တာခ်ီလိတ္ၿမိဳ႕တြင္ ေဆာက္လုပ္စ သုံးထပ္အိမ္တစ္လုံး ေရထဲ ေမ်ာပါ
ျမန္မာ – ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္မွ လြယ္ေတာ္ခမ္းသို႔ သြားရာ လမ္း၏ မယ္ဆိုင္ေခ်ာင္းေဘးတြင္
အသစ္တည္ေဆာက္ေနသည့္ သုံးထပ္အိမ္တစ္လုံး ယေန႔ ၂၀၂၂ခုႏွစ္ ဩဂုတ္လ(၁၃)ရက္ေန႔ ေန႔လည္ပိုင္းက ေရထဲသို႔ေမ်ာပါသြားသည္။
အဆိုပါ ေနအိမ္မွာ ေဆာက္ေနဆဲ အိမ္ျဖစ္၍ လူေနထိုင္ျခင္းမရွိေၾကာင္းႏွင့္ အနီးပတ္ဝန္းက်င္ လူ ထိခိုက္မႈမရွိဟု သိရသည္။
တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၂၂ခုႏွစ္ ဩဂုတ္လ(၁၂)ရက္ေန႔စၿပီး ယေန႔ ဩဂုတ္လ(၁၃)ရက္ေန႔အထိ (၂)ရက္ဆက္တိုက္ ဆိုး႐ြားဆုံး ေရႀကီးေရလွ်ံသည့္ ဒဏ္ကို ႀကဳံေတြ႕ေနရသည္။
TachileikNewsAgency
တာချီလိတ်မြို့တွင် ဆောက်လုပ်စ သုံးထပ်အိမ်တစ်လုံး ရေထဲ မျောပါ
မြန်မာ – ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်မှ လွယ်တော်ခမ်းသို့ သွားရာ လမ်း၏ မယ်ဆိုင်ချောင်းဘေးတွင်
အသစ်တည်ဆောက်နေသည့် သုံးထပ်အိမ်တစ်လုံး ယနေ့ ၂၀၂၂ခုနှစ် ဩဂုတ်လ(၁၃)ရက်နေ့ နေ့လည်ပိုင်းက ရေထဲသို့မျောပါသွားသည်။
အဆိုပါ နေအိမ်မှာ ဆောက်နေဆဲ အိမ်ဖြစ်၍ လူနေထိုင်ခြင်းမရှိကြောင်းနှင့် အနီးပတ်ဝန်းကျင် လူ ထိခိုက်မှုမရှိဟု သိရသည်။
တာချီလိတ်မြို့တွင် ၂၀၂၂ခုနှစ် ဩဂုတ်လ(၁၂)ရက်နေ့စပြီး ယနေ့ ဩဂုတ်လ(၁၃)ရက်နေ့အထိ (၂)ရက်ဆက်တိုက် ဆိုးရွားဆုံး ရေကြီးရေလျှံသည့် ဒဏ်ကို ကြုံတွေ့နေရသည်။