Local News

ၿငိမ္းခ်မ္းေရးလာမေဆြးေႏြးတဲ့ EAO အဖြဲ႕ေတြကို နားမလည္ႏိုင္ျဖစ္ေနတယ္လို႔ စစ္ေခါင္းေဆာင္ေျပာ

ၿငိမ္းခ်မ္းေရးလာမေဆြးေႏြးတဲ့ EAO အဖြဲ႕ေတြကို နားမလည္ႏိုင္ျဖစ္ေနတယ္လို႔ စစ္ေခါင္းေဆာင္ေျပာ

ဧရာဝတီတိုင္းမ္

ၾသဂုတ္လ ၁၇ ရက္

ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကိုမတက္ေရာက္တဲ့ EAO အဖြဲ႕ေတြကို နားမလည္ႏိုင္ျဖစ္ေနတယ္လို႔ စစ္အာဏာသိမ္းေခါင္းေဆာင္ မင္းေအာင္လႈိင္က ေျပာဆိုလိုက္ပါတယ္။

ၾသဂုတ္လ ၁၆ ရက္ မေန႔က ေနျပည္ေတာ္မွာျပဳလုပ္တဲ့ စစ္ေကာင္စီအစည္း အေဝးမွာ သူ႔ရဲ႕လက္ေအာက္ခံဝန္ႀကီးေတြကို အခုလိုေျပာဆိုခဲ့တာပါ။

KNU၊KIA၊CNF၊KNPP စတဲ့ EAO အဖြဲ႕ေတြဘက္က ေတာ့ ပါဝင္သင့္ ပါဝင္ထိုက္သူေတြအားလုံးပါဝင္တဲ့ အခ်ိန္မွသာ ၿငိမ္းခ်မ္းေရးအတြက္ေဆြးေႏြးမယ္လို႔တုန္႔ျပန္ေျပာဆိုထားတာပါ။

ဧၿပီလ ၂၂ ရက္ေန႔ကေန ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ဆိုၿပီး စစ္ေခါင္းေဆာင္က ကမ္းလွမ္းတဲ့အေပၚ လက္ရွိစစ္ေကာင္စီတပ္နဲ႔ တိုက္ပြဲျဖစ္ပြားမႈမရွိတဲ့ EAO အဖြဲ႕ ၁၀ ခုက တက္ေရာက္ေဆြးေႏြးခဲ့ပါတယ္။

လက္ရွိမွာလည္း စစ္ေကာင္စီဘက္ကတိုင္းရင္းသားနယ္ ေျမေတြမွာ ရဟတ္ယာဥ္၊တိုက္ေလယာဥ္ေတြပါ အသုံးျပဳတိုက္ခိုက္ေနလို႔ ေဒသခံေတြထြက္ေျပးတိမ္း ေရွာင္ေနရၿပီး တိုက္ပြဲေတြျပင္းထန္ပါတယ္။

AyeyarwaddyTimes

ငြိမ်းချမ်းရေးလာမဆွေးနွေးတဲ့ EAO အဖွဲ့တွေကို နားမလည်နိုင်ဖြစ်နေတယ်လို့ စစ်ခေါင်းဆောင်ပြော

ဧရာဝတီတိုင်းမ်

သြဂုတ်လ ၁၇ ရက်

ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုမတက်ရောက်တဲ့ EAO အဖွဲ့တွေကို နားမလည်နိုင်ဖြစ်နေတယ်လို့ စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

သြဂုတ်လ ၁၆ ရက် မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီအစည်း အဝေးမှာ သူ့ရဲ့လက်အောက်ခံဝန်ကြီးတွေကို အခုလိုပြောဆိုခဲ့တာပါ။

KNU၊KIA၊CNF၊KNPP စတဲ့ EAO အဖွဲ့တွေဘက်က တော့ ပါဝင်သင့် ပါဝင်ထိုက်သူတွေအားလုံးပါဝင်တဲ့ အချိန်မှသာ ငြိမ်းချမ်းရေးအတွက်ဆွေးနွေးမယ်လို့တုန့်ပြန်ပြောဆိုထားတာပါ။

ဧပြီလ ၂၂ ရက်နေ့ကနေ ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး စစ်ခေါင်းဆောင်က ကမ်းလှမ်းတဲ့အပေါ် လက်ရှိစစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ EAO အဖွဲ့ ၁၀ ခုက တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီဘက်ကတိုင်းရင်းသားနယ် မြေတွေမှာ ရဟတ်ယာဉ်၊တိုက်လေယာဉ်တွေပါ အသုံးပြုတိုက်ခိုက်နေလို့ ဒေသခံတွေထွက်ပြေးတိမ်း ရှောင်နေရပြီး တိုက်ပွဲတွေပြင်းထန်ပါတယ်။

AyeyarwaddyTimes