Local News

“ ဆရာကြီး သာပြော ရေ ကျွန်တော်တော့ မောင်သာဆိုး နဲ့ တွေ့ဖူးပြီ” လို့ ပြောပြချင်တယ်

သာေျပာ လုပ္လြဲ

တစ္ေန႔က အေမဂ်မ္း အေၾကာင္းေရးရင္းနဲ႔ တပ္မေတာ္သား ဘ၀ မွာ ဆုံခဲ့ဖူးတဲ့ လုပ္ေဖာ္ကိုင္ ဘက္ေတြကို အေၾကာင္း စဥ္းစားမိတယ္။ တပ္မေတာ္သားဘ၀ ဆိုတာက တပ္ရင္း တပ္ဖြဲ႕ အမ်ိဳး မ်ိဳး မွာ ေ႐ႊ႕ေျပာင္းတာဝန္ထမ္းေဆာင္ရတာဆိုေတာ့ လူအမ်ိဳးမ်ိဳး စိတ္အေထြေထြ နဲ႔ ႀကဳံရတာပဲ။ ေနာက္ၿပီး တပ္ရင္းအဆင့္မွာဆိုတာက လုပ္ငန္းသေဘာသဘာဝအရ အတူေန ၊ အတူစား၊ အတူ သြား၊ အတူအိပ္ ရတဲ့အခ်ိန္က ပိုမ်ားေတာ့ တစ္ေယာက္အေၾကာင္းတစ္ေယာက္ ပိုသိၾကတာေပါ့။

ဒါ့ေၾကာင့္ ကိုယ့္အထက္အရာရွိေတြထဲမွာေရာ၊ လက္ေအာက္တပ္ဖြဲ႕ဝင္ေတြထဲမွာေရာ၊ အဆင့္တူ လုပ္ေဖာ္ကိုင္ဘက္ေတြထဲမွာပါ နမူနာယူေလးစားေလာက္တဲ့ သူမ်ားနဲ႔ ႀကဳံခဲ့ဖူးသလို တာဝန္အရ သာ တြဲလုပ္ရေပမယ့္ ကိုယ္ေပါင္း စိတ္ခြာေနခဲ့ရသူေတြနဲ႔လည္း ႀကဳံခဲ့ဖူးတယ္။ ၿပဳံးစရာ အမူ အက်င့္ရွိသူေတြနဲ႔ လက္တြဲခဲ့ရသလို ျပန္မေျပာခ်င္ေလာက္ေအာင္ စိတ္ပ်က္စရာ အမူ အက်င့္ ရွိသူေတြနဲ႔ လည္း တြဲခဲ့ရဖူးတယ္။

တစ္ခါမွာေတာ့ ကြၽန္ေတာ္ဟာ အသစ္ဖြဲ႕စည္းစ တပ္ရင္းတစ္ခုမွာ တာဝန္ထမ္းေဆာင္ရတယ္။ အသစ္ဖြဲ႕စည္းတာျဖစ္တဲ့အတြက္ တပ္ရင္း တပ္ဖြဲ႕ အသီးသီးက အရာရွိေတြ၊ ရဲေဘာ္ေတြ တပ္ရင္း အသစ္မွာလာစုၾကတာေပါ့။တပ္ရင္း တည္ေထာင္စဆိုေတာ့ စစ္ဆင္ေရး ၊ လုံၿခဳံေရး တာဝန္ေတြ မထမ္းေဆာင္ရ ေသးဘူး။ တပ္ရင္းတည္ေဆာက္ေရးအတြက္ပဲ လုပ္ေနတဲ့အခ်ိန္ပါ။

အဲဒီမွာ အရာရွိ စစ္သည္အမ်ားစုက အခုမွ စေတြ႕ၾကတာဆိုေတာ့ ကိုယ့္အေၾကာင္း သူမသိ၊ သူ႔ အေၾကာင္း ကိုယ္မသိ၊လုပ္ရင္းကိုင္ရင္းနဲ႔လက္ေအာက္ကလည္းအထက္ကို ၊ အထက္ကလည္း လက္ေအာက္ ကို အကဲျဖတ္ရတာေပါ့။

တစ္ခ်ိဳ႕သူေတြကေတာ့ အရင္တပ္ရင္းတုန္းက အျဖစ္အပ်က္ေတြကို ဖုံးထားၿပီး ေျခာက္ျပစ္ ကင္း သဲလဲစင္ ပုံစံ ဖမ္းေနတာလည္းရွိတယ္။ ဒါေပမယ့္ မၾကာပါဘူး၊ အဲဒီတပ္ရင္းက ထပ္ေျပာင္း လာတဲ့ စစ္သည္ေတြေရာက္လာၿပီး ဖုံးထားသမ ွ် ေပၚသြားတာလည္း ရွိတယ္။ တစ္ခ်ိဳ႕ကေတာ့ အရင္ တပ္ရင္းက ရလာတဲ့ ေကာင္းတဲ့အေတြ႕အႀကဳံေတြကို တပ္ရင္းအသစ္မွာ အသုံးခ်ႏိုင္ေအာင္ စိတ္ ေကာင္းေစတနာနဲ႔ ႀကိဳးစားတာလည္း ရွိတယ္။ အမ်ိဳးမ်ိဳး အဖုံဖုံပါပဲ။

အဲဒီတပ္ရင္းမွာ ထူးထူးျခားျခား စကားအလြန္ေျပာတဲ့ တပ္ၾကပ္ႀကီးတစ္ေယာက္နဲ႔ ႀကဳံခဲ့ဖူးတယ္။ သူ စကားေျပာတာကေတာ့ လက္ေအာက္ စစ္သည္ေတြတင္ မဟုတ္ဘူး၊အထက္အရာရွိေတြပါ ဆလံသရတယ္။ ဆရာႀကီးက တပ္ၾကပ္ႀကီး ဆိုေတာ့ သူ႔တပ္စု တင္မကဘူး၊ တာဝန္ၾကပ္ႀကီး တာဝန္ယူရတဲ့ေနဆိုရင္ အျခားတပ္ခြဲက စစ္သည္ေတြကိုပါ အလုပ္တာဝန္ခြဲတာ၊ တပ္ရင္း အတြင္း လွည့္လည္ စစ္ေဆးစီမံခန႔္ခြဲတာေတြလုပ္ရတာေပါ့။ ဒီေတာ့ သူ႔စကားဒဏ္ကို သူ႔တပ္စု၊ သူ႔တပ္ ခြဲတင္မဟုတ္ဘူး၊ တပ္ရင္းတစ္ရင္းလုံးခံရေတာ့တာပဲ။

ဆရာႀကီးက စကားေျပာရတာ ဝါသနာအလြန္ႀကီးေတာ့ စကားေျပာဖို႔ အခြင့္အေရးရရင္ မရပ္ ေတာ့ဘူး။ သူ႔ေရွ႕မွာ ရဲေဘာ္ေတြကို တန္းစီၿပီးၿပီဆိုတာနဲ႔ စပ္မိစပ္ရာ အကုန္ေျပာေတာ့တာပဲ။ တစ္ခါ တစ္ေလ သူက တဆင့္ အထက္အရာရွိကို တန္းအပ္ရမွာ
ျဖစ္ေပမယ့္ သူေျပာခ်င္တာေတြ ေျပာေနတာနဲ႔ တန္းအပ္တဲ့ အဆင့္ကို မေရာက္ေတာ့ဘူး။ ေနာက္ဆုံး ေစာင့္ေနတဲ့ အရာရွိက “ ကဲ ဆရာႀကီး ရပါၿပီ၊ တန္းအပ္ပါေတာ့၊ လုပ္စရာရွိတာ ဆက္လုပ္ရေအာင္ ” ဆိုၿပီး ေျပာမွ ဆရာႀကီး မိန႔္ခြန္းအဆုံးသတ္ေတာ့တယ္။

ဆရာႀကီး စကားေၾကာရွည္ပုံကေတာ့ ရဲေဘာ္ေတြၾကားမွာ ေျပာစမွတ္တြင္တယ္။ တစ္ခါက သင္ တန္းသြားမယ့္ ရဲေဘာ္ေတြကို တန္းစီၿပီး မွာလိုက္တာ ရထားပါ လြတ္သြားတယ္။ တာဝန္ၾကပ္ႀကီး အေနနဲ႔ လိုင္းခန္းေတြ လိုက္ၾကည့္ရင္း ေတြ႕တဲ့ အိမ္ေထာင္သည္အမ်ိဳးသမီးေတြကို ရပ္စကား ေျပာလိုက္တာ ထမင္းအိုးေတာင္ပ်က္သတဲ့။

တကယ္ေတာ့ စကားမ်ားတဲ့သူတိုင္း စိတ္ပ်က္စရာေကာင္းတာေတာ့မဟုတ္ဘူး။
အေတြ႕အႀကဳံ ၊ ဗဟုသုတ ႂကြယ္ဝတဲ့သူေတြဆိုရင္ေတာ့ ဘယ္ေလာက္ေျပာေျပာ နားေထာင္လို႔ မၿငီးဘူးေပါ့။ ဒါေပ မယ့္ ခက္တာက ကြၽန္ေတာ္တို႔ ဆရာႀကီးက အဲဒီလို အေတြ႕အႀကဳံ ဗဟုသုတ ရွိသူလည္း မဟုတ္ ျပန္ဘူး။ ဖတ္ဖူးတဲ့ မွတ္ဖူးတဲ့ စာတိုေပစေလးေတြ၊ မျပည့္မစုံ အေတြ႕အႀကဳံေလးေတြကိုပဲ အႀကိမ္ ႀကိမ္ ျပန္ေျပာေနတာ။ ရဲေဘာ္ေတြက နားေထာင္ရတာမ်ားလာေတာ့ ဆရာႀကီး စကားစလိုက္ တာနဲ႔ ဘာၿပီးရင္ ဘာေျပာေတာ့မယ္ဆိုတာ အလြတ္ေတာင္ရေနၿပီ။

ေနာက္ၿပီး နည္းနည္းသိတဲ့သူက လုံးလုံးမသိတဲ့သူထက္ အႏၲရာယ္ႀကီးတယ္ ဆိုတာ အမွန္ပဲ။ ဆရာႀကီး ကို ဦးေဆာင္ၿပီး လုပ္ခိုင္းလိုက္တိုင္း လြဲတာမ်ားတယ္။ အထက္အရာရွိက ၫႊန္ၾကား လိုက္တာက တစ္မ်ိဳး၊ ဆရာႀကီးက ဒါမ်ိဳးဆိုတာက ဒီလိုလုပ္ရတာ၊ ငါသိတာေပါ့ ဆိုၿပီး ေအာက္ကို ဆက္ခိုင္းလိုက္ရင္ တစ္လြဲျဖစ္ၿပီး အစက ျပန္လုပ္ရတာမ်ားတယ္။ ၾကာေတာ့ ရဲေဘာ္ေတြက ဆရာ ႀကီး တစ္ခုခု ခိုင္းၿပီးဆိုရင္ “ ခဏေစာင့္ဦး၊ ဗိုလ္ႀကီးလာရင္ ဘာေျပာဦး၊ ဘာျပင္ဦးမလဲ မသိဘူး” ဆိုၿပီး ေယာင္ေပေပနဲ႔ အခ်ိန္ဆြဲေနတာမ်ားတယ္။

ဆရာႀကီးကေတာ့ ကိုယ့္အေၾကာင္း ကိုယ္သိပုံမရ၊ ဒါမွမဟုတ္ သိေပမယ့္ မသိဟန္ေဆာင္ၿပီး ေန သလား မေျပာတတ္ဘူး။ ထင္ရာျမင္ရာ ေျပာ ၊ အလြဲလြဲအေခ်ာ္ေခ်ာ္ လုပ္တာကို မျပင္ဘူး။ ဒီလို နဲ႔ ေနာက္ဆုံးေတာ့ ရဲေဘာ္ေတြက ဆရာႀကီးကို “ အေျပာကေတာ့ သာပါရဲ႕၊ အလုပ္မျဖစ္ဘူး” ဆိုတဲ့ သေဘာနဲ႔ “ သာေျပာ ၊လုပ္လြဲ” ဆိုၿပီး ကင္ပြန္းတပ္လိုက္တယ္။ အတိုေကာက္ကေတာ့ “ ဆရာ ႀကီး သာေျပာ” ေပါ့။ ေနာက္ေတာ့ ကြၽန္ေတာ္တို႔ကပါ ဆရာႀကီး သာေျပာ ဆိုတာကို အသိအမွတ္ ျပဳၿပီး “ ဆရာႀကီး သာေျပာ နဲ႔ လုပ္မွာဟ၊ ေသေသခ်ာခ်ာလိုက္ၾကည့္ဦး” ဆိုၿပီး အခ်င္းခ်င္း သတိ ေပးရတာမ်ိဳးျဖစ္လာတယ္။

ကြၽန္ေတာ္ အဲဒီတပ္ရင္းက ေျပာင္းလာၿပီးေနာက္ပိုင္းမွာ ဆရာႀကီး သာေျပာ နဲ႔ မေတြ႕ေတာ့ ဘူး။ ဒါေပမယ့္ အခုတစ္ေလာ သူ႔ကို ပဲ သတိရေနမိတယ္။ တစ္ခ်ိန္ကေတာ့ ဆရာႀကီးကို ေျပာင္ စရာ ေနာက္စရာ အျဖစ္ သေဘာထားခဲ့ေပမယ့္ ဘဝမွာ သူလို လူစား အမ်ားႀကီး ႀကဳံခဲ့ၿပီးတဲ့ ေနာက္ ဆရာႀကီးကို အျပစ္မျမင္ေတာ့ဘူး။ ဒါ့ေၾကာင့္ အခုအခ်ိန္မ်ား ဆရာႀကီးနဲ႔ ျပန္ေတြ႕ရင္ “ ဆရာႀကီး သာေျပာ ေရ၊ ဆရာႀကီးက ဘာဟုတ္ေသးလို႔တုန္း၊ ကြၽန္ေတာ္ေတာ့ ေမာင္သာဆိုး နဲ႔ ေတြ႕ဖူးၿပီ” လို႔ ေျပာျပခ်င္တယ္။

Ye Htut

သာပြော လုပ်လွဲ

တစ်နေ့က အမေဂျမ်း အကြောင်းရေးရင်းနဲ့ တပ်မတော်သား ဘ၀ မှာ ဆုံခဲ့ဖူးတဲ့ လုပ်ဖော်ကိုင် ဘက်တွေကို အကြောင်း စဉ်းစားမိတယ်။ တပ်မတော်သားဘ၀ ဆိုတာက တပ်ရင်း တပ်ဖွဲ့ အမျိုး မျိုး မှာ ရွှေ့ပြောင်းတာဝန်ထမ်းဆောင်ရတာဆိုတော့ လူအမျိုးမျိုး စိတ်အထွေထွေ နဲ့ ကြုံရတာပဲ။ နောက်ပြီး တပ်ရင်းအဆင့်မှာဆိုတာက လုပ်ငန်းသဘောသဘာဝအရ အတူနေ ၊ အတူစား၊ အတူ သွား၊ အတူအိပ် ရတဲ့အချိန်က ပိုများတော့ တစ်ယောက်အကြောင်းတစ်ယောက် ပိုသိကြတာပေါ့။

ဒါ့ကြောင့် ကိုယ့်အထက်အရာရှိတွေထဲမှာရော၊ လက်အောက်တပ်ဖွဲ့ဝင်တွေထဲမှာရော၊ အဆင့်တူ လုပ်ဖော်ကိုင်ဘက်တွေထဲမှာပါ နမူနာယူလေးစားလောက်တဲ့ သူများနဲ့ ကြုံခဲ့ဖူးသလို တာဝန်အရ သာ တွဲလုပ်ရပေမယ့် ကိုယ်ပေါင်း စိတ်ခွာနေခဲ့ရသူတွေနဲ့လည်း ကြုံခဲ့ဖူးတယ်။ ပြုံးစရာ အမူ အကျင့်ရှိသူတွေနဲ့ လက်တွဲခဲ့ရသလို ပြန်မပြောချင်လောက်အောင် စိတ်ပျက်စရာ အမူ အကျင့် ရှိသူတွေနဲ့ လည်း တွဲခဲ့ရဖူးတယ်။

တစ်ခါမှာတော့ ကျွန်တော်ဟာ အသစ်ဖွဲ့စည်းစ တပ်ရင်းတစ်ခုမှာ တာဝန်ထမ်းဆောင်ရတယ်။ အသစ်ဖွဲ့စည်းတာဖြစ်တဲ့အတွက် တပ်ရင်း တပ်ဖွဲ့ အသီးသီးက အရာရှိတွေ၊ ရဲဘော်တွေ တပ်ရင်း အသစ်မှာလာစုကြတာပေါ့။တပ်ရင်း တည်ထောင်စဆိုတော့ စစ်ဆင်ရေး ၊ လုံခြုံရေး တာဝန်တွေ မထမ်းဆောင်ရ သေးဘူး။ တပ်ရင်းတည်ဆောက်ရေးအတွက်ပဲ လုပ်နေတဲ့အချိန်ပါ။

အဲဒီမှာ အရာရှိ စစ်သည်အများစုက အခုမှ စတွေ့ကြတာဆိုတော့ ကိုယ့်အကြောင်း သူမသိ၊ သူ့ အကြောင်း ကိုယ်မသိ၊လုပ်ရင်းကိုင်ရင်းနဲ့လက်အောက်ကလည်းအထက်ကို ၊ အထက်ကလည်း လက်အောက် ကို အကဲဖြတ်ရတာပေါ့။

တစ်ချို့သူတွေကတော့ အရင်တပ်ရင်းတုန်းက အဖြစ်အပျက်တွေကို ဖုံးထားပြီး ခြောက်ပြစ် ကင်း သဲလဲစင် ပုံစံ ဖမ်းနေတာလည်းရှိတယ်။ ဒါပေမယ့် မကြာပါဘူး၊ အဲဒီတပ်ရင်းက ထပ်ပြောင်း လာတဲ့ စစ်သည်တွေရောက်လာပြီး ဖုံးထားသမ ျှ ပေါ်သွားတာလည်း ရှိတယ်။ တစ်ချို့ကတော့ အရင် တပ်ရင်းက ရလာတဲ့ ကောင်းတဲ့အတွေ့အကြုံတွေကို တပ်ရင်းအသစ်မှာ အသုံးချနိုင်အောင် စိတ် ကောင်းစေတနာနဲ့ ကြိုးစားတာလည်း ရှိတယ်။ အမျိုးမျိုး အဖုံဖုံပါပဲ။

အဲဒီတပ်ရင်းမှာ ထူးထူးခြားခြား စကားအလွန်ပြောတဲ့ တပ်ကြပ်ကြီးတစ်ယောက်နဲ့ ကြုံခဲ့ဖူးတယ်။ သူ စကားပြောတာကတော့ လက်အောက် စစ်သည်တွေတင် မဟုတ်ဘူး၊အထက်အရာရှိတွေပါ ဆလံသရတယ်။ ဆရာကြီးက တပ်ကြပ်ကြီး ဆိုတော့ သူ့တပ်စု တင်မကဘူး၊ တာဝန်ကြပ်ကြီး တာဝန်ယူရတဲ့နေဆိုရင် အခြားတပ်ခွဲက စစ်သည်တွေကိုပါ အလုပ်တာဝန်ခွဲတာ၊ တပ်ရင်း အတွင်း လှည့်လည် စစ်ဆေးစီမံခန့်ခွဲတာတွေလုပ်ရတာပေါ့။ ဒီတော့ သူ့စကားဒဏ်ကို သူ့တပ်စု၊ သူ့တပ် ခွဲတင်မဟုတ်ဘူး၊ တပ်ရင်းတစ်ရင်းလုံးခံရတော့တာပဲ။

ဆရာကြီးက စကားပြောရတာ ဝါသနာအလွန်ကြီးတော့ စကားပြောဖို့ အခွင့်အရေးရရင် မရပ် တော့ဘူး။ သူ့ရှေ့မှာ ရဲဘော်တွေကို တန်းစီပြီးပြီဆိုတာနဲ့ စပ်မိစပ်ရာ အကုန်ပြောတော့တာပဲ။ တစ်ခါ တစ်လေ သူက တဆင့် အထက်အရာရှိကို တန်းအပ်ရမှာ
ဖြစ်ပေမယ့် သူပြောချင်တာတွေ ပြောနေတာနဲ့ တန်းအပ်တဲ့ အဆင့်ကို မရောက်တော့ဘူး။ နောက်ဆုံး စောင့်နေတဲ့ အရာရှိက “ ကဲ ဆရာကြီး ရပါပြီ၊ တန်းအပ်ပါတော့၊ လုပ်စရာရှိတာ ဆက်လုပ်ရအောင် ” ဆိုပြီး ပြောမှ ဆရာကြီး မိန့်ခွန်းအဆုံးသတ်တော့တယ်။

ဆရာကြီး စကားကြောရှည်ပုံကတော့ ရဲဘော်တွေကြားမှာ ပြောစမှတ်တွင်တယ်။ တစ်ခါက သင် တန်းသွားမယ့် ရဲဘော်တွေကို တန်းစီပြီး မှာလိုက်တာ ရထားပါ လွတ်သွားတယ်။ တာဝန်ကြပ်ကြီး အနေနဲ့ လိုင်းခန်းတွေ လိုက်ကြည့်ရင်း တွေ့တဲ့ အိမ်ထောင်သည်အမျိုးသမီးတွေကို ရပ်စကား ပြောလိုက်တာ ထမင်းအိုးတောင်ပျက်သတဲ့။

တကယ်တော့ စကားများတဲ့သူတိုင်း စိတ်ပျက်စရာကောင်းတာတော့မဟုတ်ဘူး။
အတွေ့အကြုံ ၊ ဗဟုသုတ ကြွယ်ဝတဲ့သူတွေဆိုရင်တော့ ဘယ်လောက်ပြောပြော နားထောင်လို့ မငြီးဘူးပေါ့။ ဒါပေ မယ့် ခက်တာက ကျွန်တော်တို့ ဆရာကြီးက အဲဒီလို အတွေ့အကြုံ ဗဟုသုတ ရှိသူလည်း မဟုတ် ပြန်ဘူး။ ဖတ်ဖူးတဲ့ မှတ်ဖူးတဲ့ စာတိုပေစလေးတွေ၊ မပြည့်မစုံ အတွေ့အကြုံလေးတွေကိုပဲ အကြိမ် ကြိမ် ပြန်ပြောနေတာ။ ရဲဘော်တွေက နားထောင်ရတာများလာတော့ ဆရာကြီး စကားစလိုက် တာနဲ့ ဘာပြီးရင် ဘာပြောတော့မယ်ဆိုတာ အလွတ်တောင်ရနေပြီ။

နောက်ပြီး နည်းနည်းသိတဲ့သူက လုံးလုံးမသိတဲ့သူထက် အန္တရာယ်ကြီးတယ် ဆိုတာ အမှန်ပဲ။ ဆရာကြီး ကို ဦးဆောင်ပြီး လုပ်ခိုင်းလိုက်တိုင်း လွဲတာများတယ်။ အထက်အရာရှိက ညွှန်ကြား လိုက်တာက တစ်မျိုး၊ ဆရာကြီးက ဒါမျိုးဆိုတာက ဒီလိုလုပ်ရတာ၊ ငါသိတာပေါ့ ဆိုပြီး အောက်ကို ဆက်ခိုင်းလိုက်ရင် တစ်လွဲဖြစ်ပြီး အစက ပြန်လုပ်ရတာများတယ်။ ကြာတော့ ရဲဘော်တွေက ဆရာ ကြီး တစ်ခုခု ခိုင်းပြီးဆိုရင် “ ခဏစောင့်ဦး၊ ဗိုလ်ကြီးလာရင် ဘာပြောဦး၊ ဘာပြင်ဦးမလဲ မသိဘူး” ဆိုပြီး ယောင်ပေပေနဲ့ အချိန်ဆွဲနေတာများတယ်။

ဆရာကြီးကတော့ ကိုယ့်အကြောင်း ကိုယ်သိပုံမရ၊ ဒါမှမဟုတ် သိပေမယ့် မသိဟန်ဆောင်ပြီး နေ သလား မပြောတတ်ဘူး။ ထင်ရာမြင်ရာ ပြော ၊ အလွဲလွဲအချော်ချော် လုပ်တာကို မပြင်ဘူး။ ဒီလို နဲ့ နောက်ဆုံးတော့ ရဲဘော်တွေက ဆရာကြီးကို “ အပြောကတော့ သာပါရဲ့၊ အလုပ်မဖြစ်ဘူး” ဆိုတဲ့ သဘောနဲ့ “ သာပြော ၊လုပ်လွဲ” ဆိုပြီး ကင်ပွန်းတပ်လိုက်တယ်။ အတိုကောက်ကတော့ “ ဆရာ ကြီး သာပြော” ပေါ့။ နောက်တော့ ကျွန်တော်တို့ကပါ ဆရာကြီး သာပြော ဆိုတာကို အသိအမှတ် ပြုပြီး “ ဆရာကြီး သာပြော နဲ့ လုပ်မှာဟ၊ သေသေချာချာလိုက်ကြည့်ဦး” ဆိုပြီး အချင်းချင်း သတိ ပေးရတာမျိုးဖြစ်လာတယ်။

ကျွန်တော် အဲဒီတပ်ရင်းက ပြောင်းလာပြီးနောက်ပိုင်းမှာ ဆရာကြီး သာပြော နဲ့ မတွေ့တော့ ဘူး။ ဒါပေမယ့် အခုတစ်လော သူ့ကို ပဲ သတိရနေမိတယ်။ တစ်ချိန်ကတော့ ဆရာကြီးကို ပြောင် စရာ နောက်စရာ အဖြစ် သဘောထားခဲ့ပေမယ့် ဘဝမှာ သူလို လူစား အများကြီး ကြုံခဲ့ပြီးတဲ့ နောက် ဆရာကြီးကို အပြစ်မမြင်တော့ဘူး။ ဒါ့ကြောင့် အခုအချိန်များ ဆရာကြီးနဲ့ ပြန်တွေ့ရင် “ ဆရာကြီး သာပြော ရေ၊ ဆရာကြီးက ဘာဟုတ်သေးလို့တုန်း၊ ကျွန်တော်တော့ မောင်သာဆိုး နဲ့ တွေ့ဖူးပြီ” လို့ ပြောပြချင်တယ်။

Ye Htut