Local News

ေကာ့ကရိတ္တြင္ အၾကမ္းဖက္စစ္တပ္ႏွင့္ မဟာမိတ္ ျပည္သူ႔ကာကြယ္ေရးတပ္မ်ား တိုက္ပြဲျဖစ္

ေကာ့ကရိတ္တြင္ အၾကမ္းဖက္စစ္တပ္ႏွင့္ မဟာမိတ္ ျပည္သူ႔ကာကြယ္ေရးတပ္မ်ား တိုက္ပြဲျဖစ္၊ စစ္တပ္က သံခ်ပ္ကာကားမ်ားႏွင့္ စက္ေသနတ္ တင္ကားမ်ားကို အသုံးျပဳ

ရန္ကုန္၊ ဩဂုတ္ ၁၇

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕နယ္တြင္ အၾကမ္းဖက္ စစ္ေကာင္စီတပ္ႏွင့္ KNLA၊ PDF၊ DKBAခြဲထြက္ ပူးေပါင္းထား ေသာ မဟာမိတ္ ျပည္သူ႔ကာကြယ္ ေရးတပ္မ်ားအၾကား တိုက္ပြဲျဖစ္ပြားေနၿပီး စစ္တပ္ဘက္က သံခ်ပ္ကာကားမ်ား၊ စက္ေသနတ္တင္ ကားမ်ားကိုပါ အသုံးျပဳလာေၾကာင္း ေဒသခံမ်ားက ေျပာ သည္။

ဩဂုတ္လ ၁၇ ရက္ေန႔ ညေန ၅ နာရီခြဲအခ်ိန္မွစတင္ၿပီး ပစ္ခတ္မႈမ်ားျဖစ္ပြားေနျခင္းျဖစ္ၿပီး စစ္တပ္က လက္နက္ ႀကီး မ်ားျဖင့္လည္း ေတာက္ေလွ်ာက္ ပစ္ ခတ္ေနျခင္းျဖစ္ေၾကာင္း သိရွိရသည္။

“ေကာ့ကရိတ္ၿမိဳ႕ ေတာင္ဘက္ ေက်း႐ြာေတြျဖစ္တဲ့ ႐ြာသစ္၊ ကမိုင္ကုန္း အဲဒီဘက္ အျခမ္းမွာ လက္နက္ႀကီး လက္နက္ငယ္ ေတြ နဲ႔ ပစ္ခတ္ေနၾကတယ္။ ခုခ်ိန္ထိ အသံမတိတ္ ဘဲ ေဆာ္ေနၾကတာ။ လက္နက္ငယ္ေတြ ေတာက္ေလ်ာက္ ပစ္ေနတယ္။

အျပန္အလွန္ ခ်ေနတယ္။ စစ္ေခြးေတြဘက္ကေတာ့ ကားေပၚတင္ပစ္တဲ့ စတင္းဂန္း လိုမ်ိဳးဟာေတြပါတဲ့ကားေတြနဲ႔ ပါ ပစ္ေနတာ။ ခုခ်ိန္ထိ မိနစ္ ၂၀ေလာက္ ထိၾကာမယ္ထင္တယ္။ လက္နက္ႀကီးက ေတာ့ တစ္ခ်က္ ခ်င္းပဲ ပစ္တာ” ဟု ေဒသခံတစ္ဦးက ဆိုသည္။

ေကာ့ကရိတ္ေဒသခံတစ္ဦးကမူ စစ္တပ္က သံခ်ပ္ကာကားမ်ားႏွင့္ စစ္ေၾကာင္းမ်ား ခ်ီတက္သြားလာေနေၾကာင္း ေျပာဆိုသည္။

“က်မတို႔ေရွ႕ကတင္ သံခ်ပ္ကာကားေတြ တက္သြားတယ္။ ပစ္ခတ္သံကေတာ့ နည္းနည္းေလ်ာ့သြားၿပီ” ဟု ေဒသခံတစ္ဦးက ဆိုသည္။

ကော့ကရိတ်တွင် အကြမ်းဖက်စစ်တပ်နှင့် မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်တပ်က သံချပ်ကာကားများနှင့် စက်သေနတ် တင်ကားများကို အသုံးပြု

ရန်ကုန်၊ ဩဂုတ် ၁၇

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် KNLA၊ PDF၊ DKBAခွဲထွက် ပူးပေါင်းထား သော မဟာမိတ် ပြည်သူ့ကာကွယ် ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ဘက်က သံချပ်ကာကားများ၊ စက်သေနတ်တင် ကားများကိုပါ အသုံးပြုလာကြောင်း ဒေသခံများက ပြော သည်။

ဩဂုတ်လ ၁၇ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်မှစတင်ပြီး ပစ်ခတ်မှုများဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်တပ်က လက်နက် ကြီး များဖြင့်လည်း တောက်လျှောက် ပစ် ခတ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကော့ကရိတ်မြို့ တောင်ဘက် ကျေးရွာတွေဖြစ်တဲ့ ရွာသစ်၊ ကမိုင်ကုန်း အဲဒီဘက် အခြမ်းမှာ လက်နက်ကြီး လက်နက်ငယ် တွေ နဲ့ ပစ်ခတ်နေကြတယ်။ ခုချိန်ထိ အသံမတိတ် ဘဲ ဆော်နေကြတာ။ လက်နက်ငယ်တွေ တောက်လျောက် ပစ်နေတယ်။

အပြန်အလှန် ချနေတယ်။ စစ်ခွေးတွေဘက်ကတော့ ကားပေါ်တင်ပစ်တဲ့ စတင်းဂန်း လိုမျိုးဟာတွေပါတဲ့ကားတွေနဲ့ ပါ ပစ်နေတာ။ ခုချိန်ထိ မိနစ် ၂၀လောက် ထိကြာမယ်ထင်တယ်။ လက်နက်ကြီးက တော့ တစ်ချက် ချင်းပဲ ပစ်တာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ကော့ကရိတ်ဒေသခံတစ်ဦးကမူ စစ်တပ်က သံချပ်ကာကားများနှင့် စစ်ကြောင်းများ ချီတက်သွားလာနေကြောင်း ပြောဆိုသည်။

“ကျမတို့ရှေ့ကတင် သံချပ်ကာကားတွေ တက်သွားတယ်။ ပစ်ခတ်သံကတော့ နည်းနည်းလျော့သွားပြီ” ဟု ဒေသခံတစ်ဦးက ဆိုသည်။