Local News

စစ္ေကာင္စီတပ္စြဲေနရာမ်ားကို က်ားျဖဴစစ္ေၾကာင္းက

ေကာ့ကရိတ္ရဲစခန္းအပါအဝင္ ၿမိဳ႕ေပၚရွိ စစ္ေကာင္စီတပ္စြဲေနရာမ်ားကို က်ားျဖဴစစ္ေၾကာင္းက ဝင္ေရာက္တိုက္ခိုက္မႈ ရဲမႉး အပါအဝင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၁၂ ဦးေသဆုံး၊ ဥပေဒအရာရွိႏွင့္႐ုံးဝန္ထမ္း အရွင္ဖမ္းမိ၊ လက္နက္ ၆ လက္ သိမ္းဆည္းရမိ

ရန္ကုန္၊ ဩဂုတ္ ၁၅

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕ေပၚတြင္ ျဖစ္ပြားခဲ့ေသာ တိုက္ပြဲတြင္ အၾကမ္းဘက္စစ္ေကာင္စီတပ္မွ ရဲမႉးတစ္ဦးအပါအဝင္ ၁၂ ဦး ေသဆုံးခဲ့ၿပီး တရားဥပေဒအရာရွိႏွင့္ ႐ုံးလုပ္သားတစ္ဦးကို အရွင္ ဖမ္းမိခဲ့ေၾကာင္း၊ လက္နက္ ၆ လက္ ရရွိခဲ့ေၾကာင္း KNU က တရားဝင္ သတင္းထုတ္ျပန္သည္။

ကရင္ျပည္နယ္၊ေကာ့ကရိတ္ရဲစခန္းအပါအဝင္ ၿမိဳ႕ေပၚရွိ စစ္ေကာင္စီတပ္စြဲေနရာမ်ားကို က်ားျဖဴစစ္ေၾကာင္းက ဝင္ေရာက္တိုက္ခိုက္ရာ ရဲမႉး အပါအဝင္ ရဲႏွင့္စစ္ေကာင္စီတပ္ဖြဲ႕၁၂ ဦးေသဆုံးၿပီး လက္နက္မ်ား သိမ္းဆည္းရရွိမိေၾကာင္း သိရွိရသည္။

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕ေပၚရွိ ေကာ့ကရိတ္ ရဲစခန္းအပါအဝင္ စစ္တပ္ တပ္စြဲေနရာမ်ားကို ယေန႔ နံနက္ပိုင္းတြင္ ဝင္ေရာက္ပစ္ခတ္မႈျဖစ္ပြားၿပီး အျပန္ အလွန္ပစ္ခတ္မႈမ်ားျဖင့္ တိုက္ပြဲျဖစ္ပြားေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။

ဩဂုတ္လ ၁၅ ရက္ေန႔ နံနက္ ၁၀ နာရီခြဲ အခ်ိန္ ဝန္းက်င္ ေကာ့ကရိတ္ၿမိဳ႕ေပၚ ရဲစခန္းကို ဝင္ေရာက္ပစ္ခတ္ျခင္းျဖစ္ၿပီး အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားေၾကာင္း၊ ပစ္ခတ္မႈသည္ ၁၅ မိနစ္ဝန္းက်င္ ၾကာျမင့္ၿပီး လတ္တေလာ ၿငိမ္သက္ေနေၾကာင္း၊

စစ္တပ္က ေကာ့ကရိတ္ၿမိဳ႕ေပၚ ေတာင္ေပၚေက်ာင္းေနရာအပါအဝင္ ေနရာအႏွံ႔အျပားတြင္ လမ္းမ်ားပိတ္ဆို႔၍ တင္းတင္းက်ပ္က်ပ္ စစ္ေဆးမႈမ်ားလုပ္ေဆာင္ေနေၾကာင္း ေဒသခံတစ္ဦးက ေျပာဆိုသည္။

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕နယ္သည္ KNU ဩဇာ လႊမ္းမိုး ေဒသျဖစ္ၿပီး ၿမိဳ႕ေပၚမွ လြဲ၍ က်န္ေနရာမ်ားအားလုံးတြင္ KNLA က ထိန္းခ်ဳပ္ထားေသာ ေဒသလည္းျဖစ္သည္။

ကော့ကရိတ်ရဲစခန်းအပါအဝင် မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲနေရာများကို ကျားဖြူစစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်မှု ရဲမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံး၊ ဥပဒေအရာရှိနှင့်ရုံးဝန်ထမ်း အရှင်ဖမ်းမိ၊ လက်နက် ၆ လက် သိမ်းဆည်းရမိ

ရန်ကုန်၊ ဩဂုတ် ၁၅

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် အကြမ်းဘက်စစ်ကောင်စီတပ်မှ ရဲမှူးတစ်ဦးအပါအဝင် ၁၂ ဦး သေဆုံးခဲ့ပြီး တရားဥပဒေအရာရှိနှင့် ရုံးလုပ်သားတစ်ဦးကို အရှင် ဖမ်းမိခဲ့ကြောင်း၊ လက်နက် ၆ လက် ရရှိခဲ့ကြောင်း KNU က တရားဝင် သတင်းထုတ်ပြန်သည်။

ကရင်ပြည်နယ်၊ကော့ကရိတ်ရဲစခန်းအပါအဝင် မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲနေရာများကို ကျားဖြူစစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ရာ ရဲမှူး အပါအဝင် ရဲနှင့်စစ်ကောင်စီတပ်ဖွဲ့၁၂ ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရရှိမိကြောင်း သိရှိရသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်ရှိ ကော့ကရိတ် ရဲစခန်းအပါအဝင် စစ်တပ် တပ်စွဲနေရာများကို ယနေ့ နံနက်ပိုင်းတွင် ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားပြီး အပြန် အလှန်ပစ်ခတ်မှုများဖြင့် တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန် ဝန်းကျင် ကော့ကရိတ်မြို့ပေါ် ရဲစခန်းကို ဝင်ရောက်ပစ်ခတ်ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း၊ ပစ်ခတ်မှုသည် ၁၅ မိနစ်ဝန်းကျင် ကြာမြင့်ပြီး လတ်တလော ငြိမ်သက်နေကြောင်း၊

စစ်တပ်က ကော့ကရိတ်မြို့ပေါ် တောင်ပေါ်ကျောင်းနေရာအပါအဝင် နေရာအနှံ့အပြားတွင် လမ်းများပိတ်ဆို့၍ တင်းတင်းကျပ်ကျပ် စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်သည် KNU ဩဇာ လွှမ်းမိုး ဒေသဖြစ်ပြီး မြို့ပေါ်မှ လွဲ၍ ကျန်နေရာများအားလုံးတွင် KNLA က ထိန်းချုပ်ထားသော ဒေသလည်းဖြစ်သည်။