မုံ႐ြာၿမိဳ႕အဝင္ စစ္ေဆးေရးဂိတ္ တိုက္ခိုက္ခံရ
ေအာင္ေဇယ် ၊အိုက္ေမာင္/People’s Spring
စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕အဝင္ မအူစစ္ေဆးေရးဂိတ္အား ယေန႔နံနက္အေစာပိုင္းက တပ္ရင္းတပ္ခြဲမ်ားပူးေပါင္းကာ ေျပာက္က်ားထိုးစစ္ဆင္တိုက္ခိုက္ခဲ့ရာ ထိခိုက္ေသဆုံးမႈမ်ားရွိေၾကာင္း Chindwin Attack Forceက သတင္းထုတ္ျပန္သည္။
ယေန႔ (ၾသဂုတ္၁၅ ရက္) နံနက္ ၂ နာရီဝန္းက်င္ကစတင္ကာ မုံ႐ြာၿမိဳ႕အဝင္ မအူစစ္ေဆးေရးဂိတ္ကို လက္နက္ႀကီးလက္နက္ငယ္မ်ားျဖင့္ ေျပာက္ က်ားထိုးစစ္ဆင္ခဲ့ေၾကာင္း Chindwin Attack Force၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။
၄၅ မိနစ္ေက်ာ္ အဆက္မျပတ္ ထိုးစစ္ဆင္မႈအတြင္း အၾကမ္းဖက္စစ္သား ေျခာက္ဦးေသဆုံးသည္ဟုဆိုၿပီး ေသဆုံးအေရအတြက္ စုံစမ္းေနသည္ဟုဆိုသည္။
အၾကမ္းဖက္စစ္ေကာင္စီတပ္ဘက္က (၄၀)မ မမ်ား၊ စက္လက္နက္မ်ား လက္နက္ငယ္မ်ားျဖင့္ ျပန္လည္ပစ္ခတ္ခဲ့ၿပီး ရဲေဘာ္မ်ား အထိအခိုက္မရွိဟု Chindwin Attack Forceက အသိေပးသည္။
ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး Chindwin Attack Force အဖြဲ႕ထံ ဆက္သြယ္ေမးျမန္းထားၿပီး ျပန္လည္ေျဖၾကားျခင္း မရွိေသးေပ။ ထိခိုက္ေသဆုံးမႈအေျခအေနႏွင့္ပတ္သက္၍ People’s Springက ထပ္မံအတည္ျပဳႏိုင္ျခင္းမရွိေသးေပ။
ထိုစစ္ဆင္ေရးအားမုံ႐ြာခ႐ိုင္ျပည္သူကာကြယ္ေရးတပ္မေတာ္ (Chindwin Attack Force) တပ္ရင္း (၂)၊တပ္ရင္း (၃)၊တပ္ရင္း ၄၊ အထူးကြန္မန္ဒိုတပ္ဖြဲ႕(Monywa The Boys)၊အထူးစုံစမ္းစစ္ဆင္ေရးအဖြဲ႕၊ တပ္ရင္း (၂)တပ္ခြဲ (၂)Monywa Special ဒိတ္ဒိတ္ႀကဲ PDF၊တပ္ရင္း (၂)တပ္ခြဲ -၃ အေနာက္ေျမာက္လြင္ျပင္ေတာ္လွန္ေရးအင္အားစု (Northwest Plains Revolutionary Forces-NPRF) စသည့္အဖြဲ႕မ်ား ပူးေပါင္းတိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ၎တို႔ကအသိေပးသည္။
႐ုပ္သံ- Chindwin Attack Force
မုံရွာမြို့အဝင် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ
အောင်ဇေယျ ၊အိုက်မောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် မအူစစ်ဆေးရေးဂိတ်အား ယနေ့နံနက်အစောပိုင်းက တပ်ရင်းတပ်ခွဲများပူးပေါင်းကာ ပြောက်ကျားထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း Chindwin Attack Forceက သတင်းထုတ်ပြန်သည်။
ယနေ့ (သြဂုတ်၁၅ ရက်) နံနက် ၂ နာရီဝန်းကျင်ကစတင်ကာ မုံရွာမြို့အဝင် မအူစစ်ဆေးရေးဂိတ်ကို လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြောက် ကျားထိုးစစ်ဆင်ခဲ့ကြောင်း Chindwin Attack Force၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
၄၅ မိနစ်ကျော် အဆက်မပြတ် ထိုးစစ်ဆင်မှုအတွင်း အကြမ်းဖက်စစ်သား ခြောက်ဦးသေဆုံးသည်ဟုဆိုပြီး သေဆုံးအရေအတွက် စုံစမ်းနေသည်ဟုဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က (၄၀)မ မများ၊ စက်လက်နက်များ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ရဲဘော်များ အထိအခိုက်မရှိဟု Chindwin Attack Forceက အသိပေးသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး Chindwin Attack Force အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ထိုစစ်ဆင်ရေးအားမုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၂)၊တပ်ရင်း (၃)၊တပ်ရင်း ၄၊ အထူးကွန်မန်ဒိုတပ်ဖွဲ့(Monywa The Boys)၊အထူးစုံစမ်းစစ်ဆင်ရေးအဖွဲ့၊ တပ်ရင်း (၂)တပ်ခွဲ (၂)Monywa Special ဒိတ်ဒိတ်ကြဲ PDF၊တပ်ရင်း (၂)တပ်ခွဲ -၃ အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု (Northwest Plains Revolutionary Forces-NPRF) စသည့်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ကအသိပေးသည်။
ရုပ်သံ- Chindwin Attack Force