Local News

“သိမ္းခ်င္ရင္အမႈိက္သိမ္း” ဆိုသည့္ စကားသည္ စစ္တပ္အား အာဏာာသိမ္းေစရန္ဆြေပးခဲ့ဟု ေဇာ္မင္းထြန္း ေျပာ

“သိမ္းခ်င္ရင္အမႈိက္သိမ္း” ဆိုသည့္ စကားသည္ စစ္တပ္အား အာဏာာသိမ္းေစရန္ဆြေပးခဲ့ဟု စစ္ေကာင္စီေျပာခြင့္ရ ေျပာ

ၾသဂုတ္ ၁၇၊ ၂၀၂၂

အာဏာမသိမ္းမီကာလက စစ္တပ္ကိုအာဏာမသိမ္းသိမ္းေအာင္လုပ္ၿပီး ဇာတ္နာေအာင္ဆြေပးခဲ့ဟု စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္‌ေဇာ္မင္းထြန္းက သတင္းစာရွင္းပြဲမွာေျပာပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္NLDပါတီအေနနဲ႔ မဲမသမာမႈကို ဖုံးကြယ္ၿပီး သိကၡာကိုအဖတ္ဆယ္ခ်င္တာေၾကာင့္ အာဏာသိမ္းေအာင္ ဆြၿပီးေျပာဆိုမႈမ်ိဳးလုပ္ခဲ့တာလို႔ ေျပာဆိုလိုက္တာျဖစ္ပါတယ္။

“ေျပာရရင္ေတာ့ အေၾကာင္းအခ်င္းအရာကိုေျပာရရင္ အဲ့ဒီအခ်ိန္မွာေတြ႕ပါလိမ့္မယ္။ တပ္မေတာ္ကို ေျပာ ေနတဲ့စကားေတြ၊ တပ္မေတာ္ကိုအာဏာမသိမ္းသိမ္းေအာင္လုပ္ေနတာ ၊ ဇာတ္နာေအာင္လုပ္တယ္လို႔ပဲ က်ေနာ္တို႔ ယူဆတယ္။

အာဏာမသိမ္းသိမ္းေအာင္ဆြေပးေနတယ္လို႔ ယူဆတယ္။ ဘာလို႔ဆို သိမ္းရဲသိမ္းၾကည့္ပါလား၊ အဲ့စကားေတြခင္ဗ်ားတို႔လည္းၾကားဖူးမွာပါ။ သိမ္းလိုက္ရင္အားလုံးနဲ႔ ေတြ႕သြားမွာေပါ့။ သိမ္းခ်င္ရင္အမႈိက္သိမ္းဆိုတဲ့ စကားေတြဟာ ဆြေပးေနတာျဖစ္မယ္။ ဒါဟာခုနကေျပာတဲ့ မဲလိမ္မဲခိုးဆိုတဲ့ဟာ ျဖစ္သြားၿပီဆိုရင္ ရပ္တည္ခြင့္ေရာ၊

သိကၡာပိုင္းအရေရာ သြားၿပီ။ ဒါေၾကာင့္မို႔သူတို႔အေနနဲ႔ အဖတ္ဆယ္လို႔မ ရႏိုင္တဲ့အေၾကာင္းအရာကို တပ္မေတာ္ဆိုတဲ့ဟင္းခပ္ဇြန္းကို မျဖစ္မေနခပ္မိေအာင္ လုပ္ၿပီးအဖတ္ဆယ္ တယ္လို႔ပဲ က်‌ေနာ္ကျမင္တယ္” လို႔ ဒီေန႔ျပဳလုပ္တဲ့ စစ္ေကာင္စီ သတင္းစာရွင္းပြဲမွာေျပာပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီဟာ မဲလိမ္၊မဲခိုးၿပီး အႏိုင္ရတယ္ဆိုတဲ့စြပ္ စြဲခ်က္ေတြနဲ႔ စစ္တပ္ဟာ မတရားအာဏာသိမ္းယူခဲ့တာျဖစ္ေပမယ့္ အာဏာ သိမ္းတာမဟုတ္ဘဲ တိုင္းျပည္အတြက္အာဏာထိန္းတာလို႔ စစ္ေခါင္းေဆာင္ကဆက္တိုက္ေျပာဆိုထားေပမယ့္ စစ္ေကာင္စီေျပာခြင့္ရကေတာ့ အာဏာသိမ္းတာလို႔ အခုသတင္းစာရွင္းပြဲမွာ ဝန္ခံေျပာဆိုခဲ့ပါတယ္။

“သိမ်းချင်ရင်အမှိုက်သိမ်း” ဆိုသည့် စကားသည် စစ်တပ်အား အာဏာာသိမ်းစေရန်ဆွပေးခဲ့ဟု စစ်ကောင်စီပြောခွင့်ရ ပြော

သြဂုတ် ၁၇၊ ၂၀၂၂

အာဏာမသိမ်းမီကာလက စစ်တပ်ကိုအာဏာမသိမ်းသိမ်းအောင်လုပ်ပြီး ဇာတ်နာအောင်ဆွပေးခဲ့ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်‌ဇော်မင်းထွန်းက သတင်းစာရှင်းပွဲမှာပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDပါတီအနေနဲ့ မဲမသမာမှုကို ဖုံးကွယ်ပြီး သိက္ခာကိုအဖတ်ဆယ်ချင်တာကြောင့် အာဏာသိမ်းအောင် ဆွပြီးပြောဆိုမှုမျိုးလုပ်ခဲ့တာလို့ ပြောဆိုလိုက်တာဖြစ်ပါတယ်။

“ပြောရရင်တော့ အကြောင်းအချင်းအရာကိုပြောရရင် အဲ့ဒီအချိန်မှာတွေ့ပါလိမ့်မယ်။ တပ်မတော်ကို ပြော နေတဲ့စကားတွေ၊ တပ်မတော်ကိုအာဏာမသိမ်းသိမ်းအောင်လုပ်နေတာ ၊ ဇာတ်နာအောင်လုပ်တယ်လို့ပဲ ကျနော်တို့ ယူဆတယ်။

အာဏာမသိမ်းသိမ်းအောင်ဆွပေးနေတယ်လို့ ယူဆတယ်။ ဘာလို့ဆို သိမ်းရဲသိမ်းကြည့်ပါလား၊ အဲ့စကားတွေခင်ဗျားတို့လည်းကြားဖူးမှာပါ။ သိမ်းလိုက်ရင်အားလုံးနဲ့ တွေ့သွားမှာပေါ့။ သိမ်းချင်ရင်အမှိုက်သိမ်းဆိုတဲ့ စကားတွေဟာ ဆွပေးနေတာဖြစ်မယ်။ ဒါဟာခုနကပြောတဲ့ မဲလိမ်မဲခိုးဆိုတဲ့ဟာ ဖြစ်သွားပြီဆိုရင် ရပ်တည်ခွင့်ရော၊

သိက္ခာပိုင်းအရရော သွားပြီ။ ဒါကြောင့်မို့သူတို့အနေနဲ့ အဖတ်ဆယ်လို့မ ရနိုင်တဲ့အကြောင်းအရာကို တပ်မတော်ဆိုတဲ့ဟင်းခပ်ဇွန်းကို မဖြစ်မနေခပ်မိအောင် လုပ်ပြီးအဖတ်ဆယ် တယ်လို့ပဲ ကျ‌နော်ကမြင်တယ်” လို့ ဒီနေ့ပြုလုပ်တဲ့ စစ်ကောင်စီ သတင်းစာရှင်းပွဲမှာပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ မဲလိမ်၊မဲခိုးပြီး အနိုင်ရတယ်ဆိုတဲ့စွပ် စွဲချက်တွေနဲ့ စစ်တပ်ဟာ မတရားအာဏာသိမ်းယူခဲ့တာဖြစ်ပေမယ့် အာဏာ သိမ်းတာမဟုတ်ဘဲ တိုင်းပြည်အတွက်အာဏာထိန်းတာလို့ စစ်ခေါင်းဆောင်ကဆက်တိုက်ပြောဆိုထားပေမယ့် စစ်ကောင်စီပြောခွင့်ရကတော့ အာဏာသိမ်းတာလို့ အခုသတင်းစာရှင်းပွဲမှာ ဝန်ခံပြောဆိုခဲ့ပါတယ်။