Local News

စစ္ကား ၂ စီး မိုင္းခြဲတိုက္ခိုက္ခံရမႈ ေၾကးနန္းစာေပါက္ၾကားသည္ဟုဆိုကာ ရဲ ၊ ေထြအုပ္ႏွင့္ ျပန္/ဆက္ ဝန္ထမ္း ၂၀ ဦးကို ဖမ္းဆီး

စစ္ကား ၂ စီး မိုင္းခြဲတိုက္ခိုက္ခံရမႈ ေၾကးနန္းစာေပါက္ၾကားသည္ဟုဆိုကာ ရဲ ၊ ေထြအုပ္ႏွင့္ ျပန္/ဆက္ ဝန္ထမ္း ၂၀ ဦးကို ဖမ္းဆီးစစ္ေဆးေန

ေႏြဦးေအာင္

(မဇၩိမ)။ ။ သင္တန္းဆင္းျပန္လာသည့္ စစ္ကားႏွစ္စီး မိုင္းခြဲတိုက္ခိုက္ရမႈ ေၾကးနန္းစာေပါက္ၾကား ျခင္းေၾကာင့္ စစ္ေကာင္စီက ဝမ္းတြင္းၿမိဳ႕နယ္ ရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ား၊ ေထြအုပ္ဝန္ထမ္းမ်ားႏွင့္ ျပန္/ဆက္ဝန္ထမ္း ၂၀ ဦးကို ဩဂုတ္လ ၁၄ ရက္ေန႔က ဖမ္းဆီးစစ္ေဆးေနေၾကာင္း သိရသည္။

“ ေခၚစစ္ေနတာဟုတ္တယ္။ တပ္က စစ္ေနတာ” ဟု ရဲတပ္ဖြဲႏွင့္နီးစပ္သူတစ္ဦးက မဇၩိမကိုေျပာသည္။မႏၲေလးတိုင္း၊ ဝမ္းတြင္းၿမိဳ႕နယ္၊ ဒိုင္ေဂါင္းကုန္း႐ြာေတာင္ဘက္အထြက္ ဘုရားစုေက်း႐ြာအနီး ရန္ကုန္-မႏၲေလးလမ္းေဟာင္းတြင္ ဩဂုတ္လ ၁၃ ရက္ေန႔က သံခ်ပ္ကာသင္တန္းဆင္း ၁၀၀ ေက်ာ္တင္ေဆာင္ လာသည့္ စစ္ကားႏွစ္စီး မိုင္းခြဲတိုက္ခိုက္ခံရမႈ ေၾကးနန္းစာေပါက္ၾကားသည္ဟုဆိုကာ ဖမ္းဆီးစစ္ေဆး ေနျခင္းျဖစ္သည္။

အဆိုပါ မိုင္းခြဲတိုက္ခိုက္ခံရမႈေၾကာင့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ေလးဦးေသဆုံးၿပီး ၁၂ ဦး ထိခိုက္ ဒဏ္ရာရရွိ ခဲ့ေၾကာင္း WTRF (Wundwin Township Revolution Force) အဖြဲ႕မွ သတင္းထုတ္ျပန္ထားၿပီး ျဖစ္သည္။

“ ေသတာမ်ားလို႔ အခုလို ဖမ္းဆီးစစ္ေဆးေနတာျဖစ္မယ္။ အစစ္ေဆးခံေနရသူေတြနဲ႔ မိသားစုေတြ ေတြ႕ ခြင့္မရဘူးၾကားတယ္” ဟု ေဒသခံတစ္ဦးက ေျပာသည္။

လက္ရွိတြင္ စစ္ေကာင္စီတပ္ဖြဲ႕သည္ မိုင္းခြဲတိုက္ခိုက္ခံရသည့္အနီးမွ ဒိုင္ေကာင္းကုန္းေက်း႐ြာ အေရွ႕ ဘက္ ႐ြာဦးေက်ာင္းတြင္ အင္အား ၅၀ ခန္႔ျဖင့္ တပ္စြဲထားၿပီး ေက်း႐ြာမ်ားအတြင္း အၾကမ္းဖက္ ဝင္ေရာက္ စစ္ေဆးမည္ကို ေဒသခံမ်ားစိုးရိမ္လွ်က္ရွိေၾကာင္း သိရသည္။

စာတည္း။ ။ ေစာေဖ

စာမူတည္းျဖတ္။ ။ ေစာေဖ

စစ်ကား ၂ စီး မိုင်းခွဲတိုက်ခိုက်ခံရမှု ကြေးနန်းစာပေါက်ကြားသည်ဟုဆိုကာ ရဲ ၊ ထွေအုပ်နှင့် ပြန်/ဆက် ဝန်ထမ်း ၂၀ ဦးကို ဖမ်းဆီးစစ်ဆေးနေ

နွေဦးအောင်

(မဇ္ဈိမ)။ ။ သင်တန်းဆင်းပြန်လာသည့် စစ်ကားနှစ်စီး မိုင်းခွဲတိုက်ခိုက်ရမှု ကြေးနန်းစာပေါက်ကြား ခြင်းကြောင့် စစ်ကောင်စီက ဝမ်းတွင်းမြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ထွေအုပ်ဝန်ထမ်းများနှင့် ပြန်/ဆက်ဝန်ထမ်း ၂၀ ဦးကို ဩဂုတ်လ ၁၄ ရက်နေ့က ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

“ ခေါ်စစ်နေတာဟုတ်တယ်။ တပ်က စစ်နေတာ” ဟု ရဲတပ်ဖွဲနှင့်နီးစပ်သူတစ်ဦးက မဇ္ဈိမကိုပြောသည်။မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ဒိုင်ဂေါင်းကုန်းရွာတောင်ဘက်အထွက် ဘုရားစုကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဩဂုတ်လ ၁၃ ရက်နေ့က သံချပ်ကာသင်တန်းဆင်း ၁၀၀ ကျော်တင်ဆောင် လာသည့် စစ်ကားနှစ်စီး မိုင်းခွဲတိုက်ခိုက်ခံရမှု ကြေးနန်းစာပေါက်ကြားသည်ဟုဆိုကာ ဖမ်းဆီးစစ်ဆေး နေခြင်းဖြစ်သည်။

အဆိုပါ မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးပြီး ၁၂ ဦး ထိခိုက် ဒဏ်ရာရရှိ ခဲ့ကြောင်း WTRF (Wundwin Township Revolution Force) အဖွဲ့မှ သတင်းထုတ်ပြန်ထားပြီး ဖြစ်သည်။

“ သေတာများလို့ အခုလို ဖမ်းဆီးစစ်ဆေးနေတာဖြစ်မယ်။ အစစ်ဆေးခံနေရသူတွေနဲ့ မိသားစုတွေ တွေ့ ခွင့်မရဘူးကြားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့သည် မိုင်းခွဲတိုက်ခိုက်ခံရသည့်အနီးမှ ဒိုင်ကောင်းကုန်းကျေးရွာ အရှေ့ ဘက် ရွာဦးကျောင်းတွင် အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားပြီး ကျေးရွာများအတွင်း အကြမ်းဖက် ဝင်ရောက် စစ်ဆေးမည်ကို ဒေသခံများစိုးရိမ်လျှက်ရှိကြောင်း သိရသည်။

စာတည်း။ ။ စောဖေ

စာမူတည်းဖြတ်။ ။ စောဖေ