Local News




ရန်ကုန်၊ ဩဂုတ် ၁၆




ရန်ကုန်လေဆိပ် အရေးပေါ် ပိတ်

စစ်တပ်ပိုင် Y8 လေယာဉ် ဆင်းသက်စဉ် ပြေးလမ်းပေါ် စက်ပျက်သွား၍ ရန်ကုန်လေဆိပ် အရေးပေါ် ပိတ်ထားရ

ရန်ကုန်၊ ဩဂုတ် ၁၆

အကြမ်းဖက်စစ်တပ်၏ စစ်တပ်ပိုင် Y8 လေယာဉ်သည် ရန်ကုန်လေဆိပ်သို့ ဆင်းသက်စဉ် ပြေးလမ်းပေါ် စက်ပျက်သွား၍ ရန်ကုန်လေဆိပ်ကို အရေးပေါ် ပိတ်ထားရကြောင်း သတင်းရင်းမြစ်များက ပြောသည်။

“Y8 လေယာဉ် ပြေးလမ်းပေါ်မှာ ပြေးလမ်းချော်တယ်လည်းပြောတယ်။ စက်ပျက်တယ်လည်းပြောတယ်။ အဲဒါ ရန်ကုန်လေဆိပ်ကို အရေးပေါ်ပိတ်ထားတယ်။ ဆင်းလာတုန်း ပြေးလမ်းပေါ်မှာ အင်ဂျင်ချို့ယွင်းတယ်လည်းပြောတယ်။ အထွက်လေယာဉ်တွေလည်း မထွက်ရသေးဘူး” ဟု လေဆိပ်သတင်းရင်းမြစ်က ပြောသည်။

လေဆိပ်သတင်းရင်းမြစ်ကမူ စစ်တပ်ပိုင် Y8 လေယာဉ် ပြေးလမ်းဆင်းချိန်တွင် အင်ဂျင်ထဲမှ မီးခိုးများ အူထွက်လာသဖြင့် ရပ်ထားရကြောင်း ၊ ရန်ကုန်လေဆိပ်မှ ထွက်ခွာမည့် စင်ကာပူ လေကြောင်း လေယာဉ်လည်း ထွက်ခွင့်မရဘဲ ပိတ်နေကြောင်း သိရှိရသည်။