၿမိဳ႕မွာလည္း မေန႔ကအထိ ဆိုင္ကယ္တစ္စီးကို ဆီႏွစ္ေထာင္ဖိုး၊ ကားတစ္စီးကို တစ္ေသာင္းဖိုး ဝယ္လို႔ရေနေပမယ့္ ဒီေန႔မွာေတာ့ ဆီဆိုင္ေတြ အကုန္နီးပါး ပိတ္ထားၾကတယ္လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။”ဒီေန႔ေတာ့ ဂိမ္းအိုဗာသြားၿပီ ထင္တယ္။ ဟိုနားဒီနားကိုေတာ့ စက္ဘီးပဲ စီးၾကတယ္။ လမ္းေပၚေတာင္ လူရွင္းေနတယ္”

မႏၲေလးၿမိဳ႕မွာလည္း စက္သုံးဆီဆိုင္တခ်ိဳ႕ ပိတ္ထားဆဲျဖစ္သလို ဖြင့္တဲ့ဆိုင္ေတြမွာလည္း လူရာနဲ႔ခ်ီ တန္းစီဝယ္ေနရတယ္လို႔ မႏၲေလးၿမိဳ႕ခံ မေဝေဝက RFA ကိုေျပာပါတယ္။”ဆိုင္ကယ္တဝီဝီနဲ႔ၿမိဳ႕က အခုေတာ့ လမ္းေတြရွင္းေနတာပဲ။ ပိတ္တဲ့ဆိုင္က ပိုမ်ားတယ္။ ဖြင့္တဲ့ဆိုင္လည္း ရွိတယ္ တန္းစီေနတာ လူတစ္ရာအထက္မွာ ရွိတယ္။ ကားတစ္စီး တစ္ေသာင္းဖိုးပဲ ေရာင္းပါတယ္”

မြန္ျပည္နယ္၊ ကရင္ျပည္နယ္၊ တနသၤာရီ၊ စစ္ကိုင္းနဲ႔ မေကြးတိုင္းတို႔မွာလည္း ဆီျပတ္လပ္မႈေတြ ျဖစ္ေပၚေနၿပီး 92 အမ်ိဳးအစား ဓာတ္ဆီတစ္မ်ိဳးတည္းကိုသာ က်ပ္ ၂၄၀၀ ေက်ာ္နဲ႔ ဝယ္ယူ ေနရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ၿပီးခဲ့တဲ့ ဩဂုတ္လ ၇ ရက္ေန႔က စက္သုံးဆီ တစ္လီတာကို က်ပ္ ၁၆၁၅ ေဈးအထိ က်ဆင္းခဲ့ေပမယ့္ အဲဒီေနာက္ပိုင္း ေစ်းေတြျပန္တက္လာေနတာ ျဖစ္ပါတယ္။

ဆီဈေး ၁၄၀၀ အောက်ဖြစ်မယ်လို့မှန်းတဲ့သူ နဲ့ ထွက်ရှင်းတဲ့ ဇော်မဲလုံး ! ….

တစ်နိုင်ငံလုံး စက်သုံးဆီဈေး ဆက်တက်နေသော်လည်း လိုသလောက်ဝယ်မရ

စက်သုံးဆီ ပြတ်လပ်နေတာကြောင့် ရန်ကုန်တိုင်းက စက်သုံးဆီဆိုင်တချို့ ပိတ်ထားရသလို ဖွင့်ထားတဲ့ ဆိုင်အချို့မှာလည်း 92 အမျိုးအစား ဓာတ်ဆီတစ်မျိုးတည်းသာ ရတယ်လို့ အငှားယာဉ်မောင်းတွေက ပြောပါတယ်။

ဩဂုတ်လ ၁၃ ရက် ဒီနေ့မှာ 92 အမျိုးအစား ဓာတ်ဆီ တစ်လီတာပေါက်ဈေး ကျပ် ၂၄၀၀ ကျော် ရှိနေပြီး ကားတစ်စီးကို ဆီတစ်သောင်းဖိုးပဲ ထည့်ပေးတယ်လို့ အငှားယာဉ်မောင်း ဦးသန်းဆွေက ဆိုပါတယ်။

“ဆီက တစ်သောင်းဖိုး ထည့်လို့ရတယ်။ 95 ကတော့ ဆိုင်တိုင်းမရှိ။ ကျနော်ထင်တယ် သုံးပုံ နှစ်ပုံလောက်က ပိတ်ထားတဲ့ ဆိုင်တွေချည်းပဲ။ ဆီတစ်သောင်းဖိုးနဲ့ ကားဆွဲလို့လည်း မရတော့ ဒီနေ့တော့ ကားထွက်ဆွဲတာ နားလိုက်တယ်”အချို့ဆိုင်တွေမှာ အနည်းငယ် ဝယ်လို့ရပေမယ့် တစ်ဆိုင်နဲ့တစ်ဆိုင် ရောင်းတဲ့ဈေးတွေ မတူဘူးလို့လည်း ဆိုပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာလည်း 92 တစ်လီတာကို ကျပ်၂၈၀၀ ကနေ ၃၀၀၀ အထိ ပေးဝယ်ယူရပြီး ဩဂုတ်လ ၁၂ ရက် မနေ့ကစလို့ စက်သုံးဆီဆိုင် (၁၃) ဆိုင်နီးပါး ပိတ်ထားရပါတယ်။ဒီနေ့မှာလည်း မြစ်ကြီးနားတစ်မြို့လုံးက စက်သုံးဆီဆိုင် အကုန်နီးပါး ပိတ်ထားရတယ်လို့ မြစ်ကြီးနားဒေသခံ ကိုနော်နော်က RFA ကိုပြောပါတယ်။

“လမ်းပေါ်ကို ကြည့်လိုက်ရင် အကုန် ဆိုင်ကယ်တွန်းနေတဲ့ သူချည်းပဲ။ ဆီလိုက်ရှာ ဝယ်နေကြတာ ဟုတ်တယ်။ နောက်နှစ်ရက်လောက်အထိ ဆီပြတ်နေရင်တော့ လမ်းပဲ လျှောက်ရမယ် ထင်တယ်။ ကျနော်ဖြစ်စေချင်တာက ဆီဆိုင်တွေက လူတစ်ဦးတစ်သောင်းဖိုး ရောင်းမယ်၊ လူဦးရေတစ်ရာပဲရမယ်။ အဲလိုဆိုလည်း တော်သေးတယ်။ အခုက ဆိုင်ကြဖွင့်ထားတယ် သွားထည့်ရင် ဆီမရှိဘူး”

လမ်းဘေးမှာ မှောင်ခိုရောင်းချတဲ့ ဆီဆိုင်တွေမှာဆိုရင် ဓာတ်ဆီ ရေသန့်တစ်ဘူးကို ကျပ်တစ်သောင်းအထိ ပေးဝယ်နေရတယ်လို့လည်း ဆိုပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာတော့ ဆီအနည်းငယ် ဝယ်လို့ရနေပေမယ့် ကျန်တဲ့မြို့နယ်တွေက စက်သုံးဆီဆိုင် အကုန်နီးပါးကတော့ ပိတ်ထားရတယ်လို့ မူဆယ်ဒေသခံတစ်ဦးက ပြောပါတယ်။

မူဆယ်မြို့မှာလည်း မနေ့ကအထိ ဆိုင်ကယ်တစ်စီးကို ဆီနှစ်ထောင်ဖိုး၊ ကားတစ်စီးကို တစ်သောင်းဖိုး ဝယ်လို့ရနေပေမယ့် ဒီနေ့မှာတော့ ဆီဆိုင်တွေ အကုန်နီးပါး ပိတ်ထားကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။”ဒီနေ့တော့ ဂိမ်းအိုဗာသွားပြီ ထင်တယ်။ ဟိုနားဒီနားကိုတော့ စက်ဘီးပဲ စီးကြတယ်။ လမ်းပေါ်တောင် လူရှင်းနေတယ်”

မန္တလေးမြို့မှာလည်း စက်သုံးဆီဆိုင်တချို့ ပိတ်ထားဆဲဖြစ်သလို ဖွင့်တဲ့ဆိုင်တွေမှာလည်း လူရာနဲ့ချီ တန်းစီဝယ်နေရတယ်လို့ မန္တလေးမြို့ခံ မဝေဝေက RFA ကိုပြောပါတယ်။”ဆိုင်ကယ်တဝီဝီနဲ့မြို့က အခုတော့ လမ်းတွေရှင်းနေတာပဲ။ ပိတ်တဲ့ဆိုင်က ပိုများတယ်။ ဖွင့်တဲ့ဆိုင်လည်း ရှိတယ် တန်းစီနေတာ လူတစ်ရာအထက်မှာ ရှိတယ်။ ကားတစ်စီး တစ်သောင်းဖိုးပဲ ရောင်းပါတယ်”

မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီ၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှာလည်း ဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပြီး 92 အမျိုးအစား ဓာတ်ဆီတစ်မျိုးတည်းကိုသာ ကျပ် ၂၄၀၀ ကျော်နဲ့ ဝယ်ယူ နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက်နေ့က စက်သုံးဆီ တစ်လီတာကို ကျပ် ၁၆၁၅ ဈေးအထိ ကျဆင်းခဲ့ပေမယ့် အဲဒီနောက်ပိုင်း ဈေးတွေပြန်တက်လာနေတာ ဖြစ်ပါတယ်။