Local News

Elite ကားကို ေတာ္လွန္ေရးအဖြဲ႕က ဘာေၾကာင့္ ဖမ္းဆီးထိန္းသိမ္းရတာလဲဆိုတာ..

Elite ကားကို ေတာ္လွန္ေရးအဖြဲ႕က ဘာေၾကာင့္ ဖမ္းဆီးထိန္းသိမ္းရတာလဲ (အင္တာဗ်ဴး)

လူငယ့္ေခတ္

စစ္ကိုင္းတိုင္း၊ မုံ႐ြာ-ျမင္းမူလမ္းပိုင္း၌ ရန္ကုန္-မုံ႐ြာ အေဝးေျပး (Elite) ကားတစ္စီးကို ေတာ္လွန္ေရးအဖြဲ႕ တစ္ခုက ဩဂုတ္(၁၂)ရက္ေန႔တြင္ ဖမ္းဆီးထိန္းသိမ္းခဲ့သည္။ထို႔ေၾကာင့္ ဖမ္းဆီးထိန္းသိမ္းထားသည့္ ျပည္သူကာကြယ္ေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးကို လူငယ့္ေခတ္မွ ေမးျမန္းတင္ျပလိုက္သည္။လက္ရွိအခ်ိန္၌ အၾကမ္းဖက္စစ္တပ္က စစ္ေၾကာင္းထိုး ရွာေဖြေနသျဖင့္ ေတာ္လွန္ေရးအဖြဲ႕ ၏ အမည္ကို PDF ဟုသာ သုံးစြဲထားပါသည္။

LNK – ကားကို ဘာေၾကာင့္ ဖမ္းဆီးထိန္းသိမ္းမႈ လုပ္ခဲ့တာလည္းခင္ဗ်။

PDF – ဒီကားကိုဖမ္းထားတာမွန္ပါတယ္။ ဘာေၾကာင့္ဖမ္းရလဲဆိုရင္ ဒီကားဟာ လြန္ခဲ့တဲ့တစ္လေက်ာ္ကထဲက စစ္ေကာင္စီနဲ႔ပတ္သက္ၿပီးေတာ့ ေခြးေတြကင္းပုန္းဝတ္မယ့္ေနရာထိ သူတို႔ ေခၚလာေပးတယ္။ ေခြးေတြအတက္အဆင္းလုပ္တဲ့ေနရာေတြ ေတာ္ေတာ္မ်ားမ်ား ျပည္သူေတြက တိုင္ထားတာရွိတယ္။ အဲဒါေၾကာင့္ ဒီကားကို ကြၽန္ေတာ္တို႔မွ မဟုတ္ဘူး အျခားၿမိဳ႕နယ္ေတာ္ေတာ္မ်ားမ်ားက ေစာင့္ၾကည့္ေနတာၾကာပါၿပီ။ ဖမ္းႏိုင္ဖို႔အတြက္ ႀကိဳးစားေနတာလည္းၾကာပါၿပီ၊ ဖမ္းရတဲ့အေၾကာင္းရင္းက သက္ေသေတြ ခိုင္လုံေနတဲ့အတြက္ေၾကာင့္ဖမ္းရပါတယ္။ ကြၽန္ေတာ္တို႔ဖက္ေရာက္လာေတာ့ မိုင္းခြဲၿပီး ကားကိုဟန႔္တားလိုက္တယ္ ၿပီးေတာ့ ဖမ္းလိုက္တယ္။

LNK – ကားေပၚမွာ ခရီးသည္ေတြပါတယ္လို႔ သိရပါတယ္၊ သူတို႔အေျခအေနကေကာဗ်။

PDF – ခရီးသည္(၁၂)ေယာက္ပါတယ္။ အဲဒီ(၁၂)ေယာက္ကေတာ့ ညတြင္းခ်င္းျပန္လႊတ္ေပးမယ္။ ကြၽန္ေတာ္တို႔ဘာေၾကာင့္ဖမ္းရတဲ့ဆိုတဲ့အေၾကာင္းျပခ်က္ကို သိတဲ့အတြက္ေၾကာင့္ ကြၽန္ေတာ္တို႔ဆီမွာ လုံၿခဳံတယ္လို႔ခံစားရလို႔ ညအိပ္မယ္ဆိုၿပီးေနတာပါ။ ၿပီးေတာ့ မနက္က်ေတာ့ မိသားစုေတြလာေခၚတယ္။ ကနီ၊ မုံ႐ြာ၊ ယင္းမာပင္က ခရီးသည္ေတြပါ။ ရန္ကုန္လည္းပါတယ္။ ဆိုင္ရာဆိုင္ရာအဖြဲ႕ေတြက အာမခံေပးလို႔ သူတို႔သြားမယ့္ေနရာေတြကို ေဘးကင္းလုံၿခဳံစြာပို႔ေပးခဲ့တယ္။

ဒီမွာေနတဲ့ကာလမွာလည္း ကြၽန္ေတာ္တို႔က သူတို႔အတြက္ စိတ္အေႏွာင့္အယွက္မျဖစ္ေအာင္ထားခဲ့တယ္။ ဘာျဖစ္လိုလဲဆိုေတာ့ သူတို႔လည္း ဒါမ်ိဳးလုပ္တဲ့ဟာကိုသိတယ္ သတင္းေတာ့ရတယ္။ ဒါေပ့မယ္ မလႊဲမေရွာင္သာ သြားရမယ္အတြက္ေၾကာင့္မို႔ ဒီလိုမ်ိဳး ေ႐ြးခ်ယ္ရတဲ့ဆိုၿပီးေျပာၿပီးေတာ့ ပူးေပါင္းပါဝင္ခဲ့တယ္။ ျပည္သူေတြ တစ္ဦးတေယာက္မွ ထိခိုက္ဒဏ္ရာရျခင္းမ်ိဳး ကြၽန္ေတာ္တို႔ မလုပ္ခဲ့သလို ျပည္သူေတြကလည္း ကြၽန္ေတာ္တို႔အေပၚမွာ ေမတၱာစိတ္ပ်က္တာလည္းမရွိပါဘူး။

LNK – အဲကိစၥနဲ႔ပတ္သက္ၿပီး အၾကမ္းဖက္စစ္ေကာင္စီကလည္း ကားကိုလိုက္ရွာေနတယ္လို႔ၾကားပါတယ္။ ဘယ္လိုအေျခအေနေတြရွိေနလဲခင္ဗ်။

PDF – အဲဒါနဲ႔ပတ္သက္ၿပီးေတာ့ ကား(၂)စီးနဲ႔ စစ္ေခြးအင္အား (၅၀) ေလာက္ ျမင္းမူမွာ လိုက္ရွာတယ္။ ကားကိုလိုက္ရွာတယ္ ေဂြးပင္ေတာမွာရွာတယ္။ စစ္ေခြးေတြရဲ႕ သေဘာသဘာဝကိုၾကည့္မယ္ဆိုရင္ အၿမဲတမ္းျပည္သူေတြရဲ႕အိုးအိမ္ေတြကို မီးရႈိ႕ဖ်က္ဆီးတယ္။ စစ္ေဘးေရွာင္ေတြမွာလည္း မုဒိမ္းက်င့္ခံရတဲ့အမ်ိဳးသမီးေတြ အၿမဲပါတယ္။ ၿပီးလို႔ရွိရင္ သူတို႔ရဲ႕အက်ိဳးစီးပြားမပါဘူးဆိုရင္ ဘယ္သူကိုမွကာကြယ္ေပးတာမဟုတ္ဘူး။ ေနာက္တစ္ခုက ျပည္သူေတြဆို ဖမ္းခ်င္တိုင္းဖမ္း၊ သတ္ခ်င္တိုင္းသတ္ေနတဲ့ အဲလိုမ်ိဳးလုပ္ေနတဲ့သူေတြ စစ္ေခြးေတြက ဒီကားကိုလိုက္ရွာေပးေနတယ္ဆိုကထဲက ဒီကားက ဘယ္လိုကားလဲ ဘယ္လိုသက္ဆိုင္ေနလဲဆိုတာ သုံးသပ္လိုက္မယ္ဆိုရင္ အေျဖကရွင္းရွင္းေလးပါ။

LNK – အခု လူမႈကြန္ယက္စာမ်က္ႏွာမွာေဖာ္ျပေနတာေတြရွိတယ္၊ ကားကိုျပန္ေပးဆြဲလိုက္တယ္လို႔ ေျပာေနၾကတဲ့အေပၚေရာ ဘာေျပာခ်င္လဲခင္ဗ်ာ။

PDF – သတင္းေတြမွာေတြ႕ေနရာတာက ကားကိုျပန္ေပးဆြဲၿပီး ေျပာေနၾကတယ္။ အဲအဓိပၸါယ္က အႏုၾကမ္းစီးတယ္ ဓါးျပတိုက္တယ္ အဲသုံးခုလုံးက အဓိပၸါယ္က တူတူဘဲ။ အဲဒါက ဘာလို႔ဆိုရင္ ကြၽန္ေတာ္တို႔ ဘယ္သူေတြက ျပန္ေပးဆြဲတာလဲ။ ဘယ္သူေတြက ဓါးျပတိုက္တာလဲ၊ ေသေသခ်ာခ်ာျပန္ၿပီးေတာ့ ၾကည့္မယ္ဆိုရင္ သြယ္ဝိုက္တဲ့နည္းနဲ႔ ဒါက PDF ေတြ ရဲ႕ ပုံရိပ္ကိုဖ်က္ဆီးတယ္လို႔ ကြၽန္ေတာ္ျမင္တယ္။ စစ္ေခြးေတြ သေဘာသဘာဝကိုၾကည့္မယ္ဆိုရင္ အၿမဲတမ္းျပည္သူေတြရဲ႕အိုးအိမ္ေတြကို မီးရႈိ႕ဖ်က္ဆီးတယ္။
ၿပီးလို႔ရွိရင္ သူတို႔ရဲ႕အက်ိဳးစီးပြားမပါဘူးဆိုရင္ ဘယ္သူကိုမွကာကြယ္ေပးတာမဟုတ္ဘူး၊

ကားေပ်ာက္လို႔လိုက္ရွာၿပီး ျပန္ေပးဆြဲတယ္လို႔သုံးႏႈန္းလိုက္တာကို ၾကည့္မယ္ဆိုရင္ စစ္တပ္ဘက္ကလိုက္ၿပီး PDF ေတြရဲ႕ ပုံရိပ္ကို ဖ်က္ဆီးတယ္လို႔ ကြၽန္ေတာ္က ျမင္တယ္။ အမွန္က အဲလိုေရးရမွာ မဟုတ္ဘူး။ အဓိပၸါယ္က တိုင္းျပည္ကိုဖ်က္ဆီးေနတဲ့စစ္ေကာင္စီနဲ႔ပတ္သက္ေနတဲ့လူေတြက စစ္ေကာင္စီကို အားေပးအားေျမႇာက္လုပ္ၿပီး သူတို႔ အက်ိဳးစီးပြားအတြက္ျဖည့္ဆည္းေပးေနတဲ့ သူေတြ အဲလိုလူမ်ိဳးေတြနဲ႔ပတ္သက္တဲ့ ပစၥည္းေတြ ကားေတြဘဲျဖစ္ျဖစ္ လူေတြဘဲျဖစ္ျဖစ္ အဲဒါမ်ိဳးေတြကို အႏုၾကမ္းစီးတယ္ ဓါးျပတိုက္တယ္လို႔ သုံးႏႈန္းမယ့္အစား သူတို႔နဲ႔ပတ္သက္သက္ဆိုင္ေနတဲ့အရာေတြကို ကာကြယ္ေရးအဖြဲ႕မ်ားက ဖမ္းဆီးထိန္းသိမ္းလိုက္ေၾကာင္း ေရးလိုက္မယ္ဆိုရင္ ပိုၿပီးေတာ့ ဂုဏ္သိကၡာရွိမယ္လို ကြၽန္ေတာ္ထင္တယ္။

အႏုၾကမ္းစီးတာမဟုတ္ဘူး စစ္ေကာင္စီနဲ႔ပတ္သက္ေနတဲ့အရာမို႔လို႔ ကာကြယ္ေရးအဖြဲ႕ေတြက ဖမ္းဆီးထိန္းသိမ္းလိုက္တယ္၊ ဘာျဖစ္လိုလဲဆိုေတာ့ NUG ကလည္း စစ္ကားေတြကိုဖမ္းဆီးမယ္ဆိုၿပီး ခ်မွတ္ထားတာေတြရွိတယ္။ စစ္ေကာင္စီနဲ႔ပတ္သက္တဲ့ဟာေတြကို ဖမ္းလည္းဖမ္းခိုင္းတာရွိတယ္။ ဒါေတာ့ တရားဝင္ပါ။ အဲဒါေတြကို အႏုၾကမ္းစီးပါတယ္ ဓါးျပတိုက္ပါတယ္လို႔ ေျပာလို႔ရမလား မရဘူး။ အဲလိုမ်ိဳးဘဲ စစ္ေကာင္စီနဲ႔ပတ္သက္တဲ့ဟာေတြကို ဖမ္းဆီးဖို႔ခြင့္ျပဳထားတဲ့အတြက္ေၾကာင့္မို႔ ဒီလိုမ်ိဴဟာေတြကို ဖမ္းဆီးတယ္ဆိုတာက အႏုၾကမ္းစီးတာမဟုတ္ဘူး။

သူတို႔သုံးေနတဲ့အသုံးအႏႈန္းေတြက လြဲမွားေနၿပီးေတာ့ သူတို႔ကိုယ္တိုင္ဘယ္ဖက္ကိုပါေနလဲဆိုတာ ျပန္ၿပီးသုံးသပ္ေပးေစလိုပါတယ္။ စစ္ေကာင္စီနဲ႔ပတ္သက္တဲ့အခ်က္ေတြရွိတာေၾကာင့္ ဖမ္းဆီးတာပါ။ ခရီးသည္ေတြပါတယ္ဆိုတဲ့ေနရာမွာ ကားကိုပဲဖမ္းတာ၊ ခရီးသည္ေတြနဲ႔လုံးဝမသက္ဆိုင္ပါဘူး။ ခရီးသည္ေတြထိခိုက္ဖို အႏၲရာယ္ျပဳဖိုအတြက္လည္း မရည္႐ြယ္ပါဘူး။ PDF ေတြလည္းဆႏၵမရွိပါဘူး။ အဲဒါနဲ႔ပတ္သက္လို႔ ခရီးသည္အားလုံးအႏၲရာယ္မရွိပါဘူး။ အသက္ေဘးလည္းမရွိပါဘူး သူတိုမိသားစုေတြဆီ အခ်ိန္မီျပန္ေရာက္သြားပါၿပီ။

LNK – ျဖည့္စြက္ ေျပာခ်င္တာရွိရင္ေျပာေပးပါအုံးခင္ဗ်။

PDF – ကြၽန္ေတာ္တိုဖမ္းဆီးလိုက္တဲ့ကားလိုင္းက Elite ကားပါ။ သူရေ႐ႊမန္းသားပိုင္တဲ့ ဧရာေ႐ႊဝါလုပ္ငန္းစုပိုင္တဲ့ လုပ္ငန္းခြဲထဲက တစ္ခုပါ။ ဒီကားက ျပည္သူ႔အိုးအိမ္စည္းစိမ္ကို ျပာပုံပဲရွိေတာ့တယ္ဆိုတဲ့ ဘဝကိုေရာက္ေအာင္ ျပဳလုပ္ေနတဲ့ စစ္ကိုင္းတိုင္းထဲက ျပည္သူ႔အိမ္ေတြ၊ မုဒိမ္းက်င့္ဖ်က္ဆီးေနတဲ့ စစ္ေကာင္စီတပ္သားေတြကို ကာကြယ္ေပးဖို ကင္းပုန္းခ်ေပးေပးဖိုအတြက္ လုပ္ေဆာင္ေနတဲ့ ကားပါ ၊ ဒါေတြကို ခပ္စိတ္စိတ္လုပ္ေဆာင္လာတဲ့အတြက္ ျပည္သူ႔ကာကြယ္ေရးအဖြဲေတြက ဖမ္းဆီးလိုက္ျခင္းျဖစ္ပါတယ္။ စစ္ေကာင္စီနဲ႔ပတ္သက္တဲ့အခ်က္ေတြရွိတာေၾကာင့္ဖမ္းဆီးတာပါ။

ကားကိုပဲဖမ္းတာ၊ ခရီးသည္ေတြနဲ႔ လုံးဝမသက္ဆိုင္ပါဘူး ခရီးသည္ေတြထိခိုက္ဖို အႏၲရာယ္ျပဳဖို႔အတြက္လည္း မရည္႐ြယ္ပါဘူး။ PDF ေတြလည္း ဆႏၵမရွိပါဘူး အဲဒါနဲ႔ပတ္သက္လို ခရီးသည္အားလုံးအႏၲရာယ္မရွိပါဘူး။ အသက္ေဘးလည္းမရွိပါဘူး သူတိုမိသားစုေတြဆီ အခ်ိန္မီျပန္ေရာက္သြားပါၿပီ၊ ျပည္သူေတြကို လမ္းခရီးေႏွာင့္ေႏွးေစလို႔ အခက္ေတြ႕ေစမိလို႔ စိုးရိမ္ေစခဲ့မိလို႔ ကြၽန္ေတာ္တို႔ေတာင္းပန္ပါတယ္။ ျပည္သူေတြကိုလည္း ကာကြယ္ေရးအဖြဲမ်ားေတာင္းပန္ထားပါတယ္။ ကားကေတာ့ ပါဝင္ပတ္သက္ေနတဲ့အတြက္ေၾကာင့္ ကားႏွင့္သက္ဆိုင္သူေတြကိုေတာ့ စစ္ေဆးေမးျမန္းေနဆဲပါပဲ။ သူတိုလည္း အသက္အႏၲရာယ္ မရွိပါဘူးခင္ဗ်ာ။

LNK – ခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးပါခင္ဗ်။

Lungekhit

Elite ကားကို တော်လှန်ရေးအဖွဲ့က ဘာကြောင့် ဖမ်းဆီးထိန်းသိမ်းရတာလဲ (အင်တာဗျူး)

လူငယ့်ခေတ်

စစ်ကိုင်းတိုင်း၊ မုံရွာ-မြင်းမူလမ်းပိုင်း၌ ရန်ကုန်-မုံရွာ အဝေးပြေး (Elite) ကားတစ်စီးကို တော်လှန်ရေးအဖွဲ့ တစ်ခုက ဩဂုတ်(၁၂)ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ထို့ကြောင့် ဖမ်းဆီးထိန်းသိမ်းထားသည့် ပြည်သူကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကို လူငယ့်ခေတ်မှ မေးမြန်းတင်ပြလိုက်သည်။လက်ရှိအချိန်၌ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုး ရှာဖွေနေသဖြင့် တော်လှန်ရေးအဖွဲ့ ၏ အမည်ကို PDF ဟုသာ သုံးစွဲထားပါသည်။

LNK – ကားကို ဘာကြောင့် ဖမ်းဆီးထိန်းသိမ်းမှု လုပ်ခဲ့တာလည်းခင်ဗျ။

PDF – ဒီကားကိုဖမ်းထားတာမှန်ပါတယ်။ ဘာကြောင့်ဖမ်းရလဲဆိုရင် ဒီကားဟာ လွန်ခဲ့တဲ့တစ်လကျော်ကထဲက စစ်ကောင်စီနဲ့ပတ်သက်ပြီးတော့ ခွေးတွေကင်းပုန်းဝတ်မယ့်နေရာထိ သူတို့ ခေါ်လာပေးတယ်။ ခွေးတွေအတက်အဆင်းလုပ်တဲ့နေရာတွေ တော်တော်များများ ပြည်သူတွေက တိုင်ထားတာရှိတယ်။ အဲဒါကြောင့် ဒီကားကို ကျွန်တော်တို့မှ မဟုတ်ဘူး အခြားမြို့နယ်တော်တော်များများက စောင့်ကြည့်နေတာကြာပါပြီ။ ဖမ်းနိုင်ဖို့အတွက် ကြိုးစားနေတာလည်းကြာပါပြီ၊ ဖမ်းရတဲ့အကြောင်းရင်းက သက်သေတွေ ခိုင်လုံနေတဲ့အတွက်ကြောင့်ဖမ်းရပါတယ်။ ကျွန်တော်တို့ဖက်ရောက်လာတော့ မိုင်းခွဲပြီး ကားကိုဟန့်တားလိုက်တယ် ပြီးတော့ ဖမ်းလိုက်တယ်။

LNK – ကားပေါ်မှာ ခရီးသည်တွေပါတယ်လို့ သိရပါတယ်၊ သူတို့အခြေအနေကကောဗျ။

PDF – ခရီးသည်(၁၂)ယောက်ပါတယ်။ အဲဒီ(၁၂)ယောက်ကတော့ ညတွင်းချင်းပြန်လွှတ်ပေးမယ်။ ကျွန်တော်တို့ဘာကြောင့်ဖမ်းရတဲ့ဆိုတဲ့အကြောင်းပြချက်ကို သိတဲ့အတွက်ကြောင့် ကျွန်တော်တို့ဆီမှာ လုံခြုံတယ်လို့ခံစားရလို့ ညအိပ်မယ်ဆိုပြီးနေတာပါ။ ပြီးတော့ မနက်ကျတော့ မိသားစုတွေလာခေါ်တယ်။ ကနီ၊ မုံရွာ၊ ယင်းမာပင်က ခရီးသည်တွေပါ။ ရန်ကုန်လည်းပါတယ်။ ဆိုင်ရာဆိုင်ရာအဖွဲ့တွေက အာမခံပေးလို့ သူတို့သွားမယ့်နေရာတွေကို ဘေးကင်းလုံခြုံစွာပို့ပေးခဲ့တယ်။

ဒီမှာနေတဲ့ကာလမှာလည်း ကျွန်တော်တို့က သူတို့အတွက် စိတ်အနှောင့်အယှက်မဖြစ်အောင်ထားခဲ့တယ်။ ဘာဖြစ်လိုလဲဆိုတော့ သူတို့လည်း ဒါမျိုးလုပ်တဲ့ဟာကိုသိတယ် သတင်းတော့ရတယ်။ ဒါပေ့မယ် မလွှဲမရှောင်သာ သွားရမယ်အတွက်ကြောင့်မို့ ဒီလိုမျိုး ရွေးချယ်ရတဲ့ဆိုပြီးပြောပြီးတော့ ပူးပေါင်းပါဝင်ခဲ့တယ်။ ပြည်သူတွေ တစ်ဦးတယောက်မှ ထိခိုက်ဒဏ်ရာရခြင်းမျိုး ကျွန်တော်တို့ မလုပ်ခဲ့သလို ပြည်သူတွေကလည်း ကျွန်တော်တို့အပေါ်မှာ မေတ္တာစိတ်ပျက်တာလည်းမရှိပါဘူး။

LNK – အဲကိစ္စနဲ့ပတ်သက်ပြီး အကြမ်းဖက်စစ်ကောင်စီကလည်း ကားကိုလိုက်ရှာနေတယ်လို့ကြားပါတယ်။ ဘယ်လိုအခြေအနေတွေရှိနေလဲခင်ဗျ။

PDF – အဲဒါနဲ့ပတ်သက်ပြီးတော့ ကား(၂)စီးနဲ့ စစ်ခွေးအင်အား (၅၀) လောက် မြင်းမူမှာ လိုက်ရှာတယ်။ ကားကိုလိုက်ရှာတယ် ဂွေးပင်တောမှာရှာတယ်။ စစ်ခွေးတွေရဲ့ သဘောသဘာဝကိုကြည့်မယ်ဆိုရင် အမြဲတမ်းပြည်သူတွေရဲ့အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးတယ်။ စစ်ဘေးရှောင်တွေမှာလည်း မုဒိမ်းကျင့်ခံရတဲ့အမျိုးသမီးတွေ အမြဲပါတယ်။ ပြီးလို့ရှိရင် သူတို့ရဲ့အကျိုးစီးပွားမပါဘူးဆိုရင် ဘယ်သူကိုမှကာကွယ်ပေးတာမဟုတ်ဘူး။ နောက်တစ်ခုက ပြည်သူတွေဆို ဖမ်းချင်တိုင်းဖမ်း၊ သတ်ချင်တိုင်းသတ်နေတဲ့ အဲလိုမျိုးလုပ်နေတဲ့သူတွေ စစ်ခွေးတွေက ဒီကားကိုလိုက်ရှာပေးနေတယ်ဆိုကထဲက ဒီကားက ဘယ်လိုကားလဲ ဘယ်လိုသက်ဆိုင်နေလဲဆိုတာ သုံးသပ်လိုက်မယ်ဆိုရင် အဖြေကရှင်းရှင်းလေးပါ။

LNK – အခု လူမှုကွန်ယက်စာမျက်နှာမှာဖော်ပြနေတာတွေရှိတယ်၊ ကားကိုပြန်ပေးဆွဲလိုက်တယ်လို့ ပြောနေကြတဲ့အပေါ်ရော ဘာပြောချင်လဲခင်ဗျာ။

PDF – သတင်းတွေမှာတွေ့နေရာတာက ကားကိုပြန်ပေးဆွဲပြီး ပြောနေကြတယ်။ အဲအဓိပ္ပါယ်က အနုကြမ်းစီးတယ် ဓါးပြတိုက်တယ် အဲသုံးခုလုံးက အဓိပ္ပါယ်က တူတူဘဲ။ အဲဒါက ဘာလို့ဆိုရင် ကျွန်တော်တို့ ဘယ်သူတွေက ပြန်ပေးဆွဲတာလဲ။ ဘယ်သူတွေက ဓါးပြတိုက်တာလဲ၊ သေသေချာချာပြန်ပြီးတော့ ကြည့်မယ်ဆိုရင် သွယ်ဝိုက်တဲ့နည်းနဲ့ ဒါက PDF တွေ ရဲ့ ပုံရိပ်ကိုဖျက်ဆီးတယ်လို့ ကျွန်တော်မြင်တယ်။ စစ်ခွေးတွေ သဘောသဘာဝကိုကြည့်မယ်ဆိုရင် အမြဲတမ်းပြည်သူတွေရဲ့အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးတယ်။
ပြီးလို့ရှိရင် သူတို့ရဲ့အကျိုးစီးပွားမပါဘူးဆိုရင် ဘယ်သူကိုမှကာကွယ်ပေးတာမဟုတ်ဘူး၊

ကားပျောက်လို့လိုက်ရှာပြီး ပြန်ပေးဆွဲတယ်လို့သုံးနှုန်းလိုက်တာကို ကြည့်မယ်ဆိုရင် စစ်တပ်ဘက်ကလိုက်ပြီး PDF တွေရဲ့ ပုံရိပ်ကို ဖျက်ဆီးတယ်လို့ ကျွန်တော်က မြင်တယ်။ အမှန်က အဲလိုရေးရမှာ မဟုတ်ဘူး။ အဓိပ္ပါယ်က တိုင်းပြည်ကိုဖျက်ဆီးနေတဲ့စစ်ကောင်စီနဲ့ပတ်သက်နေတဲ့လူတွေက စစ်ကောင်စီကို အားပေးအားမြှောက်လုပ်ပြီး သူတို့ အကျိုးစီးပွားအတွက်ဖြည့်ဆည်းပေးနေတဲ့ သူတွေ အဲလိုလူမျိုးတွေနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ ကားတွေဘဲဖြစ်ဖြစ် လူတွေဘဲဖြစ်ဖြစ် အဲဒါမျိုးတွေကို အနုကြမ်းစီးတယ် ဓါးပြတိုက်တယ်လို့ သုံးနှုန်းမယ့်အစား သူတို့နဲ့ပတ်သက်သက်ဆိုင်နေတဲ့အရာတွေကို ကာကွယ်ရေးအဖွဲ့များက ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ရေးလိုက်မယ်ဆိုရင် ပိုပြီးတော့ ဂုဏ်သိက္ခာရှိမယ်လို ကျွန်တော်ထင်တယ်။

အနုကြမ်းစီးတာမဟုတ်ဘူး စစ်ကောင်စီနဲ့ပတ်သက်နေတဲ့အရာမို့လို့ ကာကွယ်ရေးအဖွဲ့တွေက ဖမ်းဆီးထိန်းသိမ်းလိုက်တယ်၊ ဘာဖြစ်လိုလဲဆိုတော့ NUG ကလည်း စစ်ကားတွေကိုဖမ်းဆီးမယ်ဆိုပြီး ချမှတ်ထားတာတွေရှိတယ်။ စစ်ကောင်စီနဲ့ပတ်သက်တဲ့ဟာတွေကို ဖမ်းလည်းဖမ်းခိုင်းတာရှိတယ်။ ဒါတော့ တရားဝင်ပါ။ အဲဒါတွေကို အနုကြမ်းစီးပါတယ် ဓါးပြတိုက်ပါတယ်လို့ ပြောလို့ရမလား မရဘူး။ အဲလိုမျိုးဘဲ စစ်ကောင်စီနဲ့ပတ်သက်တဲ့ဟာတွေကို ဖမ်းဆီးဖို့ခွင့်ပြုထားတဲ့အတွက်ကြောင့်မို့ ဒီလိုမျိူဟာတွေကို ဖမ်းဆီးတယ်ဆိုတာက အနုကြမ်းစီးတာမဟုတ်ဘူး။

သူတို့သုံးနေတဲ့အသုံးအနှုန်းတွေက လွဲမှားနေပြီးတော့ သူတို့ကိုယ်တိုင်ဘယ်ဖက်ကိုပါနေလဲဆိုတာ ပြန်ပြီးသုံးသပ်ပေးစေလိုပါတယ်။ စစ်ကောင်စီနဲ့ပတ်သက်တဲ့အချက်တွေရှိတာကြောင့် ဖမ်းဆီးတာပါ။ ခရီးသည်တွေပါတယ်ဆိုတဲ့နေရာမှာ ကားကိုပဲဖမ်းတာ၊ ခရီးသည်တွေနဲ့လုံးဝမသက်ဆိုင်ပါဘူး။ ခရီးသည်တွေထိခိုက်ဖို အန္တရာယ်ပြုဖိုအတွက်လည်း မရည်ရွယ်ပါဘူး။ PDF တွေလည်းဆန္ဒမရှိပါဘူး။ အဲဒါနဲ့ပတ်သက်လို့ ခရီးသည်အားလုံးအန္တရာယ်မရှိပါဘူး။ အသက်ဘေးလည်းမရှိပါဘူး သူတိုမိသားစုတွေဆီ အချိန်မီပြန်ရောက်သွားပါပြီ။

LNK – ဖြည့်စွက် ပြောချင်တာရှိရင်ပြောပေးပါအုံးခင်ဗျ။

PDF – ကျွန်တော်တိုဖမ်းဆီးလိုက်တဲ့ကားလိုင်းက Elite ကားပါ။ သူရရွှေမန်းသားပိုင်တဲ့ ဧရာရွှေဝါလုပ်ငန်းစုပိုင်တဲ့ လုပ်ငန်းခွဲထဲက တစ်ခုပါ။ ဒီကားက ပြည်သူ့အိုးအိမ်စည်းစိမ်ကို ပြာပုံပဲရှိတော့တယ်ဆိုတဲ့ ဘဝကိုရောက်အောင် ပြုလုပ်နေတဲ့ စစ်ကိုင်းတိုင်းထဲက ပြည်သူ့အိမ်တွေ၊ မုဒိမ်းကျင့်ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ကာကွယ်ပေးဖို ကင်းပုန်းချပေးပေးဖိုအတွက် လုပ်ဆောင်နေတဲ့ ကားပါ ၊ ဒါတွေကို ခပ်စိတ်စိတ်လုပ်ဆောင်လာတဲ့အတွက် ပြည်သူ့ကာကွယ်ရေးအဖွဲတွေက ဖမ်းဆီးလိုက်ခြင်းဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ပတ်သက်တဲ့အချက်တွေရှိတာကြောင့်ဖမ်းဆီးတာပါ။

ကားကိုပဲဖမ်းတာ၊ ခရီးသည်တွေနဲ့ လုံးဝမသက်ဆိုင်ပါဘူး ခရီးသည်တွေထိခိုက်ဖို အန္တရာယ်ပြုဖို့အတွက်လည်း မရည်ရွယ်ပါဘူး။ PDF တွေလည်း ဆန္ဒမရှိပါဘူး အဲဒါနဲ့ပတ်သက်လို ခရီးသည်အားလုံးအန္တရာယ်မရှိပါဘူး။ အသက်ဘေးလည်းမရှိပါဘူး သူတိုမိသားစုတွေဆီ အချိန်မီပြန်ရောက်သွားပါပြီ၊ ပြည်သူတွေကို လမ်းခရီးနှောင့်နှေးစေလို့ အခက်တွေ့စေမိလို့ စိုးရိမ်စေခဲ့မိလို့ ကျွန်တော်တို့တောင်းပန်ပါတယ်။ ပြည်သူတွေကိုလည်း ကာကွယ်ရေးအဖွဲများတောင်းပန်ထားပါတယ်။ ကားကတော့ ပါဝင်ပတ်သက်နေတဲ့အတွက်ကြောင့် ကားနှင့်သက်ဆိုင်သူတွေကိုတော့ စစ်ဆေးမေးမြန်းနေဆဲပါပဲ။ သူတိုလည်း အသက်အန္တရာယ် မရှိပါဘူးခင်ဗျာ။

LNK – ခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးပါခင်ဗျ။

Lungekhit