Local News

ရန္ကုန္ – ေမာ္လၿမိဳင္လမ္းပိုင္းတြင္ အရပ္ဝတ္ ျဖင့္ ရဲမ်ားလိုက္ပါသည့္ယာဥ္ကို

ရန္ကုန္ – ေမာ္လၿမိဳင္လမ္းပိုင္းတြင္ အရပ္ဝတ္ ျဖင့္ ရဲမ်ားလိုက္ပါသည့္ယာဥ္ကို ပစ္ခတ္တိုက္ခိုက္၊ ရဲႏွစ္ ဦးေ-သဟုဆို

ေက်ာ္ေဇာ၊ရဲေခါင္/People’s Spring

က်ိဳက္ထိုၿမိဳ႕နယ္ ရန္ကုန္ – ေမာ္လၿမိဳင္လမ္းပိုင္းတြင္ အိမ္စီးကားတစ္စီးျဖင့္ အရပ္ဝတ္ႏွင့္လာေသာ စစ္ေကာင္စီလက္ေအာက္ခံရဲတပ္ဖြဲ႕ဝင္မ်ားကို ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ (KNLA)ႏွင့္ က်ိဳက္ထိုေတာ္ လွန္ေရးအင္အားစု (KRF)တို႔မွ အနီးကပ္ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း ယေန႔ (ၾသဂုတ္ ၁၅)တြင္ ထုတ္ျပန္သည္။

ယေန႔နံနက္ ၉ နာရီ ၁၀ မိနစ္ခန္႔တြင္ ရန္ကုန္ – ေမာ္လၿမိဳင္ အေဝးေျပးလမ္းတစ္ေနရာတြင္ အိမ္စီးကားတစ္စီးျဖင့္ အရပ္သားအသြင္ယူ၍ သတင္းေထာက္လွန္းရန္ထြက္လာေသာ စစ္ေကာင္စီလက္ေအာက္ခံရဲမ်ားကို ၅မိနစ္ၾကာ အနီးကပ္ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း ေဖာ္ျပသည္။

ထိုအနီးကပ္ပစ္ခတ္တိုက္ခိုက္မႈတြင္ ရဲတပ္ၾကပ္ ႀကီးတစ္ဦးႏွင့္ ရဲတပ္သား တစ္ဦး ေနရာတင္ပြဲခ်င္းၿပီးေသဆုံးၿပီး က်န္ရဲတစ္ဦး ဒဏ္ရာျပင္းထန္စြာ ရရွိသြားေၾကာင္း ထုတ္ျပန္ခ်က္က ဆိုသည္။

တိုက္ပြဲေနရာတြင္ ဒုရဲအုပ္ႏွင့္ တပ္ၾကပ္ႀကီး အဆင့္ရွိသူ ႏွစ္ဦးမွာ ပြဲခ်င္းၿပီးေသဆုံးၿပီး ရဲတစ္ဦး မွာ ျပင္းထန္ဒဏ္ရာရရွိခဲ့ေၾကာင္း အသိေပးသည္။

“ေသတဲ့အထဲမွာ မရမ္းေခ်ာင္နယ္ထိန္း စိုးဝင္းပါတယ္။ေနာက္ ဒုရဲအုပ္ဆိုတဲ့ တစ္ေယာက္က သိမ္ဇရပ္ရဲစခန္းက”ဟု KRF ရဲေဘာ္တစ္ဦးက လူထုေႏြဦးသို႔ ေျပာသည္။

တိုက္ခိုက္မႈလုပ္ေဆာင္ခဲ့ေသာ KNLA ၊ KRF ပူးေပါင္းတပ္မွ ေတာ္လွန္ေရးရဲေဘာ္မ်ား အထိအခိုက္မရွိျပန္ဆုတ္ႏိုင္ခဲ့ေၾကာင္း အသိေပးသည္။

KRF အေနျဖင့္ အာဏာရွင္စနစ္အားအျမစ္ျဖတ္ ေခ်မႈန္းႏိုင္သည္အထိ ဆက္လက္တိုက္ပြဲဝင္သြားမည္ျဖစ္ၿပီး ျပာ္သူ႔အသက္အိုးအိမ္စည္းစိမ္းကို ကာကြယ္ ေပးသြားမည္ဟု ထုတ္ျပန္ထားသည္။

လူထုေႏြဦး

ရန်ကုန် – မော်လမြိုင်လမ်းပိုင်းတွင် အရပ်ဝတ် ဖြင့် ရဲများလိုက်ပါသည့်ယာဉ်ကို ပစ်ခတ်တိုက်ခိုက်၊ ရဲနှစ် ဦးေ-သဟုဆို

ကျော်ဇော၊ရဲခေါင်/People’s Spring

ကျိုက်ထိုမြို့နယ် ရန်ကုန် – မော်လမြိုင်လမ်းပိုင်းတွင် အိမ်စီးကားတစ်စီးဖြင့် အရပ်ဝတ်နှင့်လာသော စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ကျိုက်ထိုတော် လှန်ရေးအင်အားစု (KRF)တို့မှ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယနေ့ (သြဂုတ် ၁၅)တွင် ထုတ်ပြန်သည်။

ယနေ့နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် ရန်ကုန် – မော်လမြိုင် အဝေးပြေးလမ်းတစ်နေရာတွင် အိမ်စီးကားတစ်စီးဖြင့် အရပ်သားအသွင်ယူ၍ သတင်းထောက်လှန်းရန်ထွက်လာသော စစ်ကောင်စီလက်အောက်ခံရဲများကို ၅မိနစ်ကြာ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

ထိုအနီးကပ်ပစ်ခတ်တိုက်ခိုက်မှုတွင် ရဲတပ်ကြပ် ကြီးတစ်ဦးနှင့် ရဲတပ်သား တစ်ဦး နေရာတင်ပွဲချင်းပြီးသေဆုံးပြီး ကျန်ရဲတစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

တိုက်ပွဲနေရာတွင် ဒုရဲအုပ်နှင့် တပ်ကြပ်ကြီး အဆင့်ရှိသူ နှစ်ဦးမှာ ပွဲချင်းပြီးသေဆုံးပြီး ရဲတစ်ဦး မှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးသည်။

“သေတဲ့အထဲမှာ မရမ်းချောင်နယ်ထိန်း စိုးဝင်းပါတယ်။နောက် ဒုရဲအုပ်ဆိုတဲ့ တစ်ယောက်က သိမ်ဇရပ်ရဲစခန်းက”ဟု KRF ရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သော KNLA ၊ KRF ပူးပေါင်းတပ်မှ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိပြန်ဆုတ်နိုင်ခဲ့ကြောင်း အသိပေးသည်။

KRF အနေဖြင့် အာဏာရှင်စနစ်အားအမြစ်ဖြတ် ချေမှုန်းနိုင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြာ်သူ့အသက်အိုးအိမ်စည်းစိမ်းကို ကာကွယ် ပေးသွားမည်ဟု ထုတ်ပြန်ထားသည်။

လူထုနွေဦး