ေဒၚေအာင္ဆန္းစုၾကည္ကို ေထာင္ဒဏ္ေတြ ထပ္မံခ်မွတ္
ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းနဲ႔ဆက္စပ္ၿပီး စြပ္စြဲထားတဲ့ အမႈေတြထဲက အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၅ နဲ႔ တရားစြဲဆိုထားတဲ့ အမႈ ၄မႈ အတြက္ ဒီကေန႔ ေထာင္ဒဏ္ ၆ ႏွစ္ခ်မွတ္လိုက္ပါတယ္။
ဒီကေန႔ ဩဂုတ္ ၁၅ရက္မွာ ေနျပည္ေတာ္အခ်ဳပ္ေထာင္ အထူးတရား႐ုံးကေန အမိန႔္ခ်မွတ္လိုက္တာလို႔ တရား႐ုံးနဲ႔ နီးစပ္သူေတြကေန သိရပါတယ္။
အမႈ (၄)မႈအနက္ ေနျပည္ေတာ္က လေရာင္ေတာေျမေနရာနဲ႔ပတ္သက္တဲ့ အဂတိအမႈ ၃မႈအတြက္ ေထာင္ဒဏ္ ၃ႏွစ္စီကို တေပါင္းတည္းက်ခံရမွာျဖစ္ပါတယ္။ က်န္တစ္မႈျဖစ္တဲ့ ရန္ကုန္၊ ဗဟန္းၿမိဳ႕နယ္က အေဆာက္အအုံေျမေနရာနဲ႔ပတ္သက္ၿပီး စြဲဆိုတဲ့ အဂတိအမႈတစ္မႈအတြက္ ၃ႏွစ္သတ္မွတ္တာေၾကာင့္ စုစုေပါင္း ေထာင္ဒဏ္ ၆ႏွစ္သတ္မွတ္ခံရတာျဖစ္ပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္ဟာ စစ္အာဏာသိမ္းၿပီး ဖမ္းဆီးခံရကတည္းက ဆက္တိုက္တရားစြဲဆိုခံခဲ့ရတဲ့ အမႈ ၆မႈအတြက္လည္းေထာင္ဒဏ္ ၁၁ႏွစ္ခ်မွတ္ခံထားရၿပီး ျဖစ္တာေၾကာင့္ အခုဆို ေထာင္ဒဏ္ ၁၇ ႏွစ္ ရွိလာၿပီျဖစ္ပါတယ္။
ဒီကေန႔ ခ်မွတ္ခံရတဲ့ အဂတိအမႈ ၄မႈဟာ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းအတြက္ ရန္ကုန္နဲ႔ ေနျပည္ေတာ္တို႔မွာ အေဆာက္အဦးနဲ႔ ေျမေနရာေတြ ရယူရာမွာ အဂတိလိုက္စားတယ္စြပ္စြဲခ်က္နဲ႔ ခ်မွတ္ခဲ့တာျဖစ္ပါတယ္။ source-BBC
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်တွေ ထပ်မံချမှတ်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ဆက်စပ်ပြီး စွပ်စွဲထားတဲ့ အမှုတွေထဲက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတဲ့ အမှု ၄မှု အတွက် ဒီကနေ့ ထောင်ဒဏ် ၆ နှစ်ချမှတ်လိုက်ပါတယ်။
ဒီကနေ့ ဩဂုတ် ၁၅ရက်မှာ နေပြည်တော်အချုပ်ထောင် အထူးတရားရုံးကနေ အမိန့်ချမှတ်လိုက်တာလို့ တရားရုံးနဲ့ နီးစပ်သူတွေကနေ သိရပါတယ်။
အမှု (၄)မှုအနက် နေပြည်တော်က လရောင်တောမြေနေရာနဲ့ပတ်သက်တဲ့ အဂတိအမှု ၃မှုအတွက် ထောင်ဒဏ် ၃နှစ်စီကို တပေါင်းတည်းကျခံရမှာဖြစ်ပါတယ်။ ကျန်တစ်မှုဖြစ်တဲ့ ရန်ကုန်၊ ဗဟန်းမြို့နယ်က အဆောက်အအုံမြေနေရာနဲ့ပတ်သက်ပြီး စွဲဆိုတဲ့ အဂတိအမှုတစ်မှုအတွက် ၃နှစ်သတ်မှတ်တာကြောင့် စုစုပေါင်း ထောင်ဒဏ် ၆နှစ်သတ်မှတ်ခံရတာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အာဏာသိမ်းပြီး ဖမ်းဆီးခံရကတည်းက ဆက်တိုက်တရားစွဲဆိုခံခဲ့ရတဲ့ အမှု ၆မှုအတွက်လည်းထောင်ဒဏ် ၁၁နှစ်ချမှတ်ခံထားရပြီး ဖြစ်တာကြောင့် အခုဆို ထောင်ဒဏ် ၁၇ နှစ် ရှိလာပြီဖြစ်ပါတယ်။
ဒီကနေ့ ချမှတ်ခံရတဲ့ အဂတိအမှု ၄မှုဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ရန်ကုန်နဲ့ နေပြည်တော်တို့မှာ အဆောက်အဦးနဲ့ မြေနေရာတွေ ရယူရာမှာ အဂတိလိုက်စားတယ်စွပ်စွဲချက်နဲ့ ချမှတ်ခဲ့တာဖြစ်ပါတယ်။ source-BBC