Local News

မိုးက်ေ႐ႊကိုယ္မ်ား အစုလိုက္အၿပဳံလိုက္ အရပ္ဘက္ဝန္ႀကီးဌာနမ်ားသို႔ ေရာက္ရွိလာ

မိုးက်ေ႐ႊကိုယ္မ်ား အစုလိုက္အၿပဳံလိုက္ အရပ္ဘက္ဝန္ႀကီးဌာနမ်ားသို႔ ေရာက္ရွိလာ

001 ႏွင့္ SW

မဇၥ်ိမ။ ။ ျပည္ေထာင္စုရာထူးဝန္အဖြဲ႕သို႔ စစ္ေကာင္စီတပ္မွစစ္သား ၆၀၀ ေက်ာ္ေျပာင္းေ႐ႊ႕တာဝန္ခ်ထားျခင္းႏွင့္ အတူ အရပ္ဘက္သို႔ အစုလိုက္အၿပဳံလိုက္ေ႐ႊ႕ေျပာင္းထားမႈမ်ား စစ္ေကာင္စီက ျပဳလုပ္လာခဲ့သည္ကို မဇၩိမက စုံစမ္းသိရွိရသည္။ပုံမွန္အားျဖင့္ အရာထမ္း၊ အမႈထမ္း စုစုေပါင္း ၃၀၀၀ ေက်ာ္ရွိေသာ ျပည္ေထာင္စုရာထူးဝန္အဖြဲ႕သို႔ မၾကာေသးခင္က စစ္သား ၆၃၀ ေျပာင္းေ႐ႊ႕လိုက္သည္။

ေဖာင္ႀကီးရွိ ေအာက္ျမန္မာျပည္ ႏိုင္ငံ့ဝန္ထမ္းတကၠသိုလ္သို႔ ၃၀၀၊ ဇီးပင္ႀကီးရွိ အထက္ျမန္မာျပည္ ႏိုင္ငံ့ဝန္ထမ္းတကၠသိုလ္သို႔ ၃၀၀ ႏွင့္ ႐ုံးခ်ဳပ္သို႔ ၃၀ ပို႔ခဲ့သည္။ အရပ္ဝတ္လဲ စစ္သားမ်ားတြင္ အျခားအဆင့္မွသည္ ဒုဗိုလ္မႉးႀကီးအဆင့္ထိပါဝင္သည္ကိုေတြ႕ရသည္။

အလားတူေ႐ႊ႕ေျပာင္းမႈမ်ားကို ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးဝန္ႀကီးဌာန၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံး၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနတို႔တြင္လည္းေတြ႕ရသည္။

စစ္ဘက္အရာရွိအဆင့္ ၁၃ ဦးသည္ ပို႔ဆက္၊ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးဝန္ႀကီးဌာနႏွင့္ ေ႐ြးေကာ္႐ုံးတို႔တြင္ ေျပာင္းေ႐ႊ႕တာဝန္ထမ္းေဆာင္လွ်က္ရွိၾကသည္။

ဗိုလ္မႉး ေဇာ္ျမတ္ဝင္း၊ ဗိုလ္မႉး ေနဟိန္း၊ ဗိုလ္မႉး ၿဖိဳးေက်ာ္သူတို႔ သုံးဦးမွာ လက္ေထာက္ၫႊန္ၾကားေရးမႉးရာထူးျဖင့္လည္းေကာင္း၊ ဗိုလ္ႀကီး ေက်ာ္ယုတင္၊ ဗိုလ္ႀကီး စိုးေက်ာ္သူ၊ ဗိုလ္ႀကီး ဟိန္းစည္သူေအာင္၊ ဗိုလ္ႀကီး ရဲရင့္တို႔ ေလးဦးမွာ ဦးစီးအရာရွိမ်ားအျဖစ္လည္းေကာင္း ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးဝန္ႀကီးဌာန (၁) အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈဦးစီးဌာနတြင္ ဇြန္လ ၂၄ရက္ေန႔က စၿပီး စတင္တာဝန္ထမ္းေဆာင္လ်က္ရွိသည္။

ဗိုလ္ႀကီး ဝင္းကိုကို၊ ဗိုလ္ႀကီးေအာင္စည္သူမ်ိဳး၊ ဗိုလ္ႀကီးေကာင္းျမတ္ေအာင္တို႔ကို အထူးကုဆရာဝန္မ်ားအျဖစ္လည္းေကာင္း၊ ဗိုလ္ႀကီးေဇာ္နန္းေဝ၊ ဗိုလ္ႀကီး ေနလင္းဇင္ေမာင္တို႔ကို လက္ေထာက္ဆရာဝန္မ်ားအျဖစ္လည္းေကာင္း ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန ျမန္မာ့မီးရထားတြင္ ဇြန္လ ၂၂ရက္ေန႔က စၿပီး ေျပာင္းေ႐ႊ႕တာဝန္ထမ္းေဆာင္ခြင့္ျပဳခဲ့သည္ကို မဇၩိမက စုံစမ္းသိရွိရသည္။

ကာကြယ္​ေရးဝန္ႀကီးဌာန၊ စစ္တကၠသိုလ္မွ ဒုတိယဗိုလ္မႉးႀကီး ​ေက်ာ္ကိုလတ္ကို ျပည္​ေထာင္စု​ေ႐ြး​ေကာက္ပြဲ​ေကာ္မရွင္႐ုံးတြင္ ဒုတိယၫႊန္ၾကား​ေရးမႉးရာထူးျဖင့္ ခန႔္ထားလိုက္ေၾကာင္း ၾသဂုတ္လ ၅ရက္​ေန႔ထုတ္ ျမန္မာႏိုင္ငံ ျပန္တမ္းတြင္ ေဖာ္ျပထားသည္။

ဇြန္လအစပိုင္းကလည္း စစ္ဘက္အရာရွိ ေျခာက္ဦးကို ဗဟိုဘဏ္တြင္ ဒုတိယၫႊန္ၾကားေရးမႉးရာထူးျဖင့္ ေျပာင္းေ႐ႊ႕ခဲ့ေသးသည္။ ျမန္မာႏိုင္ငံျပန္တမ္းတြင္ ​ေဖာ္ျပထားခ်က္အရ ဇြန္လအတြင္း စစ္ဘက္မွ အရပ္ဘက္​သို႔ေျပာင္း​ေ႐ႊ႕သူ ၁၉ ဦးအထိရွိသည္။

ထို႔အျပင္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတဦးဝင္းျမင့္ႏွင့္ ေနျပည္ေတာ္ၿမိဳ႕ေတာ္ဝန္ေဒါက္တာမ်ိဳးေအာင္တို႔ကို ပုဒ္မ ၅၀၅(ခ)ျဖင့္ တရားစြဲဆိုရာတြင္ တရားလိုျဖစ္သည့္ ဒကၡိဏခ႐ိုင္ ဒု-အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးစိုးစိုးေ႐ႊကို ၾကာအင္းဆိပ္ႀကီးခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးအျဖစ္ ေျပာင္းေ႐ႊ႕လိုက္ေၾကာင္းလည္းဩဂုတ္လ ၅ရက္ေန႔ထုတ္ ျပန္တမ္းအရ သိရသည္။

” စစ္တပ္ထဲ အဆက္သြယ္ရွိၿပီး ေငြမ်ားမ်ားေပးႏိုင္မွသာ အရပ္ဘက္ေရာက္တာပါ။ (သူတို႔ေ႐ႊ႕ေျပာင္းခြင့္ရေအာင္) ေထာက္ခံသူေတြက ေအာင္လင္းေဒြး၊ စိုးဝင္းတို႔လို႔ စကစမွာ အေရးပါသူေတြပါ” ဟု ေနျပည္ေတာ္ရွိ သတင္းရင္းျမစ္တစ္ခုက ေျပာသည္။ စစ္ေကာင္စီ ဒုတိယဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းႏွင့္ စစ္ေကာင္စီအဖြဲ႕ဝင္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးေအာင္လင္းေဒြးတို႔ကို သူက ရည္ၫႊန္းေျပာဆိုျခင္းျဖစ္သည္။

လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနတြင္ လူသစ္ခန႔္ရန္ေနရာလြတ္မရွိ၍ ဝန္ႀကီးျဖစ္သူ ဦးခင္ရီက လက္မခံခ်င္ေသာ္လည္း အထက္ပုဂၢိဳလ္မ်ားလက္မွတ္ပါရွိေသာစာမ်ားႏွင့္ျဖစ္၍ လက္ခံထားရသည္ဟု သတင္းရင္းျမစ္ကေျပာသည္။

ဒုဗိုလ္မႉးႀကီးအဆင့္က အရပ္ဘက္တြင္ ဒုၫႊန္ၾကားေရးမႉးအဆင့္ျဖစ္ေသာ္လည္း မိုးက်ေ႐ႊကိုယ္မ်ားဟု နာမည္ဆိုးျဖင့္ေက်ာ္ၾကားသူမ်ားက တစ္ဆင့္ျမင့္ရာထူးျဖစ္ေသာ ၫႊန္ၾကားေရးမႉးရာထူးယူတတ္ၾကသည္။

ေ႐ြးေကာက္ခံ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) အစိုးရလက္ထက္ေနာက္ပိုင္းႏွစ္မ်ားတြင္ စစ္ဘက္မွအရပ္ဘက္ေျပာင္းေ႐ႊ႕မႈမ်ားကို ေလ်ာ့ခ်ခဲ့သည္။

စာတည္း။ ။ စိန္ဝင္း

မိုးကျရွှေကိုယ်များ အစုလိုက်အပြုံလိုက် အရပ်ဘက်ဝန်ကြီးဌာနများသို့ ရောက်ရှိလာ

001 နှင့် SW

မဇ္ဈိမ။ ။ ပြည်ထောင်စုရာထူးဝန်အဖွဲ့သို့ စစ်ကောင်စီတပ်မှစစ်သား ၆၀၀ ကျော်ပြောင်းရွှေ့တာဝန်ချထားခြင်းနှင့် အတူ အရပ်ဘက်သို့ အစုလိုက်အပြုံလိုက်ရွှေ့ပြောင်းထားမှုများ စစ်ကောင်စီက ပြုလုပ်လာခဲ့သည်ကို မဇ္ဈိမက စုံစမ်းသိရှိရသည်။ပုံမှန်အားဖြင့် အရာထမ်း၊ အမှုထမ်း စုစုပေါင်း ၃၀၀၀ ကျော်ရှိသော ပြည်ထောင်စုရာထူးဝန်အဖွဲ့သို့ မကြာသေးခင်က စစ်သား ၆၃၀ ပြောင်းရွှေ့လိုက်သည်။

ဖောင်ကြီးရှိ အောက်မြန်မာပြည် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်သို့ ၃၀၀၊ ဇီးပင်ကြီးရှိ အထက်မြန်မာပြည် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်သို့ ၃၀၀ နှင့် ရုံးချုပ်သို့ ၃၀ ပို့ခဲ့သည်။ အရပ်ဝတ်လဲ စစ်သားများတွင် အခြားအဆင့်မှသည် ဒုဗိုလ်မှူးကြီးအဆင့်ထိပါဝင်သည်ကိုတွေ့ရသည်။

အလားတူရွှေ့ပြောင်းမှုများကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့တွင်လည်းတွေ့ရသည်။

စစ်ဘက်အရာရှိအဆင့် ၁၃ ဦးသည် ပို့ဆက်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနနှင့် ရွေးကော်ရုံးတို့တွင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်လျှက်ရှိကြသည်။

ဗိုလ်မှူး ဇော်မြတ်ဝင်း၊ ဗိုလ်မှူး နေဟိန်း၊ ဗိုလ်မှူး ဖြိုးကျော်သူတို့ သုံးဦးမှာ လက်ထောက်ညွှန်ကြားရေးမှူးရာထူးဖြင့်လည်းကောင်း၊ ဗိုလ်ကြီး ကျော်ယုတင်၊ ဗိုလ်ကြီး စိုးကျော်သူ၊ ဗိုလ်ကြီး ဟိန်းစည်သူအောင်၊ ဗိုလ်ကြီး ရဲရင့်တို့ လေးဦးမှာ ဦးစီးအရာရှိများအဖြစ်လည်းကောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဦးစီးဌာနတွင် ဇွန်လ ၂၄ရက်နေ့က စပြီး စတင်တာဝန်ထမ်းဆောင်လျက်ရှိသည်။

ဗိုလ်ကြီး ဝင်းကိုကို၊ ဗိုလ်ကြီးအောင်စည်သူမျိုး၊ ဗိုလ်ကြီးကောင်းမြတ်အောင်တို့ကို အထူးကုဆရာဝန်များအဖြစ်လည်းကောင်း၊ ဗိုလ်ကြီးဇော်နန်းဝေ၊ ဗိုလ်ကြီး နေလင်းဇင်မောင်တို့ကို လက်ထောက်ဆရာဝန်များအဖြစ်လည်းကောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားတွင် ဇွန်လ ၂၂ရက်နေ့က စပြီး ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခွင့်ပြုခဲ့သည်ကို မဇ္ဈိမက စုံစမ်းသိရှိရသည်။

ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်တက္ကသိုလ်မှ ဒုတိယဗိုလ်မှူးကြီး ကျော်ကိုလတ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် ဒုတိယညွှန်ကြားရေးမှူးရာထူးဖြင့် ခန့်ထားလိုက်ကြောင်း သြဂုတ်လ ၅ရက်နေ့ထုတ် မြန်မာနိုင်ငံ ပြန်တမ်းတွင် ဖော်ပြထားသည်။

ဇွန်လအစပိုင်းကလည်း စစ်ဘက်အရာရှိ ခြောက်ဦးကို ဗဟိုဘဏ်တွင် ဒုတိယညွှန်ကြားရေးမှူးရာထူးဖြင့် ပြောင်းရွှေ့ခဲ့သေးသည်။ မြန်မာနိုင်ငံပြန်တမ်းတွင် ဖော်ပြထားချက်အရ ဇွန်လအတွင်း စစ်ဘက်မှ အရပ်ဘက်သို့ပြောင်းရွှေ့သူ ၁၉ ဦးအထိရှိသည်။

ထို့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် နေပြည်တော်မြို့တော်ဝန်ဒေါက်တာမျိုးအောင်တို့ကို ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုရာတွင် တရားလိုဖြစ်သည့် ဒက္ခိဏခရိုင် ဒု-အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးစိုးရွှေကို ကြာအင်းဆိပ်ကြီးခရိုင်အုပ်ချုပ်ရေးမှူးအဖြစ် ပြောင်းရွှေ့လိုက်ကြောင်းလည်းဩဂုတ်လ ၅ရက်နေ့ထုတ် ပြန်တမ်းအရ သိရသည်။

” စစ်တပ်ထဲ အဆက်သွယ်ရှိပြီး ငွေများများပေးနိုင်မှသာ အရပ်ဘက်ရောက်တာပါ။ (သူတို့ရွှေ့ပြောင်းခွင့်ရအောင်) ထောက်ခံသူတွေက အောင်လင်းဒွေး၊ စိုးဝင်းတို့လို့ စကစမှာ အရေးပါသူတွေပါ” ဟု နေပြည်တော်ရှိ သတင်းရင်းမြစ်တစ်ခုက ပြောသည်။ စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးတို့ကို သူက ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် လူသစ်ခန့်ရန်နေရာလွတ်မရှိ၍ ဝန်ကြီးဖြစ်သူ ဦးခင်ရီက လက်မခံချင်သော်လည်း အထက်ပုဂ္ဂိုလ်များလက်မှတ်ပါရှိသောစာများနှင့်ဖြစ်၍ လက်ခံထားရသည်ဟု သတင်းရင်းမြစ်ကပြောသည်။

ဒုဗိုလ်မှူးကြီးအဆင့်က အရပ်ဘက်တွင် ဒုညွှန်ကြားရေးမှူးအဆင့်ဖြစ်သော်လည်း မိုးကျရွှေကိုယ်များဟု နာမည်ဆိုးဖြင့်ကျော်ကြားသူများက တစ်ဆင့်မြင့်ရာထူးဖြစ်သော ညွှန်ကြားရေးမှူးရာထူးယူတတ်ကြသည်။

ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်နောက်ပိုင်းနှစ်များတွင် စစ်ဘက်မှအရပ်ဘက်ပြောင်းရွှေ့မှုများကို လျော့ချခဲ့သည်။

စာတည်း။ ။ စိန်ဝင်း