Local News

ရခိုင္မွာ တစ္ေက်ာ့ျပန္တိုက္ပြဲ ျပင္းထန္လာ

ရခိုင္မွာ တစ္ေက်ာ့ျပန္တိုက္ပြဲ ျပင္းထန္လာ

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ႏွစ္ႏွစ္နီးပါး တိုက္ပြဲေတြ ရပ္စဲခဲ့တဲ့ ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ စစ္ေကာင္စီတပ္နဲ႔ ရကၡိဳင့္တပ္ေတာ္ (AA) တို႔ အၾကား တိုက္ပြဲေတြ ျပန္လည္ျပင္းထန္လာတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ပလက္ဝၿမိဳ႕နယ္မွာေတာ့ စစ္ေကာင္စီတပ္နဲ႔ ရကၡိဳင့္တပ္ေတာ္ (AA) တို႔ ရက္ေပါင္း ၂၀ နီးပါး တိုက္ပြဲဆက္တိုက္ျဖစ္ပြားေနၿပီး စစ္ေကာင္စီတပ္က ကုန္သြယ္ေရးလမ္းေတြကို ပိတ္ထားတာေၾကာင့္ ေဒသခံေတြ အခက္အခဲ ျဖစ္ေနၾကတယ္လို႔ လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ေဒသခံတစ္ဦးက RFA ကို ေျပာပါတယ္။

“တိုက္ပြဲေတြ ျဖစ္ေနတာကိုေတာ့ က်ေနာ္တို႔ ၾကားရတယ္။ လက္နက္ႀကီးေတြ ပစ္တယ္။ မေန႔ကဆိုရင္လည္း ၁၀ နာရီကပစ္တာ။ အခုဆိုရင္ တိုက္ပြဲျဖစ္တာ ရက္ေပါင္း ႏွစ္ဆယ္ေက်ာ္ၿပီ။ အဲဒီတိုက္ပြဲေၾကာင့္ တစ္ပတ္မွာ တစ္ႀကိမ္တက္ေနတဲ့ သေဘၤာလည္း မတက္ေတာ့ ပလက္ဝၿမိဳ႕နယ္မွာ ကုန္စည္စီးဆင္းမႈ မရွိဘူး။ စားသုံးဆီေတြလည္း မရွိေတာ့ဘူး။ ဆန္ေဈးကလည္း အရင္က ေျခာက္ေသာင္းေက်ာ္ေလာက္ပဲရွိတာ အခု တစ္သိန္းေက်ာ္သြားၿပီ”

ဩဂုတ္ ၁၃ ရက္ေန႔က ပလက္ဝၿမိဳ႕နယ္ သူေဌးကုန္းေက်း႐ြာ ေျမာက္ဘက္ (၁.၂) ကီလိုမီတာ (မိုင္ဝက္ေက်ာ္ ေလာက္) အကြာမွာ ႏွစ္ဖက္တိုက္ပြဲ ျဖစ္ပြားခဲ့ပါတယ္။ အဲဒီေနရာတစ္ဝိုက္မွာ တိုက္ပြဲျဖစ္ပြားေနတာ ႏွစ္ပတ္ေလာက္ရွိေနၿပီလို႔ ရကၡိဳင့္တပ္ေတာ္ (AA) က ဩဂုတ္လ ၁၅ ရက္ မေန႔က ထုတ္ျပန္ပါတယ္။ စစ္ေကာင္စီတပ္ဟာ အေဝးကေန လက္နက္ႀကီးေတြနဲ႔ အဓိကထားၿပီး ပစ္ခတ္ေနတယ္လို႔လည္း ဆိုပါတယ္။

ေမာင္ေတာၿမိဳ႕နယ္ ေျမာက္ပိုင္းမွာလည္း ၿပီးခဲ့တဲ့ ဇူလိုင္လ ၁၈ ရက္ေန႔က တိုက္ပြဲ ႏွစ္ႀကိမ္ ဆက္တိုက္ ျဖစ္ပြားခဲ့ၿပီးေနာက္ ဩဂုတ္ ၁၃ ရက္ေန႔မွာ ရေသ့ေတာင္နဲ႔ ေမာင္ေတာၿမိဳ႕နယ္ က ေနရာသုံးခုမွာ တိုက္ပြဲေတြ ဆက္တိုက္ျဖစ္ပြားခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ဒီတိုက္ပြဲေၾကာင့္ စစ္ေကာင္စီတပ္က ရေသ့ေတာင္၊ ဘူးသီးေတာင္၊ ေမာင္ေတာ စတဲ့ ၿမိဳ႕နယ္ေတြကို ဆက္သြယ္ထားတဲ့ လမ္းေတြကို အကန႔္အသတ္မရွိ ပိတ္ထားတယ္လို႔ ရေသ့ေတာင္ၿမိဳ႕ခံ ကိုေက်ာ္မင္းခိုင္က ေျပာပါတယ္။

“အခုေတာ့ တိုက္ပြဲျဖစ္တဲ့ေန႔ကစၿပီးေတာ့ အငူေမာ္၊ ဘူးသီးေတာင္၊ ေမာင္ေတာ ဆက္သြယ္ထားတဲ့ ကားလမ္းကို စစ္ေကာင္စီတပ္က ရက္အကန႔္အသတ္မရွိ ပိတ္ထားလိုက္တယ္။ အခုထိ သြားလာလို႔ မရဘူး။ အဲဒီဘက္မွာ စားဝတ္ေနေရး၊ က်န္းမာေရးေစာင့္ေရွာက္မႈကအစ အခက္အခဲျဖစ္ေနၾကတယ္။ အခု အေျခအေနထိ ေတာ့ အဲဒီဘက္ကို သြားလာလို႔မရဘူး။ လက္နက္ႀကီးသံေတြကလည္း မေန႔ကအထိ ၾကားေနရတယ္”

ရေသ့ေတာင္ၿမိဳ႕နယ္ တိုက္ပြဲေၾကာင့္ ခ်ိန္ခါလီ၊ ကိုးတန္ေကာက္၊ ႀကံတိုင္းေအာင္ စတဲ့ ေက်း႐ြာေတြက ေဒသခံ ၁၅၀ ေက်ာ္ဟာ ထြက္ေျပးတိမ္းေရွာင္ေနၾကရတယ္လို႔လည္း ကိုေက်ာ္မင္းခိုင္က ေျပာပါတယ္။

ဒီတိုက္ပြဲေတြနဲ႔ ပတ္သက္လို႔ ရကၡိဳင့္တပ္ေတာ္ (AA) ရဲ႕ မေန႔က ထုတ္ျပန္ခ်က္မွာေတာ့ ဩဂုတ္ ၁၃ ရက္ေန႔က ရေသ့ေတာင္ၿမိဳ႕နယ္ ဒုံးပိုက္ေက်း႐ြာရဲ႕ ေျမာက္ဘက္ ၁.၅ ကီလိုမီတာ (တစ္မိုင္နီးပါး) အကြာမွာ ႏွစ္နာရီနီးပါးၾကာ တိုက္ပြဲ ျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီ တပ္က ေသဆုံးသူ ၃၁ ဦးနဲ႔ လက္နက္ခဲယမ္းအမ်ားအျပားကို သိမ္းဆည္းရမိခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

ေမာင္ေတာၿမိဳ႕နယ္ ေက်ာက္ပန္းတူေက်း႐ြာအနီးနဲ႔ ေမာင္ေတာၿမိဳ႕နယ္ ေျမာက္ပိုင္း ျမန္မာ-ဘဂၤလားေဒ့ရွ္နယ္စပ္ မိုင္တိုင္အမွတ္ ၄၀ အနီးမွာလည္း တိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီတပ္က ေျခာက္ဦးထက္မနည္း ေသဆုံးခဲ့တယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

ဒီတိုက္ပြဲေတြအတြင္း ရကၡိဳင့္တပ္ေတာ္ (AA) ဘက္က တပ္ဖြဲ႕ဝင္တခ်ိဳ႕ ေသဆုံးထိခိုက္ ဒဏ္ရာရတာရွိၿပီး အေရအတြက္ အတိအက်ကိုေတာ့ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပမထားပါဘူး။ရကၡိဳင့္တပ္ေတာ္ (AA) ရဲ႕ ထုတ္ျပန္ခ်က္ပါ ထိခိုက္မႈအေရအတြက္နဲ႔ ပတ္သက္လို႔ RFA အေနနဲ႔ သီးျခား အတည္ျပဳႏိုင္ျခင္း မရွိေသးပါဘူး။

စစ္ေကာင္စီတပ္ဟာ ရခိုင္ေဒသအႏွံ႔ကို လက္နက္၊ ခဲယမ္း၊ လူအင္အားေတြကို ရဟတ္ယာဥ္၊ စစ္သေဘၤာ၊ စစ္ကားႀကီးေတြနဲ႔ ေျပာင္းေ႐ႊ႕ေနတာေၾကာင့္ တိုက္ပြဲေတြ ပိုက်ယ္ျပန႔္လာႏိုင္တယ္လို႔လည္း ေအေအ အဖြဲ႕ရဲ႕ မေန႔က ထုတ္ျပန္ခ်က္မွာ ေဖာ္ျပ ထားပါတယ္။ ရကၡိဳင့္တပ္ေတာ္ (AA) အေနနဲ႔ေတာ့ စစ္ေကာင္စီတပ္ရဲ႕ စစ္ဆင္ေရးေတြ၊ ထိုးစစ္ေတြကို ညီေနာင္မဟာမိတ္ အဖြဲ႕အစည္းေတြ၊ ျပည္သူလူထု တစ္ရပ္လုံးနဲ႔ ဟန္ခ်က္ညီညီ ပူးေပါင္းၿပီး ျပန္လည္ခုခံတိုက္ခိုက္သြားမယ္လို႔လည္း ဆိုပါတယ္။

ဒါေၾကာင့္ ျပည္သူေတြအေနနဲ႔ စစ္ေရးသတိ၊ အသြားအလာသတိကို အထူးဂ႐ုစိုက္ဖို႔ ကိုလည္း ေအေအ အဖြဲ႕က ထုတ္ျပန္ခ်က္မွာ သတိေပးထားပါတယ္။ရကၡိဳင့္တပ္ေတာ္ (AA) ရဲ႕ ေျပာဆိုခ်က္ေတြနဲ႔ ပတ္သက္လို႔ တုံ႔ျပန္ခ်က္ကိုသိႏိုင္ဖို႔ ရခိုင္ ျပည္နယ္ စစ္ေကာင္စီ ေျပာခြင့္ရသူ ျပည္နယ္ဥပေဒခ်ဳပ္ ဦးလွသိန္းကို RFA က ဖုန္းနဲ႔ ဆက္သြယ္ေမးျမန္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ အေၾကာင္းမျပန္ပါဘူး။

ရခိုင္ျပည္နယ္မွာ ျပန္လည္ျဖစ္ပြားလာေနတဲ့ တိုက္ပြဲေတြနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္ က တစ္စုံတစ္ရာ ထုတ္ျပန္ထားတာ မရွိေသးပါဘူး။ ၿပီးခဲ့တဲ့ ဇူလိုင္ ၂၆ ရက္ေန႔က ေမာင္ေတာၿမိဳ႕နယ္ ေျမာက္ပိုင္းမွာ ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲနဲ႔ပတ္သက္လို႔ေတာ့ ဒါဟာ ေအေအအဖြဲ႕ရဲ႕ ရန္စမႈျဖစ္တယ္လို႔ စစ္ေကာင္စီေျပာခြင့္ရသူ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက အရင္ကလုပ္တဲ့ စစ္ေကာင္စီ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုထားပါတယ္။

ရခိုင္ျပည္နယ္မွာ ႏွစ္ဖက္လက္နက္ကိုင္တပ္ဖြဲ႕ေတြအၾကား ေျပလည္ေအာင္ မညႇိႏႈိင္း ႏိုင္ရင္ တိုက္ပြဲေတြ ပိုၿပီးက်ယ္ျပန႔္လာမယ္လို႔ ရခိုင္ ဝါရင့္ ႏိုင္ငံေရးသမားတစ္ဦးျဖစ္တဲ့ ေျမပုံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေဟာင္း ဦးေဖသန္းက ေထာက္ျပပါတယ္။

“ဒီလို တိုက္ပြဲေတြ မျဖစ္ေစခ်င္ဘူးဆိုရင္ ညႇိႏႈိင္းမႈရွိရမယ္။ ညႇိႏႈိင္းလို႔ မရႏိုင္ဘူး ဆိုရင္ေတာ့ ဒီတိုက္ပြဲေတြ က်ယ္ျပန႔္လာမယ္။ ျပည္သူေတြ ထိခိုက္နစ္နာမႈေတြ မ်ားလာမယ္။ ဒါေၾကာင့္ သူတို႔ႏွစ္ဖြဲ႕ရဲ႕ ေဆြးေႏြးမႈက အေရးႀကီးပါတယ္။ အဲဒီလို မဟုတ္ရင္ေတာ့ တစ္ေနရာမွာမဟုတ္ရင္ တစ္ေနရာမွာ တိုက္ပြဲေတြထပ္ၿပီး ျဖစ္လာႏိုင္တယ္လို႔ ျမင္ပါတယ္”

တိုက္ပြဲေတြ ပိုမိုက်ယ္ျပန႔္လာရင္ ေဒသခံျပည္သူေတြ ထိခိုက္လာႏိုင္တဲ့အတြက္ ႏွစ္ဖက္ေဆြးေႏြးအေျဖ ရွာၾကဖို႔လိုတယ္လို႔လည္း ဦးေဖသန္းက ေျပာပါတယ္။

ရခိုင္ျပည္နယ္မွာ စစ္ေကာင္စီတပ္နဲ႔ ရကၡိဳင့္တပ္ေတာ္ (AA) တို႔ဟာ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာကစလို႔ ၂၀၂၀ ျပည့္ႏွစ္ ႏိုဝင္ဘာအထိ တိုက္ပြဲေတြ ျပင္းျပင္းထန္ထန္ ျဖစ္ပြားခဲ့ တာပါ။ အဲဒီေနာက္ ႏွစ္ဖက္နားလည္မႈနဲ႔ ႏွစ္ႏွစ္နီးပါးၾကာ တိုက္ပြဲရပ္စဲေနခဲ့တာ ျဖစ္ၿပီး ၿပီးခဲ့တဲ့ ေမလေလာက္ကစလို႔ စစ္ေရးတင္းမာလာခဲ့တာ ျဖစ္ပါတယ္။source-RFA

ရခိုင်မှာ တစ်ကျော့ပြန်တိုက်ပွဲ ပြင်းထန်လာ

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နှစ်နှစ်နီးပါး တိုက်ပွဲတွေ ရပ်စဲခဲ့တဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ အကြား တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ပလက်ဝမြို့နယ်မှာတော့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ရက်ပေါင်း ၂၀ နီးပါး တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ကုန်သွယ်ရေးလမ်းတွေကို ပိတ်ထားတာကြောင့် ဒေသခံတွေ အခက်အခဲ ဖြစ်နေကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“တိုက်ပွဲတွေ ဖြစ်နေတာကိုတော့ ကျနော်တို့ ကြားရတယ်။ လက်နက်ကြီးတွေ ပစ်တယ်။ မနေ့ကဆိုရင်လည်း ၁၀ နာရီကပစ်တာ။ အခုဆိုရင် တိုက်ပွဲဖြစ်တာ ရက်ပေါင်း နှစ်ဆယ်ကျော်ပြီ။ အဲဒီတိုက်ပွဲကြောင့် တစ်ပတ်မှာ တစ်ကြိမ်တက်နေတဲ့ သင်္ဘောလည်း မတက်တော့ ပလက်ဝမြို့နယ်မှာ ကုန်စည်စီးဆင်းမှု မရှိဘူး။ စားသုံးဆီတွေလည်း မရှိတော့ဘူး။ ဆန်ဈေးကလည်း အရင်က ခြောက်သောင်းကျော်လောက်ပဲရှိတာ အခု တစ်သိန်းကျော်သွားပြီ”

ဩဂုတ် ၁၃ ရက်နေ့က ပလက်ဝမြို့နယ် သူဌေးကုန်းကျေးရွာ မြောက်ဘက် (၁.၂) ကီလိုမီတာ (မိုင်ဝက်ကျော် လောက်) အကွာမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနေရာတစ်ဝိုက်မှာ တိုက်ပွဲဖြစ်ပွားနေတာ နှစ်ပတ်လောက်ရှိနေပြီလို့ ရက္ခိုင့်တပ်တော် (AA) က ဩဂုတ်လ ၁၅ ရက် မနေ့က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ အဝေးကနေ လက်နက်ကြီးတွေနဲ့ အဓိကထားပြီး ပစ်ခတ်နေတယ်လို့လည်း ဆိုပါတယ်။

မောင်တောမြို့နယ် မြောက်ပိုင်းမှာလည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့က တိုက်ပွဲ နှစ်ကြိမ် ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက် ဩဂုတ် ၁၃ ရက်နေ့မှာ ရသေ့တောင်နဲ့ မောင်တောမြို့နယ် က နေရာသုံးခုမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ပွဲကြောင့် စစ်ကောင်စီတပ်က ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စတဲ့ မြို့နယ်တွေကို ဆက်သွယ်ထားတဲ့ လမ်းတွေကို အကန့်အသတ်မရှိ ပိတ်ထားတယ်လို့ ရသေ့တောင်မြို့ခံ ကိုကျော်မင်းခိုင်က ပြောပါတယ်။

“အခုတော့ တိုက်ပွဲဖြစ်တဲ့နေ့ကစပြီးတော့ အငူမော်၊ ဘူးသီးတောင်၊ မောင်တော ဆက်သွယ်ထားတဲ့ ကားလမ်းကို စစ်ကောင်စီတပ်က ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်တယ်။ အခုထိ သွားလာလို့ မရဘူး။ အဲဒီဘက်မှာ စားဝတ်နေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုကအစ အခက်အခဲဖြစ်နေကြတယ်။ အခု အခြေအနေထိ တော့ အဲဒီဘက်ကို သွားလာလို့မရဘူး။ လက်နက်ကြီးသံတွေကလည်း မနေ့ကအထိ ကြားနေရတယ်”

ရသေ့တောင်မြို့နယ် တိုက်ပွဲကြောင့် ချိန်ခါလီ၊ ကိုးတန်ကောက်၊ ကြံတိုင်းအောင် စတဲ့ ကျေးရွာတွေက ဒေသခံ ၁၅၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ကိုကျော်မင်းခိုင်က ပြောပါတယ်။

ဒီတိုက်ပွဲတွေနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ မနေ့က ထုတ်ပြန်ချက်မှာတော့ ဩဂုတ် ၁၃ ရက်နေ့က ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာရဲ့ မြောက်ဘက် ၁.၅ ကီလိုမီတာ (တစ်မိုင်နီးပါး) အကွာမှာ နှစ်နာရီနီးပါးကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်က သေဆုံးသူ ၃၁ ဦးနဲ့ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မောင်တောမြို့နယ် ကျောက်ပန်းတူကျေးရွာအနီးနဲ့ မောင်တောမြို့နယ် မြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင်အမှတ် ၄၀ အနီးမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ခြောက်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီတိုက်ပွဲတွေအတွင်း ရက္ခိုင့်တပ်တော် (AA) ဘက်က တပ်ဖွဲ့ဝင်တချို့ သေဆုံးထိခိုက် ဒဏ်ရာရတာရှိပြီး အရေအတွက် အတိအကျကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။ရက္ခိုင့်တပ်တော် (AA) ရဲ့ ထုတ်ပြန်ချက်ပါ ထိခိုက်မှုအရေအတွက်နဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်ကောင်စီတပ်ဟာ ရခိုင်ဒေသအနှံ့ကို လက်နက်၊ ခဲယမ်း၊ လူအင်အားတွေကို ရဟတ်ယာဉ်၊ စစ်သင်္ဘော၊ စစ်ကားကြီးတွေနဲ့ ပြောင်းရွှေ့နေတာကြောင့် တိုက်ပွဲတွေ ပိုကျယ်ပြန့်လာနိုင်တယ်လို့လည်း အေအေ အဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။ ရက္ခိုင့်တပ်တော် (AA) အနေနဲ့တော့ စစ်ကောင်စီတပ်ရဲ့ စစ်ဆင်ရေးတွေ၊ ထိုးစစ်တွေကို ညီနောင်မဟာမိတ် အဖွဲ့အစည်းတွေ၊ ပြည်သူလူထု တစ်ရပ်လုံးနဲ့ ဟန်ချက်ညီညီ ပူးပေါင်းပြီး ပြန်လည်ခုခံတိုက်ခိုက်သွားမယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိ၊ အသွားအလာသတိကို အထူးဂရုစိုက်ဖို့ ကိုလည်း အေအေ အဖွဲ့က ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။ရက္ခိုင့်တပ်တော် (AA) ရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ကိုသိနိုင်ဖို့ ရခိုင် ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ရခိုင်ပြည်နယ်မှာ ပြန်လည်ဖြစ်ပွားလာနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက် က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ပတ်သက်လို့တော့ ဒါဟာ အေအေအဖွဲ့ရဲ့ ရန်စမှုဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက အရင်ကလုပ်တဲ့ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့တွေအကြား ပြေလည်အောင် မညှိနှိုင်း နိုင်ရင် တိုက်ပွဲတွေ ပိုပြီးကျယ်ပြန့်လာမယ်လို့ ရခိုင် ဝါရင့် နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ထောက်ပြပါတယ်။

“ဒီလို တိုက်ပွဲတွေ မဖြစ်စေချင်ဘူးဆိုရင် ညှိနှိုင်းမှုရှိရမယ်။ ညှိနှိုင်းလို့ မရနိုင်ဘူး ဆိုရင်တော့ ဒီတိုက်ပွဲတွေ ကျယ်ပြန့်လာမယ်။ ပြည်သူတွေ ထိခိုက်နစ်နာမှုတွေ များလာမယ်။ ဒါကြောင့် သူတို့နှစ်ဖွဲ့ရဲ့ ဆွေးနွေးမှုက အရေးကြီးပါတယ်။ အဲဒီလို မဟုတ်ရင်တော့ တစ်နေရာမှာမဟုတ်ရင် တစ်နေရာမှာ တိုက်ပွဲတွေထပ်ပြီး ဖြစ်လာနိုင်တယ်လို့ မြင်ပါတယ်”

တိုက်ပွဲတွေ ပိုမိုကျယ်ပြန့်လာရင် ဒေသခံပြည်သူတွေ ထိခိုက်လာနိုင်တဲ့အတွက် နှစ်ဖက်ဆွေးနွေးအဖြေ ရှာကြဖို့လိုတယ်လို့လည်း ဦးဖေသန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာကစလို့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာအထိ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ တာပါ။ အဲဒီနောက် နှစ်ဖက်နားလည်မှုနဲ့ နှစ်နှစ်နီးပါးကြာ တိုက်ပွဲရပ်စဲနေခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ မေလလောက်ကစလို့ စစ်ရေးတင်းမာလာခဲ့တာ ဖြစ်ပါတယ်။source-RFA