Local News

တပ္ကပံုေတြတင္ရင္ fb ကျဖဳတ္ခ်ေနလို႔

တပ္ကပုံေတြတင္ရင္ fb ကျဖဳတ္ခ်ေနလို႔ ဘာ Standards နဲ႔မ်ားၿငိလို႔ ျဖဳတ္ခ်ပစ္ရတာလည္းလို႔ ေမးလိုက္တဲ့ ေဇာ္မင္းထြန္း

ျပည္တြင္းမွာ လူသုံးအမ်ားဆုံး လူမႈကြန္ရက္ ေဖ့စ္ဘြတ္ခ္ (Facebook) ကို ပိတ္ၿပီး လူမႈကြန္ရက္မီဒီယာတစ္ခု အစားထိုး တည္ေဆာက္သြားမယ္လို႔ စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ဩဂုတ္လ ၁၇ ရက္ ဒီေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

Facebook က အမ်ိဳးသားေရးနဲ႔ ပတ္သက္တဲ့ အေကာင့္ေတြ၊ ပို႔စ္ေတြကို ျဖဳတ္ခ်ေနတယ္လို႔ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ဆိုထားၿပီး ဒီအတြက္ အစားထိုးသုံးႏိုင္ဖို႔ လူမႈကြန္ရက္မီဒီယာတစ္ခု တည္ေဆာက္ဖို႔ စီစဥ္ေနတယ္လို႔ ဆိုပါတယ္။

“ႏွစ္နည္းနဲ႔ လုပ္ေဆာင္ေနပါတယ္။ နံပါတ္တစ္အေနနဲ႔က ကန႔္သတ္လိုက္တဲ့အခါမွာ ေက်ာ္လို႔ရတဲ့နည္းလမ္းနဲ႔ ေက်ာ္ေနတာ ရွိပါတယ္။ VPN ခံၿပီးေက်ာ္ေနတာရွိပါတယ္။ သို႔ေသာ္လည္း ဒီဟာကို ဆက္လက္လုပ္ေဆာင္ႏိုင္ျခင္းမရွိဖို႔ သက္ဆိုင္ရာဌာနေတြနဲ႔ ေဆာင္႐ြက္ေနပါတယ္။ သို႔ေသာ္ ေအာင္ျမင္မႈ အျပည့္အဝ မရေသးပါဘူး။ အဲဒီေနရာကို အစားထိုးႏိုင္ဖို႔အတြက္လည္း ဆိုရွယ္မီဒီယာ ပလက္ေဖာင္းတစ္ခုကို စီစဥ္ေဆာင္႐ြက္လ်က္ ရွိပါတယ္”

ဒီလူမႈကြန္ရက္မီဒီယာကို ပညာရွင္ေတြ၊ ျပည္တြင္းက ဝန္ႀကီးဌာန သုံးခုနဲ႔ ပူးေပါင္းၿပီး လုပ္ေဆာင္မယ္လို႔ ေျပာထားပါတယ္။စစ္ေကာင္စီက လူမႈကြန္ရက္မီဒီယာ လုပ္မယ္ဆိုတာဟာ အဓိပၸာယ္မရွိသလို ဒီလိုလုပ္ႏိုင္ရင္ေတာင္ သုံးၾကမွာမဟုတ္ဘူးလို႔ လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ Content Writer အျဖစ္ လုပ္ကိုင္ေနသူတစ္ဦးက ေျပာပါတယ္။

“အဓိပၸာယ္ရွိတယ္လို႔ကို မထင္ပါဘူး။ Facebook ကို ပိတ္လိုက္တယ္ပဲ ထားပါဦး တျခား Platform ေတြမွ အမ်ားႀကီး။ သူတို႔ကိုယ္ပိုင္ထြင္မယ္ဆိုတဲ့ဟာႀကီးကိုေတာ့ က်ေနာ္တို႔ လုံး၀ သုံးစရာ အေၾကာင္းလည္းမရွိဘူး။ Facebook က တပ္ထိပ္ပိုင္းေခါင္းေဆာင္တခ်ိဳ႕ရဲ႕ Personal Account ေတြ၊ သတင္းမွန္ျပန္ၾကားေရး Page ေတြ၊ တျခားေသာသူတို႔ရဲ႕ ဝါဒျဖန႔္မယ့္ မီဒီယာအမည္ခံေတြကို လိုက္ဖ်က္ခ်ေနလို႔ ခုလိုေျပာတာပဲ ထင္ပါတယ္။ သူတို႔ အဲဒီလိုမ်ိဳး လုပ္ႏိုင္တဲ့ အဆင့္ထိလည္း ေရာက္သြားမယ္ မထင္ပါဘူး”

စစ္ေကာင္စီအေနနဲ႔ လက္ရွိမွာလည္း Facebook ကို ပိတ္ပင္ထားေပမယ့္ မေအာင္ျမင္ေသးဘူးလို႔ စစ္ေကာင္စီေျပာခြင့္ရသူက ဝန္ခံပါတယ္။

ဒါ့အျပင္ ႐ုရွားႏိုင္ငံက ေသနတ္ပစ္ၿပိဳင္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္တဲ့ စစ္ေကာင္စီတပ္သားေတြရဲ႕ သတင္းပို႔စ္ ျဖဳတ္ခ်ခံရတာနဲ႔ ပတ္သက္လို႔လည္း Facebook ကုမၸဏီကို ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေဝဖန္ခဲ့ပါတယ္။

စစ္ေကာင္စီဟာ အာဏာသိမ္းၿပီးေနာက္ပိုင္း အင္တာနက္နဲ႔ ဖုန္းလိုင္းေတြကို ျဖတ္ေတာက္တာ၊ အခ်ိန္ကန႔္သတ္တာေတြအျပင္ Facebook အပါအဝင္ လူမႈကြန္ရက္မီဒီယာတခ်ိဳ႕ကို ျပည္တြင္းကေန အသုံးမျပဳႏိုင္ေအာင္ ကန႔္သတ္ထားပါတယ္။

အင္တာနက္ အသုံးျပဳတဲ့ေနရာကို ေက်ာ္လႊားႏိုင္တဲ့ VPN (Virtual Private Network) အသုံးျပဳတဲ့သူေတြကိုလည္း ေထာင္သုံးႏွစ္အထိ ခ်မွတ္ႏိုင္တဲ့ ဆိုက္ဘာလုံၿခဳံေရး ဥပေဒမူၾကမ္းကို ျပင္ဆင္ေဆာင္႐ြက္ေနသလို တစ္ဖက္မွာလည္း လက္ကိုင္ စမတ္ဖုန္းေတြမွာ VPN အက္ပလီေကးရွင္း ရွိ၊ မရွိကိုပါ စစ္ေဆးမႈေတြလည္း ဒီႏွစ္ ဇန္နဝါရီလကစၿပီး လုပ္ေဆာင္ခဲ့ပါတယ္။

လက္ရွိမွာေတာ့ Facebook ကို ျမန္မာႏိုင္ငံတစ္ဝန္းက သုံးစြဲသူေပါင္း ၁၉ ဒသမ ၂၅ သန္းက သုံးစြဲေနတယ္လို႔ DataReportal ဝက္ဘ္ဆိုက္ရဲ႕ ေဖေဖာ္ဝါရီ ၁၅ ရက္ေန႔ထုတ္ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။source-RFA

တပ်ကပုံတွေတင်ရင် fb ကဖြုတ်ချနေလို့ ဘာ Standards နဲ့များငြိလို့ ဖြုတ်ချပစ်ရတာလည်းလို့ မေးလိုက်တဲ့ ဇော်မင်းထွန်း

ပြည်တွင်းမှာ လူသုံးအများဆုံး လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် (Facebook) ကို ပိတ်ပြီး လူမှုကွန်ရက်မီဒီယာတစ်ခု အစားထိုး တည်ဆောက်သွားမယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဩဂုတ်လ ၁၇ ရက် ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

Facebook က အမျိုးသားရေးနဲ့ ပတ်သက်တဲ့ အကောင့်တွေ၊ ပို့စ်တွေကို ဖြုတ်ချနေတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုထားပြီး ဒီအတွက် အစားထိုးသုံးနိုင်ဖို့ လူမှုကွန်ရက်မီဒီယာတစ်ခု တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

“နှစ်နည်းနဲ့ လုပ်ဆောင်နေပါတယ်။ နံပါတ်တစ်အနေနဲ့က ကန့်သတ်လိုက်တဲ့အခါမှာ ကျော်လို့ရတဲ့နည်းလမ်းနဲ့ ကျော်နေတာ ရှိပါတယ်။ VPN ခံပြီးကျော်နေတာရှိပါတယ်။ သို့သော်လည်း ဒီဟာကို ဆက်လက်လုပ်ဆောင်နိုင်ခြင်းမရှိဖို့ သက်ဆိုင်ရာဌာနတွေနဲ့ ဆောင်ရွက်နေပါတယ်။ သို့သော် အောင်မြင်မှု အပြည့်အဝ မရသေးပါဘူး။ အဲဒီနေရာကို အစားထိုးနိုင်ဖို့အတွက်လည်း ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုကို စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်”

ဒီလူမှုကွန်ရက်မီဒီယာကို ပညာရှင်တွေ၊ ပြည်တွင်းက ဝန်ကြီးဌာန သုံးခုနဲ့ ပူးပေါင်းပြီး လုပ်ဆောင်မယ်လို့ ပြောထားပါတယ်။စစ်ကောင်စီက လူမှုကွန်ရက်မီဒီယာ လုပ်မယ်ဆိုတာဟာ အဓိပ္ပာယ်မရှိသလို ဒီလိုလုပ်နိုင်ရင်တောင် သုံးကြမှာမဟုတ်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ Content Writer အဖြစ် လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

“အဓိပ္ပာယ်ရှိတယ်လို့ကို မထင်ပါဘူး။ Facebook ကို ပိတ်လိုက်တယ်ပဲ ထားပါဦး တခြား Platform တွေမှ အများကြီး။ သူတို့ကိုယ်ပိုင်ထွင်မယ်ဆိုတဲ့ဟာကြီးကိုတော့ ကျနော်တို့ လုံး၀ သုံးစရာ အကြောင်းလည်းမရှိဘူး။ Facebook က တပ်ထိပ်ပိုင်းခေါင်းဆောင်တချို့ရဲ့ Personal Account တွေ၊ သတင်းမှန်ပြန်ကြားရေး Page တွေ၊ တခြားသောသူတို့ရဲ့ ဝါဒဖြန့်မယ့် မီဒီယာအမည်ခံတွေကို လိုက်ဖျက်ချနေလို့ ခုလိုပြောတာပဲ ထင်ပါတယ်။ သူတို့ အဲဒီလိုမျိုး လုပ်နိုင်တဲ့ အဆင့်ထိလည်း ရောက်သွားမယ် မထင်ပါဘူး”

စစ်ကောင်စီအနေနဲ့ လက်ရှိမှာလည်း Facebook ကို ပိတ်ပင်ထားပေမယ့် မအောင်မြင်သေးဘူးလို့ စစ်ကောင်စီပြောခွင့်ရသူက ဝန်ခံပါတယ်။

ဒါ့အပြင် ရုရှားနိုင်ငံက သေနတ်ပစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ စစ်ကောင်စီတပ်သားတွေရဲ့ သတင်းပို့စ် ဖြုတ်ချခံရတာနဲ့ ပတ်သက်လို့လည်း Facebook ကုမ္ပဏီကို ဗိုလ်ချုပ် ဇော်မင်းထွန်းက ဝေဖန်ခဲ့ပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်ပိုင်း အင်တာနက်နဲ့ ဖုန်းလိုင်းတွေကို ဖြတ်တောက်တာ၊ အချိန်ကန့်သတ်တာတွေအပြင် Facebook အပါအဝင် လူမှုကွန်ရက်မီဒီယာတချို့ကို ပြည်တွင်းကနေ အသုံးမပြုနိုင်အောင် ကန့်သတ်ထားပါတယ်။

အင်တာနက် အသုံးပြုတဲ့နေရာကို ကျော်လွှားနိုင်တဲ့ VPN (Virtual Private Network) အသုံးပြုတဲ့သူတွေကိုလည်း ထောင်သုံးနှစ်အထိ ချမှတ်နိုင်တဲ့ ဆိုက်ဘာလုံခြုံရေး ဥပဒေမူကြမ်းကို ပြင်ဆင်ဆောင်ရွက်နေသလို တစ်ဖက်မှာလည်း လက်ကိုင် စမတ်ဖုန်းတွေမှာ VPN အက်ပလီကေးရှင်း ရှိ၊ မရှိကိုပါ စစ်ဆေးမှုတွေလည်း ဒီနှစ် ဇန်နဝါရီလကစပြီး လုပ်ဆောင်ခဲ့ပါတယ်။

လက်ရှိမှာတော့ Facebook ကို မြန်မာနိုင်ငံတစ်ဝန်းက သုံးစွဲသူပေါင်း ၁၉ ဒသမ ၂၅ သန်းက သုံးစွဲနေတယ်လို့ DataReportal ဝက်ဘ်ဆိုက်ရဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။source-RFA