Local News

မုံ႐ြာၿမိဳ႕ရွိ စစ္ေကာင္စီ၏ မအူဂိတ္စခန္းကို ေဒသကာကြယ္ေရးတပ္ဖြဲ႕မ်ား ေျပာက္က်ားဝင္ပစ္ရာ

မုံ႐ြာၿမိဳ႕ရွိ စစ္ေကာင္စီ၏ မအူဂိတ္စခန္းကို ေဒသကာကြယ္ေရးတပ္ဖြဲ႕မ်ား ေျပာက္က်ားဝင္ပစ္ရာ စစ္သား ၆ ဦးထက္မနည္းေသဆုံး

ရန္ကုန္၊ ဩဂုတ္ ၁၅

စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕နယ္၊ မုံ႐ြာ-မႏၲေလးကားလမ္းေပၚရွိ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕မ်ား တပ္စြဲရာ မအူဂိတ္စခန္းကို ေဒသကာကြယ္ေရးတပ္ဖြဲ႕မ်ားက ယေန႔ ဩဂုတ္လ ၁၅ ရက္ နံနက္ ၂ နာရီခန႔္တြင္ လက္နက္ႀကီး လက္နက္ငယ္မ်ားျဖင့္ ေျပာက္က်ားဝင္ေရာက္ပစ္ခတ္ရာ စစ္သား ၆ ဦးထက္မနည္းေသဆုံးေၾကာင္း သတင္းရရွိသည္။

“က်ေနာ္တို႔က အနီးကပ္ ဝင္ပစ္တာ၊ ၆ ဦးထက္မနည္းေသတယ္ဆိုတာ မ်က္ျမင္ေတြ႕ရတာ” ဟု Chindwin Attack Force တပ္ဖြဲ႕ဝင္ ၁ ဦးက ရန္ကုန္ေခတ္သစ္သို႔ ေျပာဆိုသည္။

၄၅ မိနစ္ဝန္းက်င္ အျပန္အလွန္ပစ္ခတ္မႈျဖစ္ၿပီး အၾကမ္းဖက္စစ္ေကာင္စီဘက္မွ ၄၀ မမ အပါအဝင္ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ျပန္လည္ပစ္ခတ္ခဲ့ေၾကာင္း ေဒသကာကြယ္ေရးတပ္ဖြဲ႕မ်ား အထိအခိုက္မရွိ ဆုတ္ခြာႏိုင္ခဲ့ေၾကာင္း သိရွိရသည္။

အဆိုပါ မအူဂိတ္စခန္းကို မုံ႐ြာခ႐ိုင္ျပည္သူကာကြယ္ေရးတပ္မေတာ္ Chindwin Attack Force တပ္ရင္း ၂၊ ၃၊ တပ္ရင္း ၄ ၏ အထူးကြန္မန္ဒိုတပ္ဖြဲ႕ Monywa The Boys၊ အထူးစုံစမ္းစစ္ဆင္ေရးအဖြဲ႕၊

Monywa Special ဒိတ္ဒိတ္ႀကဲ PDF ႏွင့္ အေနာက္ေျမာက္လြင္ျပင္ေတာ္လွန္ေရးအင္အားစု Northwest Plains Revolutionary Forces-NPRF တို႔ ပူးေပါင္းကာ ဝင္ေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။

မုံရွာမြို့ရှိ စစ်ကောင်စီ၏ မအူဂိတ်စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပြောက်ကျားဝင်ပစ်ရာ စစ်သား ၆ ဦးထက်မနည်းသေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးကားလမ်းပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲရာ မအူဂိတ်စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ ဩဂုတ်လ ၁၅ ရက် နံနက် ၂ နာရီခန့်တွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြောက်ကျားဝင်ရောက်ပစ်ခတ်ရာ စစ်သား ၆ ဦးထက်မနည်းသေဆုံးကြောင်း သတင်းရရှိသည်။

“ကျနော်တို့က အနီးကပ် ဝင်ပစ်တာ၊ ၆ ဦးထက်မနည်းသေတယ်ဆိုတာ မျက်မြင်တွေ့ရတာ” ဟု Chindwin Attack Force တပ်ဖွဲ့ဝင် ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

၄၅ မိနစ်ဝန်းကျင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ ၄၀ မမ အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မအူဂိတ်စခန်းကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် Chindwin Attack Force တပ်ရင်း ၂၊ ၃၊ တပ်ရင်း ၄ ၏ အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys၊ အထူးစုံစမ်းစစ်ဆင်ရေးအဖွဲ့၊

Monywa Special ဒိတ်ဒိတ်ကြဲ PDF နှင့် အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု Northwest Plains Revolutionary Forces-NPRF တို့ ပူးပေါင်းကာ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။