Local News

ၿမိဳ႕ေပၚက ရဲစခန္းကိုေတာင္ ၀င္ေဆာ္ကုန္ၿပီေနာ္

ၿမိဳ႕ေပၚ ရဲစခန္းကို ဝင္ေရာက္ပစ္ခတ္မႈျဖစ္ပြားၿပီး အျပန္အလွန္ ပစ္ခတ္မႈျဖစ္

ရန္ကုန္၊ ဩဂုတ္ ၁၅

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕ေပၚရွိ ေကာ့ကရိတ္ ရဲစခန္းကို ယေန႔ နံနက္ပိုင္းတြင္ ဝင္ေရာက္ပစ္ခတ္မႈျဖစ္ပြားၿပီး အျပန္အလွန္ပစ္ခတ္မႈမ်ားျဖင့္ တိုက္ပြဲျဖစ္ပြားေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။

ဩဂုတ္လ ၁၅ ရက္ေန႔ နံနက္ ၁၀ နာရီခြဲ အခ်ိန္ ဝန္းက်င္ ေကာ့ကရိတ္ၿမိဳ႕ေပၚ ရဲစခန္းကို ဝင္ေရာက္ပစ္ခတ္ျခင္းျဖစ္ၿပီး အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားေၾကာင္း၊ ပစ္ခတ္မႈသည္ ၁၅ မိနစ္ဝန္းက်င္ ၾကာျမင့္ၿပီး လတ္တေလာ ၿငိမ္သက္ေနေၾကာင္း၊

စစ္တပ္က ေကာ့ကရိတ္ၿမိဳ႕ေပၚ ေတာင္ေပၚေက်ာင္းေနရာအပါအဝင္ ေနရာအႏွံ႔အျပားတြင္ လမ္းမ်ားပိတ္ဆို႔၍ တင္းတင္းက်ပ္က်ပ္ စစ္ေဆးမႈမ်ားလုပ္ေဆာင္ေနေၾကာင္း ေဒသခံတစ္ဦးက ေျပာဆိုသည္။

“ရဲစခန္းကို ဝင္ပစ္ၾကတာ။ ခုေတာ့ အသံတိတ္သြားၿပီ။ လက္နက္ႀကီး RPG ေတြနဲ႔ပါ ပစ္တယ္ေျပာတယ္” ဟု ေဒသခံတစ္ဦးက ေျပာဆိုသည္။

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕နယ္သည္ KNU ဩဇာ လႊမ္းမိုး ေဒသျဖစ္ၿပီး ၿမိဳ႕ေပၚမွ လြဲ၍ က်န္ေနရာမ်ားအားလုံးတြင္ KNLA က ထိန္းခ်ဳပ္ထားေသာ ေဒသလည္းျဖစ္သည္။

Photo- မြန္သတင္းေအဂ်င္စီ။

ကော့ကရိတ်မြို့ပေါ် ရဲစခန်းကို ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်

ရန်ကုန်၊ ဩဂုတ် ၁၅

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်ရှိ ကော့ကရိတ် ရဲစခန်းကို ယနေ့ နံနက်ပိုင်းတွင် ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားပြီး အပြန်အလှန်ပစ်ခတ်မှုများဖြင့် တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန် ဝန်းကျင် ကော့ကရိတ်မြို့ပေါ် ရဲစခန်းကို ဝင်ရောက်ပစ်ခတ်ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း၊ ပစ်ခတ်မှုသည် ၁၅ မိနစ်ဝန်းကျင် ကြာမြင့်ပြီး လတ်တလော ငြိမ်သက်နေကြောင်း၊

စစ်တပ်က ကော့ကရိတ်မြို့ပေါ် တောင်ပေါ်ကျောင်းနေရာအပါအဝင် နေရာအနှံ့အပြားတွင် လမ်းများပိတ်ဆို့၍ တင်းတင်းကျပ်ကျပ် စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

“ရဲစခန်းကို ဝင်ပစ်ကြတာ။ ခုတော့ အသံတိတ်သွားပြီ။ လက်နက်ကြီး RPG တွေနဲ့ပါ ပစ်တယ်ပြောတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်သည် KNU ဩဇာ လွှမ်းမိုး ဒေသဖြစ်ပြီး မြို့ပေါ်မှ လွဲ၍ ကျန်နေရာများအားလုံးတွင် KNLA က ထိန်းချုပ်ထားသော ဒေသလည်းဖြစ်သည်။

Photo- မွန်သတင်းအေဂျင်စီ။