Local News

စစ္ကိုင္းတံတားေပၚမွ ပစ္ခတ္မႈ PDF တပ္ဖြဲ႕ဝင္ ၃ ဦး က်ဆုံးကာ…

စစ္ကိုင္းတံတားေပၚမွ ပစ္ခတ္မႈ PDF တပ္ဖြဲ႕ဝင္ ၃ ဦး က်ဆုံးကာ…

စစ္ကိုင္း၊ ဩဂုတ္ ၁၇

လူငယ့္ေခတ္

မႏၲေလးၿမိဳ႕ႏွင့္ စစ္ကိုင္းၿမိဳ႕သို႔ ဆက္သြယ္ထားသည့္ ရတနာပုံတံတား (စစ္ကိုင္းတံတား) ထိပ္ စစ္ကိုင္းဘက္အျခမ္း၌ ခရီးသည္တင္ Express ကို အၾကမ္းဖက္စစ္ေကာင္စီတပ္က တားျမစ္စစ္ေဆးရာမွ အျပန္အလွန္ပစ္ခတ္မႈ ျဖစ္ပြားခဲ့ၿပီး PDF တပ္ဖြဲ႕ဝင္ လူငယ္ ၃ ဦး က်ဆုံးခဲ့ေၾကာင္း ၿမိဳ႕ခံမ်ားထံကသိရသည္။

ယေန႔ ဩဂုတ္လ ၁၇ ရက္ နံနက္ ၈ နာရီေက်ာ္က စစ္ကိုင္းတံတားထိပ္တြင္ ခရီးသည္တင္ ကားတစ္စီးကို စစ္အုပ္စု က တားျမစ္စစ္ ေဆးခဲ့ရာ ကားေပၚပါ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္ ၃ ဦးက ျပန္လည္ပစ္ခတ္ခဲ့ၿပီး ပစ္ခတ္မႈ အေတာ္ၾကာ ျဖစ္ခဲ့ေၾကာင္း စစ္ကိုင္းၿမိဳ႕ခံမ်ားထံကသိရသည္။

“အခ်က္ေရ ၁၀၀ ေက်ာ္ေလာက္ ေတာ္ေတာ္ၾကာတယ္ ပစ္ၾကတာ။ အခုေတာ့ တံတားကို ပိတ္ခ်လိုက္တယ္။ ဘယ္သူမွျဖတ္ခြင့္မရွိ ေသးဘူး “ဟု ေဒသခံတစ္ဦးကေျပာသည္။

အဆိုပါပစ္ခတ္မႈျဖစ္စဥ္တြင္ ကားေပၚပါျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္ ၃ ဦး က်ဆုံးခဲ့ၿပီး အၾကမ္းဖက္စစ္ ေကာင္စီတပ္ဖြဲ႕ဝင္တခ်ိဳ႕ လည္း က်ဆုံးခဲ့ေၾကာင္း ေျမျပင္သတင္းအဖြဲ႕မ်ားက ထုတ္ျပန္ထားၿပီး ျဖစ္စဥ္ႏွင့္ပတ္သက္၍လူငယ့္ေခတ္မွ အေသးစိတ္အတည္ ျပဳခ်က္မရရွိေသးပါ။

လက္ရွိ၌ စစ္ကိုင္းႏွင့္မႏၲေလးကိုျဖတ္သည့္ ျမစ္ကူးတံတားကို စစ္အုပ္စုက ျဖတ္သန္းသြားလာခြင့္ ပိတ္ထားေၾကာင္းသိရသည္။

Lungekhit

စစ်ကိုင်းတံတားပေါ်မှ ပစ်ခတ်မှု PDF တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးကာ…

စစ်ကိုင်း၊ ဩဂုတ် ၁၇

လူငယ့်ခေတ်

မန္တလေးမြို့နှင့် စစ်ကိုင်းမြို့သို့ ဆက်သွယ်ထားသည့် ရတနာပုံတံတား (စစ်ကိုင်းတံတား) ထိပ် စစ်ကိုင်းဘက်အခြမ်း၌ ခရီးသည်တင် Express ကို အကြမ်းဖက်စစ်ကောင်စီတပ်က တားမြစ်စစ်ဆေးရာမှ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး PDF တပ်ဖွဲ့ဝင် လူငယ် ၃ ဦး ကျဆုံးခဲ့ကြောင်း မြို့ခံများထံကသိရသည်။

ယနေ့ ဩဂုတ်လ ၁၇ ရက် နံနက် ၈ နာရီကျော်က စစ်ကိုင်းတံတားထိပ်တွင် ခရီးသည်တင် ကားတစ်စီးကို စစ်အုပ်စု က တားမြစ်စစ် ဆေးခဲ့ရာ ကားပေါ်ပါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးက ပြန်လည်ပစ်ခတ်ခဲ့ပြီး ပစ်ခတ်မှု အတော်ကြာ ဖြစ်ခဲ့ကြောင်း စစ်ကိုင်းမြို့ခံများထံကသိရသည်။

“အချက်ရေ ၁၀၀ ကျော်လောက် တော်တော်ကြာတယ် ပစ်ကြတာ။ အခုတော့ တံတားကို ပိတ်ချလိုက်တယ်။ ဘယ်သူမှဖြတ်ခွင့်မရှိ သေးဘူး “ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါပစ်ခတ်မှုဖြစ်စဉ်တွင် ကားပေါ်ပါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့ပြီး အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့ဝင်တချို့ လည်း ကျဆုံးခဲ့ကြောင်း မြေပြင်သတင်းအဖွဲ့များက ထုတ်ပြန်ထားပြီး ဖြစ်စဉ်နှင့်ပတ်သက်၍လူငယ့်ခေတ်မှ အသေးစိတ်အတည် ပြုချက်မရရှိသေးပါ။

လက်ရှိ၌ စစ်ကိုင်းနှင့်မန္တလေးကိုဖြတ်သည့် မြစ်ကူးတံတားကို စစ်အုပ်စုက ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်းသိရသည်။

Lungekhit