Local News

ခင္ေစာမူေကြ႕က DENKO ဆီဆိုင္ ဗုံးထုခံရ

မႏၲေလးၿမိဳ႕လည္ (၇၈)လမ္း၊ ခင္ေစာမူေကြ႕က DENKO ဆီဆိုင္ ဗုံးထုခံရ ၊

သတိေပးခ်က္ မလိုက္နာတဲ့ ဆိုင္ေတြကို သတိေပးေဖာက္ခြဲတာလို႔ MDY-PDF ဆို၊

MFP ၊ ဩဂုတ္ – ၁၃

မႏၲေလးၿမိဳ႕၊ မဟာေအာင္ေျမၿမိဳ႕နယ္၊ (၇၈)လမ္း ခင္ေစာမူေကြ႕က DENKO ဓာတ္ဆီအေရာင္းဆိုင္ကို ဒီေန႔ ၾသဂုတ္(၁၃)ရက္ ညေန(၅)နာရီေက်ာ္မွာ ဗုံးထု သတိေပးခဲ့တယ္လို႔ မႏၲေလးၿမိဳ႕ျပေျပာက္က်ား MDY-PDF က သတင္း ထုတ္ျပန္ပါတယ္။

“ဆိုင္မ်ား ပိတ္ရန္ ထုတ္ျပန္ခဲ့ၿပီးခ်ိန္ ႏွစ္နာရီေက်ာ္သည္အထိ မပိတ္ေသာ ဆိုင္အားလုံးကို သတိေပးလိုက္ျခင္း ျဖစ္သည္။ ျပည္သူမ်ား မထိခိုက္ေစရန္ လြတ္ေသာေနရာသို႔ ပစ္ေပးခဲ့သည္ “ လို႔ MDY-PDF က ေဖာ္ျပပါတယ္။

မႏၲေလးၿမိဳ႕က ဓာတ္ဆီဆိုင္ေတြ အေနနဲ႔ တန္းစီစနစ္နဲ႔ ေရာင္းခ်ေနတာကို ရပ္နားၿပီး ငါးနာရီအတြင္း ျပည္သူေတြကို ဆီအလုံအေလာက္ ေရာင္းေပးဖို႔ မႏၲေလးၿမိဳ႕ျပေျပာက္က်ား MDY-PDF အဖြဲ႕က ဒီေန႔ ညေနပိုင္းမွာ သတိေပးခ်က္ ထုတ္ျပန္ၿပီးေနာက္ ဆိုင္မပိတ္ဘဲ တန္းစီစနစ္နဲ႔ ဆက္ေရာင္းေနတဲ့ ဆိုင္ေတြကို သတိေပးေဖာက္ခြဲတာလို႔ ဆိုပါတယ္။

လက္ရွိ မႏၲေလးၿမိဳ႕ေပၚမွာ စက္သုံးဆီျပတ္လပ္မႈ၊ ေဈးႏႈန္းႀကီးျမင့္မႈေတြေၾကာင့္ အေျခခံလူတန္းစားေတြ အဓိက ထိခိုက္ေနတာျဖစ္ၿပီး အလုပ္နဲ႔အလွမ္းေဝးသူေတြဆိုရင္ တစ္ရက္ကို ဆီႏွစ္ေထာင္ဖိုးထည့္မွ အဆင္ေျပတယ္လို႔ ေဒသခံအခ်ိဳ႕က ဆိုပါတယ္။

ဒါေပမယ့္ ဆီဆိုင္အခ်ိဳ႕ဟာ စက္သုံးဆီ မရွိဘူးဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ဆိုင္ပိတ္ထားၾကၿပီး အဲဒီဆီဆိုင္ေတြ ျပန္လည္ဖြင့္လွစ္ႏိုင္ဖို႔၊ ဆီေဈးကြက္ကို လက္ဝါးႀကီးအုပ္ ေဈးကစားေနတဲ့ စစ္ေကာင္စီ ေထာက္တိုင္ဆိုင္ေတြကို သတိေပးတာလည္း ျဖစ္တယ္လို႔ MDY-PDF က ထုတ္ျပန္ထားပါတယ္။

မန္တလေးမြို့လည် (၇၈)လမ်း၊ ခင်စောမူကွေ့က DENKO ဆီဆိုင် ဗုံးထုခံရ ၊

သတိပေးချက် မလိုက်နာတဲ့ ဆိုင်တွေကို သတိပေးဖောက်ခွဲတာလို့ MDY-PDF ဆို၊

MFP ၊ ဩဂုတ် – ၁၃

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ (၇၈)လမ်း ခင်စောမူကွေ့က DENKO ဓာတ်ဆီအရောင်းဆိုင်ကို ဒီနေ့ သြဂုတ်(၁၃)ရက် ညနေ(၅)နာရီကျော်မှာ ဗုံးထု သတိပေးခဲ့တယ်လို့ မန္တလေးမြို့ပြပြောက်ကျား MDY-PDF က သတင်း ထုတ်ပြန်ပါတယ်။

“ဆိုင်များ ပိတ်ရန် ထုတ်ပြန်ခဲ့ပြီးချိန် နှစ်နာရီကျော်သည်အထိ မပိတ်သော ဆိုင်အားလုံးကို သတိပေးလိုက်ခြင်း ဖြစ်သည်။ ပြည်သူများ မထိခိုက်စေရန် လွတ်သောနေရာသို့ ပစ်ပေးခဲ့သည် “ လို့ MDY-PDF က ဖော်ပြပါတယ်။

မန္တလေးမြို့က ဓာတ်ဆီဆိုင်တွေ အနေနဲ့ တန်းစီစနစ်နဲ့ ရောင်းချနေတာကို ရပ်နားပြီး ငါးနာရီအတွင်း ပြည်သူတွေကို ဆီအလုံအလောက် ရောင်းပေးဖို့ မန္တလေးမြို့ပြပြောက်ကျား MDY-PDF အဖွဲ့က ဒီနေ့ ညနေပိုင်းမှာ သတိပေးချက် ထုတ်ပြန်ပြီးနောက် ဆိုင်မပိတ်ဘဲ တန်းစီစနစ်နဲ့ ဆက်ရောင်းနေတဲ့ ဆိုင်တွေကို သတိပေးဖောက်ခွဲတာလို့ ဆိုပါတယ်။

လက်ရှိ မန္တလေးမြို့ပေါ်မှာ စက်သုံးဆီပြတ်လပ်မှု၊ ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် အခြေခံလူတန်းစားတွေ အဓိက ထိခိုက်နေတာဖြစ်ပြီး အလုပ်နဲ့အလှမ်းဝေးသူတွေဆိုရင် တစ်ရက်ကို ဆီနှစ်ထောင်ဖိုးထည့်မှ အဆင်ပြေတယ်လို့ ဒေသခံအချို့က ဆိုပါတယ်။

ဒါပေမယ့် ဆီဆိုင်အချို့ဟာ စက်သုံးဆီ မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဆိုင်ပိတ်ထားကြပြီး အဲဒီဆီဆိုင်တွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့၊ ဆီဈေးကွက်ကို လက်ဝါးကြီးအုပ် ဈေးကစားနေတဲ့ စစ်ကောင်စီ ထောက်တိုင်ဆိုင်တွေကို သတိပေးတာလည်း ဖြစ်တယ်လို့ MDY-PDF က ထုတ်ပြန်ထားပါတယ်။