Local News

ရိကၡာလာပို႔သည့္ စစ္ေကာင္စီယာဥ္ႏွစ္စီးႏွင့္ ကင္းပုန္းဝပ္ေနေသာစစ္ေကာင္စီတပ္သားမ်ားကို

ၿမိဳင္ၿမိဳ႕နယ္တြင္ ရိကၡာလာပို႔သည့္ စစ္ေကာင္စီယာဥ္ႏွစ္စီးႏွင့္ ကင္းပုန္းဝပ္ေနေသာစစ္ေကာင္စီတပ္သားမ်ားကို မိုင္းဆြဲတိုက္ခိုက္

ရဲေခါင္/People’s Spring

မေကြးတိုင္း၊ ၿမိဳင္ၿမိဳ႕နယ္တြင္ ရိကၡာလာပို႔သည့္ အၾကမ္းဖက္စစ္ေကာင္စီယာဥ္ႏွစ္စီး ႏွင့္ကင္း ပုန္းဝပ္ေနေသာ စစ္ေကာင္စီတပ္သားမ်ား မိုင္းဆြဲခံရၿပီး သုံးဦးေသဆုံးေၾကာင္း ၿမိဳင္ၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္က ထုတ္ျပန္သည္။

ယေန႔ (ၾသဂုတ္ ၁၅ ရက္) ေန႔လည္ ၁ နာရီေက်ာ္က တဲႀကီးႏွင့္နယ္သတ္႐ြာၾကားတြင္ ကမၼမွ ေက်ာက္ခြက္-ဖလံကိုင္းဘက္သို႔ ရိကၡာပို႔လာေသာ စစ္ေကာင္စီတပ္ယာဥ္ႏွစ္စီးကို မိုင္းပြိဳင့္ ၂ ေနရာ တြင္ မိုင္း ၁၄ လုံးျဖင့္ တိုက္ခိုက္ခဲ့သည္ဟု ဆိုသည္။

တိုက္ခိုက္မႈေနရာတြင္ စစ္ေကာင္စီကားတစ္စီးမွာ ထိခိုက္မႈရွိခဲ့ၿပီး ကင္းပုံးဝပ္ေနေသာ စစ္ေကာင္စီ တပ္သားေလးဦးမွာ သစ္ပင္ေအာက္သို႔ ‌ေျပးပုန္းခဲ့ေၾကာင္း ေဖာ္ျပသည္။

အဆိုပါ စစ္ေကာင္စီတပ္သားေလးဦးကို မိုင္းသုံးလုံးျဖင့္ ထပ္မံတိုက္ခိုက္ရာ သုံးဦးေသဆုံးၿပီး တစ္ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း အသိေပးသည္။

လက္ရွိတြင္ စစ္ေရးအေျခအေနမွာ တင္းမာလ်က္ရွိၿပီး တိုက္ပြဲျဖစ္ပြားလာႏိုင္သျဖင့္ မိဘျပည္သူမ်ား ေဘးလြတ္ရာသို႔ ေရွာင္ရွားသင့္ေၾကာင္း ၿမိဳင္(ပကဖ)က ေမတၱာရပ္ခံထားသည္။

ထို႔အျပင္ ၿမိဳင္ၿမိဳ႕နယ္တြင္ စစ္ေကာင္စီတပ္က ကင္းပုန္းမ်ားဝပ္လ်က္ရွိေသာေၾကာင့္ ၿမိဳင္-ပခုကၠဴကားလမ္းကို ဩဂုတ္လ ၆ ရက္က အသုံးမျပဳရန္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ားက တာစျမစ္ထားသည္။

႐ုပ္သံ – ၿမိဳင္ၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္

မြိုင်မြို့နယ်တွင် ရိက္ခာလာပို့သည့် စစ်ကောင်စီယာဉ်နှစ်စီးနှင့် ကင်းပုန်းဝပ်နေသောစစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်

ရဲခေါင်/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ရိက္ခာလာပို့သည့် အကြမ်းဖက်စစ်ကောင်စီယာဉ်နှစ်စီး နှင့်ကင်း ပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရပြီး သုံးဦးသေဆုံးကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်သည်။

ယနေ့ (သြဂုတ် ၁၅ ရက်) နေ့လည် ၁ နာရီကျော်က တဲကြီးနှင့်နယ်သတ်ရွာကြားတွင် ကမ္မမှ ကျောက်ခွက်-ဖလံကိုင်းဘက်သို့ ရိက္ခာပို့လာသော စစ်ကောင်စီတပ်ယာဉ်နှစ်စီးကို မိုင်းပွိုင့် ၂ နေရာ တွင် မိုင်း ၁၄ လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်မှုနေရာတွင် စစ်ကောင်စီကားတစ်စီးမှာ ထိခိုက်မှုရှိခဲ့ပြီး ကင်းပုံးဝပ်နေသော စစ်ကောင်စီ တပ်သားလေးဦးမှာ သစ်ပင်အောက်သို့ ‌ပြေးပုန်းခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါ စစ်ကောင်စီတပ်သားလေးဦးကို မိုင်းသုံးလုံးဖြင့် ထပ်မံတိုက်ခိုက်ရာ သုံးဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးသည်။

လက်ရှိတွင် စစ်ရေးအခြေအနေမှာ တင်းမာလျက်ရှိပြီး တိုက်ပွဲဖြစ်ပွားလာနိုင်သဖြင့် မိဘပြည်သူများ ဘေးလွတ်ရာသို့ ရှောင်ရှားသင့်ကြောင်း မြိုင်(ပကဖ)က မေတ္တာရပ်ခံထားသည်။

ထို့အပြင် မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်က ကင်းပုန်းများဝပ်လျက်ရှိသောကြောင့် မြိုင်-ပခုက္ကူကားလမ်းကို ဩဂုတ်လ ၆ ရက်က အသုံးမပြုရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တာစမြစ်ထားသည်။

ရုပ်သံ – မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်