Local News


လူငယ့်ခေတ်

ဩဂုတ် ၁၅




လူငယ့်ခေတ်

ကော့ကရိတ်ကအကြမ်းဖက်စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေဝင်ပစ် (ရုပ်သံ)

လူငယ့်ခေတ်

ဩဂုတ် ၁၅

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့က အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ခရိုင်ရဲတပ်ဖွဲ့စခန်းနဲ့ မြို့လယ်က အုပ်ချုပ်ရေးရုံးတွေ ကို ဒီကနေ့ ဩဂုတ်လ ၁၅ရက် မနက်က တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

အခုတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ဘက်က သေဆုံးသူတွေ ရှိပြီး လက်နက်တွေသိမ်းမိတာကိုလဲ အခုရုပ်သံမှတ်တမ်းမှာ မြင်တွေ့ရပါတယ်။

တိုက်ပွဲပြီးတဲ့နောက် အကြမ်းဖက်စစ်တပ်က လုံခြုံရေးကို တင်းကြပ်ထားတယ်လို့ သိရပြီး အသေးစိတ်အချက်အလက်တွေကို လူငယ့်ခေတ်က စုံစမ်းနေပါတယ်။