Local News

စစ္ေကာင္စီလက္ေအာက္ခံ တန္ပိုဂိတ္ကို KIA နဲ႔ PDF ဝင္ေရာက္စီးနင္း (႐ုပ္သံ)

စစ္ေကာင္စီလက္ေအာက္ခံ တန္ပိုဂိတ္ကို KIA နဲ႔ PDF ဝင္ေရာက္စီးနင္း (႐ုပ္သံ)

စစ္ကိုင္းတိုင္းအထက္ပိုင္း အင္းေတာ္ၿမိဳ႕နယ္ရွိ စစ္ေကာင္စီလက္ေအာက္ခံ နဘားတန္ပိုဂိတ္အား ဝင္ေရာက္စီးနင္းဖ်က္ဆီးခဲ့ေၾကာင္း Indaw Revolution က ထုတ္ျပန္သည္။

ယေန႔(ၾသဂုတ္ ၁၆ ရက္) နံနက္ ၁၀နာရီတြင္ စစ္ေကာင္စီထံသို႔ဝင္ေငြစီးဆင္းေန သည့္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနပိုင္သည့္ နဘားတန္ပိုဂိတ္ကို ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္(KIA) ႏွင့္ PDFပူးေပါင္း ဝင္ေရာက္စီးနင္း ခဲ့ျခင္းဟု ဆိုသည္။

ဝင္ေရာက္စီးနင္းစဥ္အတြင္းအင္းေတာ္ၿမိဳ႕ ရိကၡာကုန္းဘက္ရွိ စစ္ေကာင္စီတပ္ ဘက္မွ နဘား႐ြာ ဘက္သို႔ လက္နက္ႀကီးျဖင့္ ပစ္ခတ္ခဲ့ေသာ္လည္း လူထိခိုက္မႈမရွိခဲ့ေပ။

“ဂိတ္ဝန္ထမ္းေလးဦးမိတယ္။ ေလာေလာဆယ္ ထိန္းသိမ္းထားၿပီး ျပန္လႊတ္ေပး မယ္လို႔သိရ တယ္” ဟု Indaw Revolution တာဝန္ရွိသူက People’s Spring သို႔ ေျပာသည္။

ဝင္ေရာက္စီးနင္းခဲ့ေသာ နဘားတန္ပိုဂိတ္ကို မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္းလည္း သိရသည္။ေဒသတြင္းစစ္ေရးအရ အင္းေတာ္-ဗန္းေမာက္ကားလမ္းအား ယေန႔ (ၾသဂုတ္ ၁၆ ရက္)ကစ၍ ယာယီပိတ္ပင္ေၾကာင္း Indaw Revolution က ထုတ္ျပန္ ထားသည္။

နဘားတန္ပိုဂိတ္အား ဝင္ေရာက္စီးနင္းေနေသာ KIAႏွင့္ PDFပူးေပါင္း တပ္သား မ်ားအားေတြ႕ရစဥ္၊ ဓာတ္ပုံ – Indaw Revolution

စစ်ကောင်စီလက်အောက်ခံ တန်ပိုဂိတ်ကို KIA နဲ့ PDF ဝင်ရောက်စီးနင်း (ရုပ်သံ)

စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ နဘားတန်ပိုဂိတ်အား ဝင်ရောက်စီးနင်းဖျက်ဆီးခဲ့ကြောင်း Indaw Revolution က ထုတ်ပြန်သည်။

ယနေ့(သြဂုတ် ၁၆ ရက်) နံနက် ၁၀နာရီတွင် စစ်ကောင်စီထံသို့ဝင်ငွေစီးဆင်းနေ သည့် ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်သည့် နဘားတန်ပိုဂိတ်ကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) နှင့် PDFပူးပေါင်း ဝင်ရောက်စီးနင်း ခဲ့ခြင်းဟု ဆိုသည်။

ဝင်ရောက်စီးနင်းစဥ်အတွင်းအင်းတော်မြို့ ရိက္ခာကုန်းဘက်ရှိ စစ်ကောင်စီတပ် ဘက်မှ နဘားရွာ ဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သော်လည်း လူထိခိုက်မှုမရှိခဲ့ပေ။

“ဂိတ်ဝန်ထမ်းလေးဦးမိတယ်။ လောလောဆယ် ထိန်းသိမ်းထားပြီး ပြန်လွှတ်ပေး မယ်လို့သိရ တယ်” ဟု Indaw Revolution တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

ဝင်ရောက်စီးနင်းခဲ့သော နဘားတန်ပိုဂိတ်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း သိရသည်။ဒေသတွင်းစစ်ရေးအရ အင်းတော်-ဗန်းမောက်ကားလမ်းအား ယနေ့ (သြဂုတ် ၁၆ ရက်)ကစ၍ ယာယီပိတ်ပင်ကြောင်း Indaw Revolution က ထုတ်ပြန် ထားသည်။

နဘားတန်ပိုဂိတ်အား ဝင်ရောက်စီးနင်းနေသော KIAနှင့် PDFပူးပေါင်း တပ်သား များအားတွေ့ရစဥ်၊ ဓာတ်ပုံ – Indaw Revolution