Local News

ဒီလိုျဖစ္တဲ့လူေတြ ရန္ကုန္မွာဘယ္ေလာက္မ်ားေနၿပီလဲ

ဒီလိုျဖစ္တဲ့လူေတြ ရန္ကုန္မွာဘယ္ေလာက္မ်ားေနၿပီလဲ

YBS ေပၚကို သက္လတ္ပိုင္းလူငယ္တစ္ေယာက္ ေျပးတက္လာတယ္။ ခဏၾကာေတာ့ ယာဥ္ေမာင္းက ဘက္မွန္ကိုၾကည့္ၿပီးေအာ္ေျပာလိုက္တယ္။

” ေရွ႕က အက်ႌအနက္နဲ႔အကို ကားခမထည့္ရေသးဘူးေလ”ကားသမားရဲ႕ စကားသံအဆုံးမွာပဲ ” ကြၽန္ေတာ့္မွာ မပါေတာ့လို႔ပါ” လို႔ လူငယ္ကျပန္ေျပာလိုက္တယ္။

ကားေပၚမွာစကားသံေတြက တိတ္ဆိတ္သြားတယ္။ ကားသမားကလည္း ဘာမွဆက္မေျပာေတာ့ဘူး။ ကားကိုလည္းပုံမွန္ပဲဆက္ေမာင္းေနတယ္။

အေပၚက ကြန္ျပဳတာဆိုင္တစ္ဆိုင္ရဲ႕ တံဆိပ္နဲ႔ ေအာက္ကဂ်င္းေဘာင္းဘီအမည္းကို ဝတ္ထားတဲ့အသားျဖဴျဖဴလူငယ္က မိနစ္ႏွစ္ဆယ္ေက်ာ္ စီးၿပီးတဲ့အခ်ိန္မွာေတာ့ သူဆင္းရမယ့္မွတ္တိုင္ကို ေရာက္လာပါၿပီ။

” ကြၽန္ေတာ္ကားခမေပးခ်င္လို႔ မဟုတ္ပါဘူး။ ဖုန္းေရာ ပိုက္ဆံေရာ ခါးပိုက္ႏႈိက္ခံလိုက္ရလို႔ပါ” လို႔ လူငယ္က YBS ကားဆရာကို ေျပာလိုက္ပါတယ္။

” ေဆာရီးဗ်ာ။ မသိလို႔ေျပာလိုက္မိတာ။ ဘယ္ကားမွာအႏႈိက္ခံရတာလဲ”

” ဒီလိုင္းပဲ။ အလာတုန္းကအႏႈိက္ခံရတာ။ အခုအိမ္ျပန္ပိုက္ဆံယူတာ”

” ဒီလိုမွန္းသိ ကြၽန္ေတာ္ေအာ္မေတာင္းပါဘူးဗ်ာ။ အေျပာခံရတာလည္း စိတ္ထဲမထားပါနဲ႔”

” ရပါတယ္။ ဘာမွမျဖစ္ပါဘူး”

ဒီေန႔ႀကဳံခဲ့ရတဲ့အျဖစ္အပ်က္တစ္ခု။ ကားဆရာနဲ႔ ခရီးသည္ေျပာၾကားခ်က္။

Courtesy – Zaw Naing

ဒီလိုဖြစ်တဲ့လူတွေ ရန်ကုန်မှာဘယ်လောက်များနေပြီလဲ

YBS ပေါ်ကို သက်လတ်ပိုင်းလူငယ်တစ်ယောက် ပြေးတက်လာတယ်။ ခဏကြာတော့ ယာဉ်မောင်းက ဘက်မှန်ကိုကြည့်ပြီးအော်ပြောလိုက်တယ်။

” ရှေ့က အင်္ကျီအနက်နဲ့အကို ကားခမထည့်ရသေးဘူးလေ”ကားသမားရဲ့ စကားသံအဆုံးမှာပဲ ” ကျွန်တော့်မှာ မပါတော့လို့ပါ” လို့ လူငယ်ကပြန်ပြောလိုက်တယ်။

ကားပေါ်မှာစကားသံတွေက တိတ်ဆိတ်သွားတယ်။ ကားသမားကလည်း ဘာမှဆက်မပြောတော့ဘူး။ ကားကိုလည်းပုံမှန်ပဲဆက်မောင်းနေတယ်။

အပေါ်က ကွန်ပြုတာဆိုင်တစ်ဆိုင်ရဲ့ တံဆိပ်နဲ့ အောက်ကဂျင်းဘောင်းဘီအမည်းကို ဝတ်ထားတဲ့အသားဖြူဖြူလူငယ်က မိနစ်နှစ်ဆယ်ကျော် စီးပြီးတဲ့အချိန်မှာတော့ သူဆင်းရမယ့်မှတ်တိုင်ကို ရောက်လာပါပြီ။

” ကျွန်တော်ကားခမပေးချင်လို့ မဟုတ်ပါဘူး။ ဖုန်းရော ပိုက်ဆံရော ခါးပိုက်နှိုက်ခံလိုက်ရလို့ပါ” လို့ လူငယ်က YBS ကားဆရာကို ပြောလိုက်ပါတယ်။

” ဆောရီးဗျာ။ မသိလို့ပြောလိုက်မိတာ။ ဘယ်ကားမှာအနှိုက်ခံရတာလဲ”

” ဒီလိုင်းပဲ။ အလာတုန်းကအနှိုက်ခံရတာ။ အခုအိမ်ပြန်ပိုက်ဆံယူတာ”

” ဒီလိုမှန်းသိ ကျွန်တော်အော်မတောင်းပါဘူးဗျာ။ အပြောခံရတာလည်း စိတ်ထဲမထားပါနဲ့”

” ရပါတယ်။ ဘာမှမဖြစ်ပါဘူး”

ဒီနေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်တစ်ခု။ ကားဆရာနဲ့ ခရီးသည်ပြောကြားချက်။

Courtesy – Zaw Naing