AA ႏွင့္တိုက္ပြဲတြင္ ေသဆုံးေသာ ဒုတိယဗိုလ္မႉးႀကီး မိုးေဇာ္ အပါအဝင္ စစ္အရာရွိႏွင့္စစ္သားမ်ား အေလာင္းျပန္မရ ဟုဆို
ရန္ကုန္၊ ဩဂုတ္ ၁၆
ရခိုင္ျပည္နယ္ႏွင့္ပလက္ေဝ ေဒသတို႔တြင္ ဩဂုတ္ ၁၃ ရက္ေန႔ ျဖစ္ပြားေသာ AA ႏွင့္ တိုက္ပြဲတြင္ ေသဆုံးေသာ စစ္သား ၃၇ ဦးတြင္ ခလရ ၂၇၀ တပ္ရင္းမႉး ဒုဗိုလ္မႉး ႀကီး မိုးေဇာ္၊ ခမရ ၅၃၇ မွ ဗိုလ္မႉးသက္ႏိုင္ဦး၊ ခလရ ၂၀ မွ ဗိုလ္မႉး တို႔ ပါဝင္ၿပီး အေလာင္းျပန္မရေၾကာင္း သိရွိရသည္။
ေမာင္ေတာၿမိဳ႕နယ္၊ ေက်ာက္ပန္းဒူေက်း႐ြာအနီး တိုက္ပြဲတြင္ ဒကစ (စစ္ေတြလက္ေအာက္ခံ) ခလရ ၂၇၀ တပ္ရင္းမႉးျဖစ္သူ ဒုဗိုလ္မႉးႀကီး မိုးေဇာ္၊ ရေသ့ ေတာင္ၿမိဳ႕နယ္ ဒုံးပိုက္ေက်း႐ြာ အနီးတိုက္ပြဲတြင္ ရ ေသ့ေတာင္ အေျခစိုက္ ခမရ ၅၃၇ ယာယီတပ္ရင္းမႉး ဗိုလ္မႉး သက္ႏိုင္ဦး၊ ရကၡိဳင္-ဘဂၤလားနယ္စပ္ မိုင္တိုင္ ၄၀ ဖက္ တိုက္ပြဲတြင္ ဒကစ (စစ္ေတြလက္ေအာက္ခံ) ခလရ ၂၀ ဗိုလ္မႉးတစ္ဦး တို႔ ေသဆုံးခဲ့ၾကသည္။
ဩဂုတ္ ၁၃ ရက္ေန႔ အၾကမ္းဖက္စစ္တပ္ႏွင့္ ရကၡိဳင့္တပ္ေတာ္တို႔ အၾကား ရကၡိဳင္ေဒသတြင္း ၃ ေနရာႏွင့္ ပလက္ဝေဒသတြင္း ၁ ေနရာ စုစုေပါင္း ၄ ေနရာတြင္ တိုက္ပြဲေတြ ျပင္းထန္စြာ ျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီဘက္မွ ၃၇ ဦးေသဆုံးခဲ့ေၾကာင္း ၊ လက္နက္အမ်ားအျပား သိမ္းဆည္းရမိေၾကာင္း သိရွိရသည္။
AA အေနျဖင့္လည္း စစ္ေကာင္စီတပ္၏ စစ္ဆင္ေရး၊ ထိုးစစ္မ်ားကို မိတ္ဖက္အဖြဲ႕အစည္းမ်ား၊ ညီေနာင္မဟာမိတ္အဖြဲ႕ အစည္းမ်ား၊ ရခိုင္ ျပည္သူလူထုတစ္ရပ္လုံးႏွင့္ ဟန္ခ်က္ညီညီပူးေပါင္းကာ ျပန္လည္ခုခံ တိုက္ခိုက္သြားမည္ျဖစ္ေၾကာင္း တရားဝင္ ေၾကညာထားသည္။
ဓာတ္ပုံ- AA ႏွင့္တိုက္ပြဲတြင္ ေသဆုံးေသာ စစ္ေတြအေျခစိုက္ ခလရ ၂၀ တပ္ရင္းမႉး ဒုတိယဗိုလ္မႉးႀကီးမိုးေဇာ္။
AA နှင့်တိုက်ပွဲတွင် သေဆုံးသော ဒုတိယဗိုလ်မှူးကြီး မိုးဇော် အပါအဝင် စစ်အရာရှိနှင့်စစ်သားများ အလောင်းပြန်မရ ဟုဆို
ရန်ကုန်၊ ဩဂုတ် ၁၆
ရခိုင်ပြည်နယ်နှင့်ပလက်ဝေ ဒေသတို့တွင် ဩဂုတ် ၁၃ ရက်နေ့ ဖြစ်ပွားသော AA နှင့် တိုက်ပွဲတွင် သေဆုံးသော စစ်သား ၃၇ ဦးတွင် ခလရ ၂၇၀ တပ်ရင်းမှူး ဒုဗိုလ်မှူး ကြီး မိုးဇော်၊ ခမရ ၅၃၇ မှ ဗိုလ်မှူးသက်နိုင်ဦး၊ ခလရ ၂၀ မှ ဗိုလ်မှူး တို့ ပါဝင်ပြီး အလောင်းပြန်မရကြောင်း သိရှိရသည်။
မောင်တောမြို့နယ်၊ ကျောက်ပန်းဒူကျေးရွာအနီး တိုက်ပွဲတွင် ဒကစ (စစ်တွေလက်အောက်ခံ) ခလရ ၂၇၀ တပ်ရင်းမှူးဖြစ်သူ ဒုဗိုလ်မှူးကြီး မိုးဇော်၊ ရသေ့ တောင်မြို့နယ် ဒုံးပိုက်ကျေးရွာ အနီးတိုက်ပွဲတွင် ရ သေ့တောင် အခြေစိုက် ခမရ ၅၃၇ ယာယီတပ်ရင်းမှူး ဗိုလ်မှူး သက်နိုင်ဦး၊ ရက္ခိုင်-ဘင်္ဂလားနယ်စပ် မိုင်တိုင် ၄၀ ဖက် တိုက်ပွဲတွင် ဒကစ (စစ်တွေလက်အောက်ခံ) ခလရ ၂၀ ဗိုလ်မှူးတစ်ဦး တို့ သေဆုံးခဲ့ကြသည်။
ဩဂုတ် ၁၃ ရက်နေ့ အကြမ်းဖက်စစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ အကြား ရက္ခိုင်ဒေသတွင်း ၃ နေရာနှင့် ပလက်ဝဒေသတွင်း ၁ နေရာ စုစုပေါင်း ၄ နေရာတွင် တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃၇ ဦးသေဆုံးခဲ့ကြောင်း ၊ လက်နက်အများအပြား သိမ်းဆည်းရမိကြောင်း သိရှိရသည်။
AA အနေဖြင့်လည်း စစ်ကောင်စီတပ်၏ စစ်ဆင်ရေး၊ ထိုးစစ်များကို မိတ်ဖက်အဖွဲ့အစည်းများ၊ ညီနောင်မဟာမိတ်အဖွဲ့ အစည်းများ၊ ရခိုင် ပြည်သူလူထုတစ်ရပ်လုံးနှင့် ဟန်ချက်ညီညီပူးပေါင်းကာ ပြန်လည်ခုခံ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း တရားဝင် ကြေညာထားသည်။
ဓာတ်ပုံ- AA နှင့်တိုက်ပွဲတွင် သေဆုံးသော စစ်တွေအခြေစိုက် ခလရ ၂၀ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးမိုးဇော်။