Local News

ခ်ဳပ္သားပို႔ေဆာင္စဥ္ ပ-စ္ခ-တ္ခံရသျဖင့္ သိမ္ဇရပ္ရဲစခန္းက ဒုရဲအုပ္ပါ ၂ ဦး‌ေ-သ၊ ၁ ဦးဒဏ္ရာရ

အခ်ဳပ္သားပို႔ေဆာင္စဥ္ ပ-စ္ခ-တ္ခံရသျဖင့္ သိမ္ဇရပ္ရဲစခန္းက ဒုရဲအုပ္ပါ ၂ ဦး‌ေ-သ၊ ၁ ဦးဒဏ္ရာရ

မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္မွာ သိမ္ဇရပ္ရဲစခန္းက ဒုရဲအုပ္တေယာက္နဲ႔ တပ္ဖြဲ႕ဝင္သုံးေယာက္ဟာ အခ်ဳပ္သားကို တရား႐ုံးသို႔ပို႔ေဆာင္စဥ္ ဩဂုတ္ ၁၅ ရက္ မနက္ ၁၀ နာရီက ေသနတ္နဲ႔ပစ္ခတ္ခံရၿပီး ဒုရဲအုပ္အပါအဝင္ႏွစ္ေယာက္ ေသဆုံးကာ တေယာက္ ဒဏ္ရာရရွိတယ္လို႔ ၿမိဳ႕ခံေတြဆီက သိရပါတယ္။

သိမ္ဇရပ္ရဲစခန္းက အခ်ဳပ္သားတေယာက္ကို သထုံခ႐ိုင္တရား႐ုံးသို႔ပို႔ေဆာင္စဥ္ လက္ပံပင္သခ်ႋဳင္းကုန္းအေကြ႕အေရာက္မွာ ေသနတ္နဲ႔ ပစ္ခတ္ခံရတာလို႔ ၿမိဳ႕ခံတစ္ဦးက ေျပာပါတယ္။

“ဗုံးနဲ႔ေရာ ေသနတ္ေတြေရာ ပစ္တယ္ေျပာတယ္ ရဲႏွစ္ဦး ေသတယ္။ တစ္ဦး ဒဏ္ရာရတယ္”လို႔ ေျပာပါတယ္။

သထုံခ႐ိုင္တရား႐ုံးကို အခ်ဳပ္သား သြားေရာက္ပို႔ေဆာင္တဲ့ ဒုရဲအုပ္ပါေလးေယာက္ ပစ္ခတ္ခံရတာ မွန္ကန္ၿပီး ဒုရဲအုပ္တေယာက္၊ ရဲတပ္ၾကပ္ႀကီးတေယာက္ ေသဆုံးၿပီး ရဲတပ္သားတေယာက္ ဒဏ္ရာရရွိခဲ့တဲ့အျပင္ အခ်ဳပ္သားလည္း ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ အုပ္ခ်ဳပ္ေရးနဲ႔ နီးစပ္သူတစ္ဦးက ေျပာပါတယ္။

“လက္နက္ႀကီးငယ္ေတြနဲ႔ ပစ္တာ ႏွစ္ဦးေသတယ္။ တစ္ဦး ဒဏ္ရာရတယ္ အခ်ဳပ္သားလည္း ထိတယ္ ပိုဆိုးတာက ရဲတစ္ေယာက္ပါ ေပ်ာက္ေနတာ လိုက္ရွာေနတုန္း။”

လတ္တေလာမွာ ေသဆုံးသူနဲ႔ဒဏ္ရာရွိသူေတြကို က်ိဳက္ထိုေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ၿပီး ေပ်ာက္ဆုံးေနတဲ့ ရဲတပ္သားကို စစ္ေကာင္စီတပ္ေတြက လိုက္လံရွာေဖြေနတယ္လို႔ ၿမိဳ႕ခံေတြဆီက သိရပါတယ္။source-DVB

အချုပ်သားပို့ဆောင်စဉ် ပ-စ်ခ-တ်ခံရသဖြင့် သိမ်ဇရပ်ရဲစခန်းက ဒုရဲအုပ်ပါ ၂ ဦး‌ေ-သ၊ ၁ ဦးဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ သိမ်ဇရပ်ရဲစခန်းက ဒုရဲအုပ်တယောက်နဲ့ တပ်ဖွဲ့ဝင်သုံးယောက်ဟာ အချုပ်သားကို တရားရုံးသို့ပို့ဆောင်စဉ် ဩဂုတ် ၁၅ ရက် မနက် ၁၀ နာရီက သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒုရဲအုပ်အပါအဝင်နှစ်ယောက် သေဆုံးကာ တယောက် ဒဏ်ရာရရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

သိမ်ဇရပ်ရဲစခန်းက အချုပ်သားတယောက်ကို သထုံခရိုင်တရားရုံးသို့ပို့ဆောင်စဉ် လက်ပံပင်သင်္ချိုင်းကုန်းအကွေ့အရောက်မှာ သေနတ်နဲ့ ပစ်ခတ်ခံရတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“ဗုံးနဲ့ရော သေနတ်တွေရော ပစ်တယ်ပြောတယ် ရဲနှစ်ဦး သေတယ်။ တစ်ဦး ဒဏ်ရာရတယ်”လို့ ပြောပါတယ်။

သထုံခရိုင်တရားရုံးကို အချုပ်သား သွားရောက်ပို့ဆောင်တဲ့ ဒုရဲအုပ်ပါလေးယောက် ပစ်ခတ်ခံရတာ မှန်ကန်ပြီး ဒုရဲအုပ်တယောက်၊ ရဲတပ်ကြပ်ကြီးတယောက် သေဆုံးပြီး ရဲတပ်သားတယောက် ဒဏ်ရာရရှိခဲ့တဲ့အပြင် အချုပ်သားလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“လက်နက်ကြီးငယ်တွေနဲ့ ပစ်တာ နှစ်ဦးသေတယ်။ တစ်ဦး ဒဏ်ရာရတယ် အချုပ်သားလည်း ထိတယ် ပိုဆိုးတာက ရဲတစ်ယောက်ပါ ပျောက်နေတာ လိုက်ရှာနေတုန်း။”

လတ်တလောမှာ သေဆုံးသူနဲ့ဒဏ်ရာရှိသူတွေကို ကျိုက်ထိုဆေးရုံကြီးသို့ ပို့ဆောင်ပြီး ပျောက်ဆုံးနေတဲ့ ရဲတပ်သားကို စစ်ကောင်စီတပ်တွေက လိုက်လံရှာဖွေနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။source-DVB