Local News

နယ္ထိန္း ရဲတပ္ၾကပ္ႀကီး စိုးဝင္း ကား မိုင္းဆြဲခံရၿပီး ကားေပၚပါ ရဲအရာရွိ အပါအဝင္ ရဲ ၃ ဦးလုံး ေသဆုံး

ရန္ကုန္၊ ဩဂုတ္ ၁၅

မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္တြင္ မရမ္းေခ်ာင္နယ္ထိန္းရဲတပ္ၾကပ္ႀကီးစိုးဝင္း၏ ကားကို ေဒသေတာ္လွန္ေရး တပ္ဖြဲ႕က မိုင္းဆြဲတိုက္ခိုက္ရာ ကားေပၚပါ ရဲအရာရွိ အပါအဝင္ ရဲ ၃ ဦးစလုံး ေသဆုံးသြားေၾကာင္း ေဒသသတင္းရင္းျမစ္ Kyaikhto Revolution and Information Networkက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

ယေန႔ နံနက္ ၉ နာရီ ၀၈ အခ်ိန္က က်ိဳက္ထိုၿမိဳ႕နယ္၊ မရမ္းေခ်ာင္႐ြာအနီး မုပၸလင္ဘက္မွ က်ိဳက္ထိုဘက္သို႔ ဦးတည္လာေသာ မရမ္းေခ်ာင္နယ္ထိန္း ရဲတပ္ၾကပ္ႀကီး စိုးဝင္း ကားကို မိုင္းဆြဲတိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ၊ ကားေပၚပါ ရဲ ၃ ဦးစလုံး ေသဆုံးသြားေၾကာင္း သိရွိရသည္။

နယ္ထိန္း ရဲတပ္ၾကပ္ စိုးဝင္း၏ကားမွာ Toyota Wish အျဖဴေရာင္ျဖစ္ၿပီး ကားတြင္ နယ္ထိန္းရဲ စိုးဝင္း ၊ ရဲအရာရွိတစ္ေယာက္ ႏွင့္ ရဲတပ္သားတစ္ေယာက္ အတူပါလာေၾကာင္း၊ မိုင္းဆြဲမႈေၾကာင့္ ကားပ်က္စီးခဲ့ၿပီး ရဲ ၃ ဦးလုံး ေသဆုံးသြားေၾကာင္း သိရွိရသည္။

နယ်ထိန်း ရဲတပ်ကြပ်ကြီး စိုးဝင်း ကား မိုင်းဆွဲခံရပြီး ကားပေါ်ပါ ရဲအရာရှိ အပါအဝင် ရဲ ၃ ဦးလုံး သေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၅

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မရမ်းချောင်နယ်ထိန်းရဲတပ်ကြပ်ကြီးစိုးဝင်း၏ ကားကို ဒေသတော်လှန်ရေး တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ ကားပေါ်ပါ ရဲအရာရှိ အပါအဝင် ရဲ ၃ ဦးစလုံး သေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ် Kyaikhto Revolution and Information Networkက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နံနက် ၉ နာရီ ၀၈ အချိန်က ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ရွာအနီး မုပ္ပလင်ဘက်မှ ကျိုက်ထိုဘက်သို့ ဦးတည်လာသော မရမ်းချောင်နယ်ထိန်း ရဲတပ်ကြပ်ကြီး စိုးဝင်း ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ ကားပေါ်ပါ ရဲ ၃ ဦးစလုံး သေဆုံးသွားကြောင်း သိရှိရသည်။

နယ်ထိန်း ရဲတပ်ကြပ် စိုးဝင်း၏ကားမှာ Toyota Wish အဖြူရောင်ဖြစ်ပြီး ကားတွင် နယ်ထိန်းရဲ စိုးဝင်း ၊ ရဲအရာရှိတစ်ယောက် နှင့် ရဲတပ်သားတစ်ယောက် အတူပါလာကြောင်း၊ မိုင်းဆွဲမှုကြောင့် ကားပျက်စီးခဲ့ပြီး ရဲ ၃ ဦးလုံး သေဆုံးသွားကြောင်း သိရှိရသည်။