Local News

ဒီဇယ္ျပတ္လပ္ေန၍ အလွည့္က်စနစ္ျဖင့္ လွ်ပ္စစ္မီး ေပးမည္ဟု ေၾကညာ

ဒီဇယ္ျပတ္လပ္ေန၍ အလွည့္က်စနစ္ျဖင့္ လွ်ပ္စစ္မီး ေပးမည္ဟု ေၾကညာ

ရန္ကုန္၊ ဩဂုတ္ ၁၃

တနသၤာရီတိုင္းမွာ ဒီဇယ္ဆီျပတ္လပ္ေနလို႔ ပုေလာၿမိဳ႕နယ္နဲ႔ တနသၤာရီၿမိဳ႕နယ္ေတြမွာ လွ်ပ္စစ္မီး အလွည့္က်စနစ္နဲ႔ပဲ ေပးေဝႏိုင္ေတာ့မယ္လို႔ ဖိုးသီးခ်ိဳမီးလင္းေရးက ဒီေန႔ ထုတ္ျပန္ပါတယ္။

ဒီဇယ္ဆီလက္က်န္နဲ႔ ထပ္မံရရွိမယ့္ဒီဇယ္ဆီေပၚမူတည္ၿပီး ပုေလာၿမိဳ႕၊ ပေလာက္ၿမိဳ႕၊ ပလၿမိဳ႕ ၊တနသၤာရီၿမိဳ႕ နဲ႔တျခားဆက္စပ္ေက်း႐ြာေတြမွာ အလွည့္က်ပဲမီးရရွိေတာ့မွာပါ။

ပုေလာၿမိဳ႕ေပၚမွာေတာ့ ဒီေန႔ကစၿပီး လွ်ပ္စစ္မီးအခ်ိန္ပိုင္းပဲရရွိေတာ့တယ္လို႔ ေဒသခံတစ္ဦးကဆိုပါတယ္။

” ဒီေန႔မနက္ ၄ နာရီမီးလာၿပီး ေန႔လည္၁၂နာရီမီးျပတ္သြားတယ္။ ညေန ၄နာရီမွျပန္လာမွာပါ။ မီတာခကိုလည္းေစ်းႀကီးေပးထားရေတာ့ မီးမွန္ေစခ်င္တယ္” လို႔ပုေလာၿမိဳ႕ခံတစ္ဦးကေျပာပါတယ္။

ပုေလာၿမိဳ႕နယ္မွာ ဇူလိုင္လအတြက္ လွ်ပ္စစ္မီတာခ တစ္ယူနစ္ေစ်း ၁၀၄၀ က်ပ္ျဖစ္ၿပီး တနသၤာရီၿမိဳ႕နယ္မွာ ဇူလိုင္လအတြက္ တစ္ယူနစ္ေစ်း ၁၁၄၀က်ပ္ျဖစ္ပါတယ္။

ကုမၼဏီဘက္ကေတာ့ ဒီအေျခအေနမ်ိဳးမျဖစ္လာေစဖို႔ အရင္ကတည္းက ဒီဇယ္ဆီေတြႀကိဳတင္သိုေလွာင္ထားခဲ့ေပမယ့္ အခုအခါမွာ ဒီဇယ္ဆီရရွိမႈ အလွ်င္မမီေတာ့လို႔ အခုလိုျဖစ္သြားရတာလို႔ဆိုပါတယ္။

ဒီဇယ္ဆီ ပုံမွန္ ျပန္လည္ရရွိရင္ ၂၄ နာရီပုံမွန္လွ်ပ္စစ္မီးျပန္လည္ျဖန္႔ျဖဴးေပးႏိုင္ေအာင္ႀကိဳးစားသြားမယ္လို႔လည္း ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။

The Tanintharyi Times

ဒီဇယ်ပြတ်လပ်နေ၍ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီး ပေးမည်ဟု ကြေညာ

ရန်ကုန်၊ ဩဂုတ် ၁၃

တနင်္သာရီတိုင်းမှာ ဒီဇယ်ဆီပြတ်လပ်နေလို့ ပုလောမြို့နယ်နဲ့ တနင်္သာရီမြို့နယ်တွေမှာ လျှပ်စစ်မီး အလှည့်ကျစနစ်နဲ့ပဲ ပေးဝေနိုင်တော့မယ်လို့ ဖိုးသီးချိုမီးလင်းရေးက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဒီဇယ်ဆီလက်ကျန်နဲ့ ထပ်မံရရှိမယ့်ဒီဇယ်ဆီပေါ်မူတည်ပြီး ပုလောမြို့၊ ပလောက်မြို့၊ ပလမြို့ ၊တနင်္သာရီမြို့ နဲ့တခြားဆက်စပ်ကျေးရွာတွေမှာ အလှည့်ကျပဲမီးရရှိတော့မှာပါ။

ပုလောမြို့ပေါ်မှာတော့ ဒီနေ့ကစပြီး လျှပ်စစ်မီးအချိန်ပိုင်းပဲရရှိတော့တယ်လို့ ဒေသခံတစ်ဦးကဆိုပါတယ်။

” ဒီနေ့မနက် ၄ နာရီမီးလာပြီး နေ့လည်၁၂နာရီမီးပြတ်သွားတယ်။ ညနေ ၄နာရီမှပြန်လာမှာပါ။ မီတာခကိုလည်းဈေးကြီးပေးထားရတော့ မီးမှန်စေချင်တယ်” လို့ပုလောမြို့ခံတစ်ဦးကပြောပါတယ်။

ပုလောမြို့နယ်မှာ ဇူလိုင်လအတွက် လျှပ်စစ်မီတာခ တစ်ယူနစ်ဈေး ၁၀၄၀ ကျပ်ဖြစ်ပြီး တနင်္သာရီမြို့နယ်မှာ ဇူလိုင်လအတွက် တစ်ယူနစ်ဈေး ၁၁၄၀ကျပ်ဖြစ်ပါတယ်။

ကုမ္မဏီဘက်ကတော့ ဒီအခြေအနေမျိုးမဖြစ်လာစေဖို့ အရင်ကတည်းက ဒီဇယ်ဆီတွေကြိုတင်သိုလှောင်ထားခဲ့ပေမယ့် အခုအခါမှာ ဒီဇယ်ဆီရရှိမှု အလျှင်မမီတော့လို့ အခုလိုဖြစ်သွားရတာလို့ဆိုပါတယ်။

ဒီဇယ်ဆီ ပုံမှန် ပြန်လည်ရရှိရင် ၂၄ နာရီပုံမှန်လျှပ်စစ်မီးပြန်လည်ဖြန့်ဖြူးပေးနိုင်အောင်ကြိုးစားသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

The Tanintharyi Times