Local News

ပ်ဴေစာထီးအဖြဲ႕ေတြအင္အားတိုးခ်ဲ႕ဖို႔လိုတယ္ဆိုတဲ့ ေမာင္ေထြး

ပ်ဴေစာထီးအဖြဲ႕ေတြအင္အားတိုးခ်ဲ႕ဖို႔လိုတယ္ဆိုတဲ့ ေမာင္ေထြး ေ-သနတ္ပ-စ္ခံရလို႔ ေ-သဆုံး

C8 News

ရန္ကုန္၊ၾသဂုတ္(၁၅)

တနသၤာရီတိုင္းေဒသႀကီး၊ ေလာင္းလုံးၿမိဳ႕နယ္၊သေဘာ့ဆိပ္ေက်း႐ြာ၊ေအာင္ခ်မ္းသာရပ္ကြက္မွာ ေနထိုင္တဲ့ ေမာင္းေထြး ဆိုသူကို ဒီေန႔မွာ အမည္မသိေသနတ္ကိုင္ေဆာင္ထားသူေတြက ပစ္ခတ္ခဲ့တာေၾကာင့္ ေသဆုံးသြားၿပီ ျဖစ္တယ္လို႔ ေဒသခံျပည္သူေတြဆီက သိရပါတယ္။

” PDF ကိုတိုက္ဖို႔ ပ်ဴေတြကိုအင္အာတိုးခ်ဲ႕ဖို႔ သူကအၿမဲေျပာေနတာ၊ ႏွစ္ေပါင္းမ်ားစြာေလ့က်င့္သင္ၾကားလာတဲ့ စစ္တပ္ကို PDF ႏိုင္ဖို႔ဆိုတာမလြယ္ဘူးဆိုၿပီး ဒင္းကေျပာေနၾက၊ ကိုယ္ေတြကသူ႔ကိုဘာမွမလုပ္ႏိုင္လို႔ ၾကည့္ေနတာ အခုေတာ့ကိစၥၿပီးသြားၿပီ” လို႔ေသခံတစ္ဦးကေျပာပါတယ္။

စစ္ေကာင္စီအဖြဲ႕ကို သတင္းမေပးဖို႔ သူကို႔အႀကိမ္ႀကိမ္သတိေပးထားေပမယ့္ လိုက္နာမႈမရွိဘဲ ဆက္လက္လုပ္ေဆာင္ေနတာေၾကာင့္ အခုလို ပစ္ခတ္ရွင္းခဲ့ရတာျဖစ္တယ္လို႔ ပစ္ခတ္မႈအၿပီးမွာ ေလာင္းလုံးၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕(LLPDF) ကထုတ္ျပန္ခဲ့ပါတယ္။

ပစ္ခတ္ရွင္းလင္းမႈကိုေတာ့ သူေနထိုင္ရာ ေနအိမ္ေရွ႕မွာဘဲ ျပဳလုပ္ခဲ့တာျဖစ္ၿပီး ပ်ဴေစာထီးအဖြဲ႕ဝင္ေတြနဲ႔ သတင္းေပးဒလန္ေတြအေနနဲ႔ စစ္ေကာင္စီအဖြဲ႕ကို ဆက္လက္ေထာက္ခံ သတင္းေပးပို႔ေနပါက ရွင္းလင္းသြားမွာ ျဖစ္တယ္လို႔ LLPDF ကထုတ္ျပန္ထားပါတယ္။

ၿပီးခဲ့ႏွစ္ စက္တင္ဘာ(၉)ရက္ေန႔မွာလည္း သေဘာ့ဆိပ္ေက်း႐ြာက အုပ္ခ်ဳပ္ေရးမႉး ဦးေလးေလး ဆိုသူကို ေလာင္းလုံးၿမိဳ႕နယ္ ျပည္သူ႔လုံၿခဳံေရးတပ္ေပါင္းစု (L.P.S.F) ကပစ္ခတ္ရွင္းလင္းခဲ့ပါေသးတယ္။

ပျူစောထီးအဖွဲ့တွေအင်အားတိုးချဲ့ဖို့လိုတယ်ဆိုတဲ့ မောင်ထွေး ေ-သနတ်ပ-စ်ခံရလို့ ေ-သဆုံး

C8 News

ရန်ကုန်၊သြဂုတ်(၁၅)

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊သဘော့ဆိပ်ကျေးရွာ၊အောင်ချမ်းသာရပ်ကွက်မှာ နေထိုင်တဲ့ မောင်းထွေး ဆိုသူကို ဒီနေ့မှာ အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားပြီ ဖြစ်တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

” PDF ကိုတိုက်ဖို့ ပျူတွေကိုအင်အာတိုးချဲ့ဖို့ သူကအမြဲပြောနေတာ၊ နှစ်ပေါင်းများစွာလေ့ကျင့်သင်ကြားလာတဲ့ စစ်တပ်ကို PDF နိုင်ဖို့ဆိုတာမလွယ်ဘူးဆိုပြီး ဒင်းကပြောနေကြ၊ ကိုယ်တွေကသူ့ကိုဘာမှမလုပ်နိုင်လို့ ကြည့်နေတာ အခုတော့ကိစ္စပြီးသွားပြီ” လို့သေခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီအဖွဲ့ကို သတင်းမပေးဖို့ သူကို့အကြိမ်ကြိမ်သတိပေးထားပေမယ့် လိုက်နာမှုမရှိဘဲ ဆက်လက်လုပ်ဆောင်နေတာကြောင့် အခုလို ပစ်ခတ်ရှင်းခဲ့ရတာဖြစ်တယ်လို့ ပစ်ခတ်မှုအပြီးမှာ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(LLPDF) ကထုတ်ပြန်ခဲ့ပါတယ်။

ပစ်ခတ်ရှင်းလင်းမှုကိုတော့ သူနေထိုင်ရာ နေအိမ်ရှေ့မှာဘဲ ပြုလုပ်ခဲ့တာဖြစ်ပြီး ပျူစောထီးအဖွဲ့ဝင်တွေနဲ့ သတင်းပေးဒလန်တွေအနေနဲ့ စစ်ကောင်စီအဖွဲ့ကို ဆက်လက်ထောက်ခံ သတင်းပေးပို့နေပါက ရှင်းလင်းသွားမှာ ဖြစ်တယ်လို့ LLPDF ကထုတ်ပြန်ထားပါတယ်။

ပြီးခဲ့နှစ် စက်တင်ဘာ(၉)ရက်နေ့မှာလည်း သဘော့ဆိပ်ကျေးရွာက အုပ်ချုပ်ရေးမှူး ဦးလေးလေး ဆိုသူကို လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ပေါင်းစု (L.P.S.F) ကပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။