င႐ုတ္သီးအေျခာက္ေတာင့္တစ္ပိႆ က်ပ္ႏွစ္ေသာင္းဝန္းက်င္အထိ စံခ်ိန္တင္ ျမင့္တက္ေန
မင္းခ/ဧရာဝတီတိုင္းမ္
(ဧရာဝတီ)၊ ဩဂုတ္လ ၁၄ ရက္
ဧရာဝတီတိုင္းမွာ င႐ုတ္သီးအေျခာက္ေတာင့္တစ္ပိႆလွ်င္ က်ပ္ႏွစ္ေသာင္းဝန္းက်င္အထိ စံခ်ိန္တက္ျမင့္တက္ေနေၾကာင္း ပုသိမ္ၿမိဳ႕ခံအခ်ိဳ႕ထံမွ သိရပါတယ္။
စိုက္ပ်ိဳးေရးသြင္းအားစုမ်ား ၄ ဆေက်ာ္ ေစ်းတက္ေနတာေၾကာင့္ င႐ုတ္စိုက္ေတာင္သူအမ်ားစု စိုက္ပ်ိဳးဧကေလ်ာ့ခ်စိုက္ပ်ိဳးတာေၾကာင့္ င႐ုတ္အထြက္ႏႈန္းနည္းၿပီး င႐ုတ္သီးအေျခာက္ေတာင့္ တပိႆလွ်င္ က်ပ္ ၁၈၀၀၀ – ၁၉၀၀၀ အထိေစ်းေပါက္ေနတယ္လို႔ မအူပင္ၿမိဳ႕ခံ င႐ုတ္သီးေရာင္းခ်သူအခ်ိဳ႕က ဆိုပါတယ္။
” င႐ုတ္တစ္ပိႆ တစ္ေသာင္းရွစ္ေထာင္၊ေသာင္းကိုးေထာင္ ၂ ေသာင္းနီးပါးအထိေပးဝယ္ေနရတယ္။ အရင္ကဆို ႏွစ္ေထာင္၊သုံးေထာင္ဝန္းက်င္ပဲ။ င႐ုတ္အထြက္ကနည္းေတာ့ ပြဲ႐ုံေတြမွာေလွာင္ထားတဲ့ င႐ုတ္ကို သူတို႔ေစ်းေခၚၿပီးႀကိဳက္သလိုေရာင္းေနတာ” လို႔ ပုသိမ္ၿမိဳ႕ခံ င႐ုတ္သီးအေျခာက္ေတာင့္ေရာင္းခ်သူတစ္ဦးက ဧရာဝတီတိုင္းမ္ကို ေျပာပါတယ္။
စစ္အာဏာမသိမ္းမွီက င႐ုတ္အေျခာက္ေတာင့္တစ္ပိႆလွ်င္ က်ပ္ ၂၀၀၀ – ၃၀၀၀ သာေပါက္ေစ်းရွိခဲ့ေသာ္လည္း စစ္အာဏာသိမ္းၿပီးေနာက္ ယခုႏွစ္မတ္လအတြင္းကစတင္ကာ တစ္ပိႆလွ်င္ က်ပ္ ၈၀၀၀ဝန္းက်င္အထိ ေစ်းတက္ခဲ့ၿပီး လက္ရွိတြင္ က်ပ္ ႏွစ္ေသာင္းဝန္းက်င္အထိ ေစ်းတက္ေနတာျဖစ္ပါတယ္။
အလားတူ အေျခခံစားေသာက္ကုန္မ်ားျဖစ္ၾကသည့္ ဆန္၊ဆီ၊ၾကက္သြန္ႏွင့္ င႐ုတ္ေစ်းႏႈန္းမ်ား စစ္အာဏာမသိမ္းခင္ကထက္ အဆမတန္ ျမင့္တက္လာတာေၾကာင့္ လက္လုပ္လက္စား အေျခခံလူတန္းစားမ်ား စားဝတ္ေနေရးၾကပ္တည္းလာတယ္လို႔ ပုသိမ္၊ ဟသၤာတ၊ မအူပင္ ၿမိဳ႕ခံအခ်ိဳ႕ရဲ႕ ေျပာဆိုခ်က္ေတြအရ သိရပါတယ္။
Ayeyarwaddy_Times
ငရုတ်သီးအခြောက်တောင့်တစ်ပိဿ ကျပ်နှစ်သောင်းဝန်းကျင်အထိ စံချိန်တင် မြင့်တက်နေ
မင်းခ/ဧရာဝတီတိုင်းမ်
(ဧရာဝတီ)၊ ဩဂုတ်လ ၁၄ ရက်
ဧရာဝတီတိုင်းမှာ ငရုတ်သီးအခြောက်တောင့်တစ်ပိဿလျှင် ကျပ်နှစ်သောင်းဝန်းကျင်အထိ စံချိန်တက်မြင့်တက်နေကြောင်း ပုသိမ်မြို့ခံအချို့ထံမှ သိရပါတယ်။
စိုက်ပျိုးရေးသွင်းအားစုများ ၄ ဆကျော် ဈေးတက်နေတာကြောင့် ငရုတ်စိုက်တောင်သူအများစု စိုက်ပျိုးဧကလျော့ချစိုက်ပျိုးတာကြောင့် ငရုတ်အထွက်နှုန်းနည်းပြီး ငရုတ်သီးအခြောက်တောင့် တပိဿလျှင် ကျပ် ၁၈၀၀၀ – ၁၉၀၀၀ အထိဈေးပေါက်နေတယ်လို့ မအူပင်မြို့ခံ ငရုတ်သီးရောင်းချသူအချို့က ဆိုပါတယ်။
” ငရုတ်တစ်ပိဿ တစ်သောင်းရှစ်ထောင်၊သောင်းကိုးထောင် ၂ သောင်းနီးပါးအထိပေးဝယ်နေရတယ်။ အရင်ကဆို နှစ်ထောင်၊သုံးထောင်ဝန်းကျင်ပဲ။ ငရုတ်အထွက်ကနည်းတော့ ပွဲရုံတွေမှာလှောင်ထားတဲ့ ငရုတ်ကို သူတို့ဈေးခေါ်ပြီးကြိုက်သလိုရောင်းနေတာ” လို့ ပုသိမ်မြို့ခံ ငရုတ်သီးအခြောက်တောင့်ရောင်းချသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်အာဏာမသိမ်းမှီက ငရုတ်အခြောက်တောင့်တစ်ပိဿလျှင် ကျပ် ၂၀၀၀ – ၃၀၀၀ သာပေါက်ဈေးရှိခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက် ယခုနှစ်မတ်လအတွင်းကစတင်ကာ တစ်ပိဿလျှင် ကျပ် ၈၀၀၀ဝန်းကျင်အထိ ဈေးတက်ခဲ့ပြီး လက်ရှိတွင် ကျပ် နှစ်သောင်းဝန်းကျင်အထိ ဈေးတက်နေတာဖြစ်ပါတယ်။
အလားတူ အခြေခံစားသောက်ကုန်များဖြစ်ကြသည့် ဆန်၊ဆီ၊ကြက်သွန်နှင့် ငရုတ်ဈေးနှုန်းများ စစ်အာဏာမသိမ်းခင်ကထက် အဆမတန် မြင့်တက်လာတာကြောင့် လက်လုပ်လက်စား အခြေခံလူတန်းစားများ စားဝတ်နေရေးကြပ်တည်းလာတယ်လို့ ပုသိမ်၊ ဟင်္သာတ၊ မအူပင် မြို့ခံအချို့ရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
Ayeyarwaddy_Times